စစ်ရှောင်

  • Jan- 2026 -
    14 January
    သတင်း

    ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် ကသာမြို့ကနေ မန္တလေးမြို့ကို ပထမဆုံးရောက်တဲ့နေ့ ၃၈/၅၈–၅၉…

    Read More »
  • Jul- 2025 -
    29 July
    သတင်း

    ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့  မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ”လို့ ပြောပါတယ်။ လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေ ပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ၅ ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။ မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ဒါပေမယ့် သူတို့တတ်နိုင်သလောက်လေး ဆီဖို့း၊ခေါက်ဆွဲဖိုးလောက်ပဲယူတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့နောင်းချိန်းဘက်ကို သွားရောက်ခိုလှုံနေေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)  ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက်အထိမှာတော့ တစ်သိန်း ကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈သောင်း ၄ ထောင်၄ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။ By – CJ

    Read More »
  • May- 2025 -
    24 May
    သတင်း

    ဖားကန့်လမ်းပိုင်းက စစ်ရှောင်တစ်ချို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကြောင့် တောတွင်းတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တစ်ချို့ ရွာထဲစားနပ်ရိက္ခာပြန်ဝင်ယူချိန် စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကားမိုင်း– ဖားကန့်လမ်းပေါ်က နန့်ယား၊ ဆိုင်းဖရာ၊ ခွမ်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံနဲ့…

    Read More »
  • 15 May
    သတင်း

    စန်းကား စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ဖောက်ထွင်းဖျက်ဆီးခံရ

    ဝိုင်းမော်မြို့ စန်းကားစစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်အများအပြား ဖောက်ထွင်းခံ ခိုးယူခံနေရတယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က နောင်းချိန်း စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ စန်းကားဒေသခံတွေဟာ ကိုယ့်အိမ်အခြေအနေတွေကို သိလိုတဲ့အတွက် ခေတ္တပြန်လာကြည့်ချိန် နေအိမ်တွေ ဖောက်ထွင်းခံထားရပြီး ပစ္စည်းတွေလည်း အခိုးခံရတာ တွေ့ရတယ်လို့ စန်းခါးဒေသခံအမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။ “ရွာစောင့်ကြတဲ့သူတွေက သူတို့ကို အဲလိုမခိုးကြနဲ့လို့ပြောရင်လည်း…

    Read More »
  • Dec- 2024 -
    18 December
    သတင်း

    ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက်အစားသောက်ကူညီမှုတွေမရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေ ပြောပါတယ်။ “စစ်ရှောင်တဲ့သူတွေတော်တော်များများ…

