ဂျော်မဆတ် စစ်ရှောင်စခန်းမှာ စာအုပ် ဖြည့်စွက်ရန် ကူညီထောက်ပံ့မှု လိုအပ်နေ

မြစ်ကြီးနား ဂျော်မဆတ် မော်တောင်းစစ်ရှောင်စခန်းမှာ စာကြည့်တိုက် ဖွင့်လှစ်ထားပေမဲ့ စာအုပ်မစုံလင်မှုနှင့် အသုံးအဆောင်ပစ္စည်းများဖြည့်စွက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေတယ်လို့ သိရပါတယ်။ “ဒီစာကြည့်တိုက် ပိုပြီးတိုးတက်လာနိုင်ဖို့ အားလုံးပဲ ကိုယ်တတ်နိုင်တဲ့ဘက်က ငွေကြေးဖြစ်ဖြစ်၊ စာအုပ်တွေဝယ်ပြီးပဲ ဖြစ်ဖြစ် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်။” ဟု စာကြည့်တိုက် တာဝန်ခံ Gadu Brang Nan ပြောသည်။ မြန်မာပြည်အတွင်း ကိုဗစ်-၁၉ ကြောင့်တစ်နှစ်၊ စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နှစ် စသဖြင့် လူငယ်များသည် ၂ နှစ်ခန့် အတန်းပညာရေးပြတ်တောက်သွားသဖြင့်