စစ်ရှောင်ပြည်သူ
-
သတင်း
စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ
မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ယနေ့ ပြန်လည်လွှတ်မြောက်လာပြီလို့ ဂျာပူရွာဒေသခံတွေကနေ သိရပါတယ်။ အဲဒီဂျာပူရွာဒေသခံ ၃ဦးကို စစ်ကောင်စီတပ် မနေ့ကဖမ်းဆီးခံသွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ သက်ဆိုင်ရာစစ်ရှောင်တာဝန်ခံတွေအပါအဝင်ဘာသာရေး အဖွဲ့အစည်းတွေကနေ ဖမ်းဆီးခံသွားရသူ ၃ ဦးဟာ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဂျာပူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “စစ်ရှောင်တာဝန်ခံနဲ့လူကြီးတွေက သွားပြောတာ စစ်ရှောင်တွေဖြစ်တယ် ပြန်လွှတ်ပေးဖို့ ပြောလို့ ဒီနေ့ပြန်လွှတ်ပေးလာပြီ” လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေက ဝိုင်းမော် မိုင်းနား KBC စစ်ရှောင်စခန်းနဲ့ RC စစ်ရှောင်စခန်းက ဦးမရူလှဒွဲနဲ့ အမည်မသိ နောက်ထပ်စစ်ရှောင် ၂ ဦးဖြစ်ပြီး ဇူလိုင်လ လဆန်းပိုင်းမှာ စစ်တပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာလာတဲ့အတွက် ဂျာပူရွာကနေ ဝိုင်းမော်မြို့နယ် ၊ မိုင်းနားစစ်ရှောင်သွားသူတွေဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်နေရာကနေ ဇူလိုင်လ ၁၉ ရက်နေ့ ရွာကို ခေတ္တခနပြန်လာချိန် စစ်တပ်က ဖမ်းဆီးသွားတာပါဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၈နေ့မှာလည်း ဒဘတ်ကျေးရွာက အရပ်သားပြည်သူ ၅ ဦးကိုဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ နမ်ဆန်ယာန်အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဒီည ၇ နာရီဝန်းကျင်မှာလည်း လိုင်ဇာဘက်ကို လက်နက်ကြီး ၂ကြိမ်ထက်မနည်း ပစ်ခတ်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ နမ်ဆန်ယာန်မှာ စစ်တပ်ကခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေပြီး ဒီကနေ့ညမှာလည်း အလော့ဘွမ်ဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ နမ်ဆန်ယာန်မှာ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာရာကနေ လက်ရှိထိ နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။
Read More » -
သတင်း
ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ
ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။ အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ဌက်တံတားရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးသူများပြီး အထိနာသွားခဲ့တဲ့နောက်ပိုင်း…
Read More » -
စစ်ပြေးဒုက္ခသည်များ
ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာဘက်တွင် စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၅ ခုမှ ဒေသခံပြည်သူများ ၅၀၀ ဝန်းကျင်းထွက်ပြေးတိမ်းရှောင်းလာသောကြောင့် စစ်ရှောင်အကူအညီများလိုအပ်နေကြောင်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မှစတင်ကာ ဆိပ်မူကျေးရွာအုပ်စုတွင်ရှိသည့် ကောင်စံ၊ အောင်စုကျော်၊ သောင်းကော့၊…
Read More »