    Read More »
  • Aug- 2024 -
    15 August
    သတင်း

    ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်

    ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက်   မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖားကန့်မြို့ လမောင်ဗျူဟာကုန်းစခန်းနဲ့ တောမှော်စခန်းကို KIA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲကြောင့် လမောင်၊မှော်မောင်း၊တောမှော် ရွာပေါင်း ၃ ရွာက ပြည်သူတွေ ဖားကန့်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “စစ်ရှောင်က ဗုဒ္ဓဘာသာက ဘုန်းကြီးကျောင်း ခရစ်ယာန်က ဘုရားကျောင်းရွှေ့နေကြတယ် မနေ့မနက်ကတည်းက ထွက်ပြေးလာကြတာ။ ပျှမ်းမျှက ခန့်မှန်း ငါးရာလောက်ရှိမယ်၊ အမျိုးသမီးနဲ့ကလေးတွေပဲ အမျိုးသားတွေက အိမ်စောင့်ကျန်ခဲ့တယ်”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ လက်ရှိ ဖားကန့်မြို့ လုံးခင်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနဲ့ ဖားကန့်မြို့ပေါ်ဘုရားကျောင်းအပြင်၊ ဖားကန့် မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း၊ မြို့ဦးစေတီရယ်၊ မှော်စီစာ တောင်ပေါ်ကျောင်းတွေမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေ အများဆုံး လာရောက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ လမောင်၊တောမှော်ရွာအပါအဝင် မှော်မောင်းကျေးရွာနေပြည်သူတွေဟာ တော၊တောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဖားကန့်မြို့ပေါ်ထွက်ပြေးလာသူတွေလည်းရှိတာဖြစ်ပြီး အထက်ဖော်ပြပါ စစ်ရှောင်လူဦးရေဟာ မြို့ပေါ်ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။ “ခုကလေကြောင်းနဲ့လာနေတုန်းဆိုတော့ မပြန်ကြသေးဘူး ပြီးတော့ တောမှော်မှာလည်း ချနေတုန်းလို့ပြောတယ်။ အဲကြောင့်တစ်ချို့ဆို တောဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ ကြားရတယ်။ တောဘက်ကတော့ လူဦးရေဘယ်လောက်ရှိလောက်ရှိလဲ ကျနော်တို့မသိရဘူးဗျ”လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဒီမနက် ၉နာရီဝန်းကျင်မှာ လမောင်ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်ရရှိပြီဖြစ်ပေမယ့် နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့အတွက် နေရပ်ပြန်လို့မရသေးဘူးလို့လည်း သိရပါတယ်။ ဖားကန့်မှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေ KIA၊KPDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်မအတွင်း နန့်တိန်း၊ဝှေခါ၊ဆယ်ဇင်း၊တာမခန်၊ကသိုဏ်းတောင်တို့ကိုသိမ်းပိုက်ရရှိထားပြီး ဧပြီလ ၂၇ ရက်နေ့ မြစ်ကြီးနား–ဖားကန့်လမ်းမပေါ်က နန့်ယားကို နောက်ဆုံးသိမ်းပိုက်လိုက်ပြီးနောက် ၄ လ ဝန်းကျင်စစ်ရေးငြိမ်သက်နေရာကနေ ဩဂုတ်လ ၁၄ ရက်မှာ တစ်ကျော့ပြန်ထိုးစစ်ဆင်လာတာဘဲဖြစ်ပါတယ်။ By – Zami

