ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မည့်အစီစဉ် နောက်ဆုတ်ခဲ့ရ

၂၀၂၀ နွေရာသီမှာ ပထမအကြိမ်အဖြစ် ကချင်စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ပြောဆိုခဲ့ပေမယ့် အခုမိုးတွင်းဝင်တဲ့အချိန်ထိ နေရပ်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့် အခုလိုအခြေအနေဖြစ်သွားရလဲဆိုတာပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဖွံ့ဖြိုးရေးတာဝန်ခံ ဆရာခါးလီကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။ မေး။ ။ Covid-19 ကာလမှာ KHCC က အဓိက ဘာတွေလုပ်ဆောင်ခဲ့သလဲ။ ဖြေ။ ။ ကျွန်တော်တို့…