စစ်ဘေးရှောင်
-
Apr- 2026 -8 Aprilသတင်း
ဝါရာဇွပ်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ
တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး ကျေးရွာပြန်လည်ထူထောင်ရေးအတွက်ကူညီပေးဖို့ ဒေသခံပြည်သူတွေ တောင်းဆိုနေကြပါတယ်။
Read More » -
Mar- 2026 -25 Marchသတင်း
မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မခေါတီရွာမှာ တွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး စစ်ရှောင်ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့က(မတ်လ၂၃ရက်) နေ့လည် ၁၂နာရီ ဝန်းကျင် မိုင်းနားကျေးရွာအုပ်စု မခေါတီရွာမှာ တွဲကားတစ်စီးနဲ့ စစ်ရှောင်သားအမိ ၂ ဦး စီးလာတဲ့ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်အရှိန်ပြင်းစွာ တိုက်မိခဲ့တဲ့အတွက် ဆိုင်ကယ်မှာပါလာတဲ့ စစ်ရှောင်ကလေးကတော့ ဦးခေါင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “သူ့အမေက ဆိုင်ကယ်မောင်းတာလေ ကလေးက ရှေ့မှာမတ်တပ်ရပ်ပြီး စီးတာ။ မျက်နှာချင်းဆိုင်တိုက်ကြတာဆိုတော့ ကလေးက တွဲကားရဲ့ ဇောင်းခုံနဲ့ ဆောက်လိုက်ပုံရတယ်”လို့ ဆိုပါတယ်။ ကလေးကတော့ ဦးခေါင်းပွင့်ထွက်ပြီး အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပေမယ့်လည်း မိခင်ဖြစ်သူကတော့ ပွန်းပဲ့ရုံကလွဲပြီး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားတော့ မရှိဘူးလို့ ပြောပါတယ်။ သေဆုံးသူကတော့ ဝူယန်ကျေးရွာနေ အသက် ၅နှစ်အရွယ် မလဖိုင်ဆိုင်းဂျာဖြစ်ပြီး လတ်တလောစစ်ရေးအခြေအနေတွေကြောင့် မိသားစုနဲ့အတူ နောင်ချိန်း IDP CAMP မှာ နေထိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ဝိုင်းမော်မြို့မှာ တွဲကားတွေတိုက်မိပြီး သေဆုံးတဲ့ ဖြစ်စဉ်တွေနဲ့ ဆိုင်ကယ်အချင်းချင်းတိုက်မိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ဦးထိရှိခဲ့တာဖြစ်ပြီး မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူ နှစ်ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
Feb- 2026 -25 Februaryသတင်းဆောင်းပါး
ကချင်ဒေသက စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီလိုအပ်နေ
ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၆၈၂၀၀ အထိသိသိသာသာတိုးလာခဲ့တာ ဖြစ်ပါတယ်။
Read More » -
23 Februaryသတင်း
စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန်…
Read More » -
20 Februaryသတင်း
မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်
တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ အိမ်တွင်းပစ္စည်းတွေ သယ်ယူနိုင်ဖို့ စစ်ကောင်စီတပ်ဆီ ခွင့်ပြုပေးဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာထားတဲ့ မရှီကထောင် စစ်ဘေးရှောင်ပြည်သူတွေ စုပေါင်းပြီး ပစ္စည်းတွေသယ်ယူနိုင်ဖို့ ဖားကန့် ဗျူဟာစစ်ကုန်းက G2…
Read More » -
13 Februaryသတင်း
အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တိမ်းရှောင်နေကြတဲ့ အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး အင်းတော်ကြီးဒေသမှာတိုက်ပွဲတွေစတင်လာခဲ့တဲ့အတွက် နန့်မွန်းမြို့ ပြည်သူတွေဟာ ညောင်ပင်ကျေးရွာက ရိုးရာဝန်း (Htunghking…
Read More » -
Jan- 2026 -23 Januaryသတင်း
