အင်အားရာချီပါဝင်သော စစ်ကောင်စီ ရိက္ခာယာဉ်တန် ဆွမ်ပရာဘွမ်မြို့သို့ ရောက်ရှိလာ

မြစ်ကြီးနား မှ ပူတာအိုဘက်သို့ တက်လာသော စစ်ကောင်စီတပ် စစ်ရိက္ခာတင်ယာဉ်တန်းအဖွဲ့သည် လက်ရှိ ဆွမ်ပရာဘွမ့်မြို့တွင် ရောက်ရှိနေပြီး လမ်းခရီးအတွင် ၃ နေရာခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။ စစ်အင်အား ၃၀၀ ဝန်းကျင် နှင့် စစ်ရိက္ခာသယ် စစ်ကား ၈၀ စီးခန့်ပါဝင်သော စစ်ကောင်စီ ယာဉ်တန်းသည် မေလ ၁၁ ရက်နေ့ မြစ်ကြီးနားမှ ထွက်လာခဲ့ရာ ဆွမ်ပရာဘွမ့်မြို့သို့ မေလ ၁၈