    Read More »
  • Jul- 2024 -
    22 July
    စစ်ပြေးဒုက္ခသည်များ

    ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့အထဲကနေ  မသန်စွမ်း ၁၅ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မသန်စွမ်းထဲမှာ ကိုယ်လက်အင်္ဂါ ၊ အမြင်အာရုံ နဲ့အကြားအာရုံချို့တဲ့သူတွေအပြင်  မွေးရာပါ ပိုလီယိုရောဂါဖြစ်သူတွေလည်း ပါဝင်တယ်လို့ သိရပြီး သာမန်လူတွေလို အလုပ်လုပ်ကိုင်နိုင်ဖို့ ခက်ခဲနေတာကြောင့် အစားသောက်ပြတ်လပ် အာဟာရချိုု့တဲ့သူတွေများလာနေတယ်လို့ သိရပါတယ်။   ဒါကြောင့် မသန်စွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးနဲ့အာဟာရပြည့်ဝတဲ့ အစားအစာကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီမှာတော့ ထမင်းတောင်မနည်း စားနေရတဲ့အတွက်  တခါတလေ ဆန်ပြုတ်တောင်ပြုတ်သောက်ရတဲ့အထိဆိုတော့ အဓိကတော့ သူတို့အတွက် အာဟာပြည့်ဝတဲ့အစားအသောက်အကူအညီတွေလိုအပ်နေတာပေါ့ လမ်းခရီးလည်း ခက်ခဲတော့”လို့ဆိုပါတယ်။ ဝူယန်စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ အများစုဟာ ဝူယန်ကျေးရွာကဖြစ်ပြီး လမြန်၊ခကွမ်ကျေးရွာဒေသခံတွေလည်း အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။  ဝူယန်ပြည်သူတစ်ချို့ထွက်ပြေးခိုလှုံနေတဲ့ ဒိန်ဂျာကျေးရွာဟာ ဝါးရှောင်ရွာကနေ ဆိုင်ကယ်နဲ့ ၁ နာရီကျော်သွားရတဲ့နေရာမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်တဲ့အပြင် ဝိုင်းမော်ကနေ– ဝါးရှောင်အထိ စစ်ရေးအခြေနေအရ သွားလာဖို့လည်းခက်ခဲတာကြောင့် ကူညီထောက်ပံ့မှုရဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ရှောင်စခန်းက ပြည်သူတွေ စစ်ဘေးစရှောင်ချိန်သယ်ယူလာတဲ့ စားနပ်ရိက္ခာတွေလည်း ပြတ်လတ်လာပြီလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဖြစ်နိုင်ရင်တော့ ငွေကြေးထောက်ပံမှု အကူအညီရချင်တာပေါ့။ ဘာလို့ဆိုတော့ တစ်ချို့က ဆန်ဝယ်စားဖို့မရှိ တစ်ချို့ကတော့ ဆေးဝယ်သောက်ဖို့မရှိ တချို့ကြပြန်တော့လည်း ဆန်နဲ့ငွေကြေးတို့ချေးဌားပြီး အရင်ဖြေရှင်းထားတဲ့သူတွေရှိတော့”လို့ဆိုပါတယ်။ ကချင်ပြည်နယ်နေရာအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ရေဘေးသင့်ပြီး ကျောင်းဆောင်တွေများစွာထိခိုက်ပျက်စီးသွားတာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေလည်းများစွာရှိပြီး အဲဒီထဲမှာ ဒိန်ဂျာယန်ကျေးရွာက စာသင်ကျောင်းလည်းပါဝင်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ လက်ရှိ ဒိန်ဂျန်ယန်ရွာမှာ ကျောင်းပိတ်ထားတာကြောင့် စစ်ရှောင်တွေဟာ ကလေးသူငယ်တွေရဲ့ပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက်ကို ထပ်ပြီးပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းတိုင်းလိုလိုမှာ မသန်စွမ်းတွေရှိနေတာဖြစ်ပြီး လဘန်ကျေးရွာက အောင်မြေ ၂ စစ်ရှောင်စခန်းမှာ ၂၄ ဦး၊ လဘန်ကျေးရွာ ခကွမ်စစ်ရှောင်စခန်းမှာ ၇ ဦးနဲ့  မုတ်ကျိတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ၁၀ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်ကြပြီး  မေလ ၂၁ ရက်နေ့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ Myanmar Peace…