ရွေးကောက်ပွဲနီးလာတဲ့အတွက် ရွှေကူမြို့ပြည်သူများ ကြိုတင်တိမ်းရှောင်သူတွေများလာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့ထဲမှာ စစ်ကောင်စီတပ်က မကြာခင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတဲ့အတွက် ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ကကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၃)မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်လည်းပါဝင်နေတဲ့အတွက် လတ်တလော စစ်တပ်ဘက်က မြို့တွင်းအဝင်၊အထွက်လုံခြုံရေးတင်းကြပ်ထားသလို မြို့ထဲရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာအထိုင်ချပြီး ကင်းပုန်းဝပ်တာ၊ ကင်းပတ်တာ၊လုံခြုံရေးတိုးမြင့်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆိုပါတယ်။ ဒါကြောင့် မြို့ပေါ်နေ ပြည်သူတွေက ဇန်နဝါရီလဆန်းပိုင်းကနေ ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ရွှေကူမြို့ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မဲထည့်ဖို့ရက်ကကပ်လာတော့ လူတိုင်းခန့်မှန်းနေကြသာပေါ့ ရွှေကူလဲ ကသာလိုဟော့နေပီ။ ကသာ က ဥပမာပေါ့နော် ရွှေကူလည်း မဲ ၂၅ ရက်လို့ကြားထားသာဆိုတော့ အဲ့တာကြောင့်ရှောင်ကြတာဟုတ်တယ်”လို့ ပြောပါတယ်။ လတ်တလော မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့ဟာ ရွှေကူမြို့ရဲ့အနောက်ဘက်မှာရှိပြီး နယ်နမိတ်ချင်းထိစပ်ပြီး စစ်တပ်က ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ KIA နှင့် PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်း၊ ကာကင်းစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ပြည်သူတွေကလည်း ကသာမြို့လိုဖြစ်လာမှာစိုးရိမ်တဲ့အတွက် ရွှေကူမြို့ပေါ်ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုနေရာပြောင်းရွှေ့တာ၊ တစ်ချို့ မိသားစုအလိုက်ကြိုတင်တိမ်းရှောင်နေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “ကလေးငယ်တွေများတဲ့အိမ်တွေနဲ့အသက်ကြီးတဲ့သူရှိတဲ့အိမ်တွေအများပိုင်းရှောင်ကြတယ်။ တစ်ချို့ကတော့ အသင့်အနေထားပေါ့ ကသာလိုအားလုံးနီးပါးရှောင်ကြတာတော့ မဟုတ်ဘူး။ ဒီအပတ်ကတော့ ရှောင်တဲ့သူတွေပိုများလာတယ်”လို့ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ရွှေကူကာကွယ်ရေးတပ်ဘက်က စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူမယ့်အကြောင်း ဒီဇင်ဘာလ (၂) ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်ထဲမှာတော့ စစ်တပ်က ကျင်းပတဲ့ ရွှေးကောက်ပွဲ အပိုင်း (၁)မှာ မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး နဲ့ တနိုင်းမြို့ပေါ်တွေမှာ ကျင်းပခဲ့ကြပြီး၊ အပိုင်း (၂) ဝိုင်းမော်၊ မချမ်းဘော့၊ မိုးကောင်း နဲ့ အပိုင်း (၃)မှာ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် တွေမှာ ကျင်းပဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ ပြည်နယ် ပါတီတွေအနေနဲ့တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ –…
Read More » -
6 Januaryသတင်း
ကသာ စစ်ဘေးရှောင်တွေကို စေတနာထားကူညီကြတဲ့ ဧရာဝတီမြစ်ဘေးက ကျေးရွာများ
ကသာမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာတာနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ် စေတနာထား ကူညီကြတဲ့ ကသာမြို့ပြင် ဧရာဝတီမြစ်ဘေးကကျေးရွာတွေကို ကျေးဇူးတင်ကြောင်း စစ်ဘေးရှောင်တချို့က KNG ကို ပြောကြပါတယ်။ ကသာမြို့တွင်း နေထိုင်ကြတဲ့ မြို့လုံးကျွတ်ဒေသခံတွေဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရပြီး ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့နဲ့…
Read More » -
6 Januaryသတင်း
စစ်ဘေးရှောင်တွေများလာတဲ့တနိုင်းမြို့ပေါ်မှာ အိမ်ငှားခတွေ စျေးမြင့်တက်လာ
ကချင်ပြည်နယ် တနိုင်းမြို့ပေါ်မှာ မှော်ဒေသက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေများလာတာကြောင့် အိမ်ငှားခနဲ့အခန်းခတွေ စျေးအဆမတန်မြင့်တက်လာတယ်လို့ သိရပါတယ်။ တနိုင်းမြို့ပေါ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းအထိ လုံးချင်းအိမ်တစ်လုံးကို တစ်လ ကျပ်နှစ်သိန်း၊ အိမ်ခန်းသီးသန့်တစ်ခန်း နှစ်သောင်း ရှိရာကနေ ဒီဇင်ဘာလဆန်းပိုင်းမှာတော့…
Read More » -
Dec- 2025 -30 Decemberသတင်း
ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး…
Read More »