    Read More »
  • 22 July
    သတင်း

    အောင်မြေ ၂ စစ်ရှောင်များ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင်ပျက်စီးသွားလို့ အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ကျောင်းဆောင်ပျက်စီးသွားတဲ့အတွက် အကူညီလိုအပ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေ ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ဆောင် ၄ ဆောင်ထဲက စာသင်ဆောင် ၂ ဆောင်ပျက်စီးသွားခဲ့တယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ “ကျောင်းသုံးပစ္စည်းတွေအကုန်ပျက်စီးသွားတယ် သုံးလို့မရတော့ဘူးပေါ့ အရင်ကတည်းကနေခက်ခဲနေတဲ့ကြားက မိဘပြည်သူတွေစုပေါင်းလုပ်ထားတဲ့အဆောင်တွေ ပျက်စီးသွားတော့ နောက်တစ်ခေါက်ပြန်ဆောက်ဖို့ခက်ခဲနေတာပေါ့”လို့ သူမကပြောပါတယ်။ ရေဘေးကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်ပြန်ပြီးတည်ဆောက်နိုင်ဖို့ ငွေကြေးအကူအညီလိုအပ်နေသလို တစ်ဖက်မှာလည်း ကလေးသူငယ်တွေရဲ့ ဖတ်စာအုပ်၊ရေးစာအုပ်၊လွယ်အိတ် အများအပြားပျက်စီးသွားတဲ့အတွက် ကျောင်းသုံးကိရိယာအမျိုးမျိုးကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။ အောင်မြင် ၂ စစ်ရှောင်စခန်းက ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်မှာတက်ရောက်နေကြတဲ့ ကျောင်းသား၊သူ စုစုပေါင်း ၆၀ ကျော်ရှိတယ်လို့ သိရပြီး  ဒုတိယတန်းအထက် ကလေးသူငယ်တွေဟာ လဘန်ကျေးရွာမှာဖွင့်ထားတဲ့ နီးစပ်ရာစာသင်ကျောင်းတွေမှာတက်ရောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်  ဝူယန်ရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းမှာလည်း ကျောင်းနေမယ့်အရွယ် ကလေးသူငယ် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီကလေးသူငယ်တွေဟာ ဒိန်ဂျာယန်ကျေးရွာ အလယ်တန်းကျောင်းမှာတက်နေကြတာဖြစ်ပေမယ့် ဇွန်လကနေ ကျောင်းပိတ်လိုက်တဲ့အတွက် မိဘတွေအနေနဲ့ သားသမီးပညာရေးအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့စစ်ရှောင်က ကလေးတွေကလည်းကျောင်းတက်ချင်တဲ့အတွက် မိဘတွေအားလုံးကလည်း လိုအပ်တာတွေဝယ်ဖို့ကို လုပ်ဖို့ ပိုက်ဆံတွေလည်း ဝိုင်းထည့်ကြတာပေါ့ အဲဒီနေ့ပြီးတာနဲ့ နောက်တစ်နေ့ဆိုကျောင်းကပြန်ပိတ်သွားတာပေါ့”လို့  ဝူယန်စစ်ရှောင်စခန်းက တာဝန်ခံတစ်ဦးကပြောပါတယ်။ လက်ရှိအချိန်ထိလည်း စာသင်ကျောင်းကိုပိတ်ထားပြီး ပြန်ဖွင့်မယ့်အချိန်တိတိကျကျ မသိတဲ့အတွက် ဝူယန်စစ်ရှောင်များ ကလေးပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက် တစ်ဖန်ပြောင်းရွေ့ဖို့ပြင်ဆင်နေကြပြီဖြစ်တယ် ဝူယန်စစ်ရှောင်တာဝန်ခံဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ KIA စစ်ဆင်ရေးစတင်လာတဲ့နောက်ပိုင်း ဝိုင်းမော်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကျေးရွာ ၂၀ ရွာ ထက်မနည်းထွက်ပြေးတိမ်းရှောင်စစ်ဘေးရှောင်တွေဟာ နေရာဒေသအသီးသီးမှာ စစ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေ ကျေးရွာတွေကို စွန်ခွာပြီးထွက်ပြေးတိမ်းရှောင်လာတာဟာ  ၅လဝန်းကျင်ထိကြာမြင့်လာပြီဖြစ်ပြီး တစ်ဖက်မှာလည်း စစ်ဘေးကနေ ရေဘေးသင့်ဘဝကြုံတွေ့ခဲဲ့ကြလို့ အဖက်ဖက်ကနေ ခက်ခဲနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်းမော်မြို့နယ်မှာ KIA /KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တို့အကြား စစ်ရေးတင်းမာနေတာဆဲဖြစ်တာကြောင့် ဒေသခံတွေ နေရပ်ပြန်လို့မရသေးတဲ့အခြေနေမှာရှိနေတာလည်း ဖြစ် ပါတယ်။ By – Hope

    Read More »
  • Jun- 2024 -
    28 June
    သတင်း

    စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ချို့မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေ အကူညီလိုအပ်နေတယ်လို့  စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးထိုးရမှာဖြစ်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် ကာကွယ်ဆေးမထိုးနိုင်အပြင် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေအကန့်အသတ်နဲ့သာရရှိနေတာကြောင့် ဆေးဝါးနဲ့အာဟာရရှိတဲ့အစားသောက်တွေလိုအပ်နေတယ်လို့  စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။ “သူတို့အတွက် ဆေးခန်းတွေပြလို့ရအောင် စီစဉ်ပေးစေချင်တယ် ဗိုက်ထဲက ကလေးက နေကောင်းလား မကောင်းဆိုတာ သိအောင်ပေါ့ ပြီးတော့ အာဟာရပြည့်အောင် နွားနို့လိုဟာမျိုးတွေနဲ့ အားဆေးတွေ သောက်ရမှာဖြစ်ပေမယ့်လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ လက်ရှိ  လဘန်(Laban)ကျေးရွာမှာရှိတဲ့ အောင်မြေ(၂)စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး နဲ့ နို့တိုက်မိခင် ၃ဦး၊ ခကွမ်ကျေးရွာစစ်ရှောင်စခန်း ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦး ဝန်းကျင်ရှိတယ်လို့ သိရပြီး အလားတူ အင်ဂန်းကျေးရွာမှာရှိတဲ့ နောင်ဟီးကျေးရွာစစစ်ရှောင်စခန်း  ကိုယ်ဝန်ဆောင်မိခင် ၇ ဦးနဲ့ မုတ်ကျတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင် မိခင် ၂၅ ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေဟာ မိုးကာနဲ့ယာယီတဲဆောက်လုပ်ထားတာကြောင့် မိုးရွာတိုင်း မိုးယိုတာတွေရှိနေပြီး စစ်ရှောင်စခန်းရေဝင်ရောက်ပြီး နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဖျားနာတာတွေလည်း ရှိနေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပြပါတယ်။ “မြေကြီးက စိုဆွတ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေချော်လှဲတာမျိုး၊ဖျားတာတွေရှိတယ် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တာပေါ့ ပြီးတော့ မိုးစိုတော့ ကလေးအနှီးတွေမြန်မြန်မချောက်တာမျိုးတွေ ကျန်းမာရေးမကောင်းတာတွေဖြစ်တာပေါ့”လို့ ဆိုပါတယ်။ လက်ရှိ စစ်ရှောင် စခန်းတွေမှာ ဆေးပေးခန်းတွေရှိပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်တွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ ရရှိဖို့ ခက်ခဲနေတာဘဲ ဖြစ်ပါတယ်။ အလားတူ တစ်ဖက်မှာလည်း မိုးရာသီရောက်လာတာနဲ့ တစ်ပြိုင်နက် စစ်ရှောင်စခန်းတွေမှာ  သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းမှုတွေသုံးနေရတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဖြစ်နေတဲ့အပြင် ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေပါ ဖြစ်နေတယ်လို့ စစ်ရှာင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ လက်ရှိ စစ်ရှောင်နေတဲ့ ပြည်သူတွေထဲက အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေဟာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး  မေလ ၂၁ ရက်နေ့မှာတော့  ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By –…

    Read More »
  • 18 June
    သတင်း

    ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး

    KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက်  ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာ မြေကမ်းပါးပြိုကျခဲ့တာကြောင့် ဦးရှန်တိန့်လ( Shangting La) အိမ်နဲ့ ဦးမုတ်ရေခေါင်ဒေါင်(Mukyin Hkawng Dau) တို့ အိမ်နှစ်အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်တွေထိခိုက် ပျက်စီးတာတွေဖြစ်သွားပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့ မရှိခဲ့ဘူးလို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “လူကတော့ ထိခိုက်ဖို့နည်းနည်းဘဲလိုတယ် ဦး ရှန်တိန့်လ( Shangting La)  လဲနေတဲ့ ခုတင်ဘေးနားက နံရံမှာလာထိ ခုတင်တောင် ရွေ့သွားတယ်”လို့ ဆိုပါတယ်။  မြေကြီးပြိုကျလာတဲ့အချိန် ဦးရှိန်းတိန့်လ (Shingting La)  နေအိမ်မှာရှိနေတာဖြစ်ပြီး အိမ်ထရံဘဲ ပျက်စီးသွားတဲ့အတွက် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ သို့သော် ဦးမုတ်ရေခေါင်ဒေါင်(Mawye Hkawng Dau) ရဲ့ နေအိမ်နဲ့ မီးဖိုချောင်အကုန်လုံး ပျက်စီးသွားပြီး လူမရှိတဲ့ချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။…

    Read More »
Back to top button