စစ်ပြေးဒုက္ခသည်များသတင်း

ဂျော်မဆတ် စစ်ရှောင်စခန်းမှာ စာအုပ် ဖြည့်စွက်ရန် ကူညီထောက်ပံ့မှု လိုအပ်နေ

မြစ်ကြီးနား ဂျော်မဆတ် မော်တောင်းစစ်ရှောင်စခန်းမှာ စာကြည့်တိုက် ဖွင့်လှစ်ထားပေမဲ့ စာအုပ်မစုံလင်မှုနှင့် အသုံးအဆောင်ပစ္စည်းများဖြည့်စွက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေတယ်လို့ သိရပါတယ်။

“ဒီစာကြည့်တိုက် ပိုပြီးတိုးတက်လာနိုင်ဖို့ အားလုံးပဲ ကိုယ်တတ်နိုင်တဲ့ဘက်က ငွေကြေးဖြစ်ဖြစ်၊ စာအုပ်တွေဝယ်ပြီးပဲ ဖြစ်ဖြစ် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်။” ဟု စာကြည့်တိုက် တာဝန်ခံ Gadu Brang Nan ပြောသည်။

မြန်မာပြည်အတွင်း ကိုဗစ်-၁၉ ကြောင့်တစ်နှစ်၊ စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နှစ် စသဖြင့် လူငယ်များသည် ၂ နှစ်ခန့် အတန်းပညာရေးပြတ်တောက်သွားသဖြင့် ဖုန်းနဲ့ အွန်လိုင်း ၊ ဂိမ်းတွေစတဲ့ကဏ္ဍမှာပင် အချိန်ကုန်ဆုံးနေကြတာကြောင့် စစ်ရှောင်စခန်းက စာကြည့်တိုက်မှာ ပိုမို အားဖြည့်ချင်တယ်လို့လည်း ပြောပါတယ်။

အခုချိန် ဂျော်မဆတ် မော်တောင်း စစ်ရှောင်စခန်းအတွင်း စာအုပ်စာပေ အလွန်နည်းပါးနေသေးတဲ့အပြင် စာပေဖတ်ဖို့ နေရာနဲ့ စာကြည့်တိုက်အသုံးအဆောင်ပစ္စည်းနများလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“တချို့ စာမဖတ်ချင်တဲ့ လူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်လာအောင် ဖိတ်ခေါ်နိုင်ဖို့က စိန်ခေါ်မှုကြီး တစ်ခုဖြစ်တယ်။ ဒါပေမဲ့ စာဖတ်တဲ့ လူငယ်တစ်ဦးရဲ့ နောင်တိုးတက်ကြီးထွားမှုတွေကို များများပြောပြပေးရင်တော့ လိုက်နာလုပ်ဆောင်လာလိမ့်မယ်လို့ ယုံကြည်တယ်။ နောက်ပြီး ဒီနေ့ခေါင်းဆောင်တွေအားလုံးက စာဖတ်ပြီးပဲ နိုင်ငံကို ဦးဆောင်နေတဲ့ သူတွေဖြစ်တယ်။ စာမဖတ်ဘူးဆိုရင် လူအများရှေ့ စကားပြောဖို့တောင် ဝန်လေးလာမဲ့သူတွေဖြစ်လာမယ်။ ကိုယ့်ဆီမှာ ဖတ်ရှု့လေ့လာထားမှု မရှိဘူးဆို၊ ပြောပြဖို့လည်း ရှိမှာမဟုတ်ဘူး။ စကားလုံးလည်းရှိမှာမဟုတ်ဘူး။ ဒီလိုအရာတွေကို မဖြစ်အောင် ကျနော်တို့ စာကြည့်ခန်း စာကြည့်တိုက်ရှိရတယ်။ ဒီရည်ရွယ်ချက်ကြောင့် လုပ်ဆောင်တာဖြစ်လို့ ဒီနေရာမှာလည်း စာအုပ်တွေ အများကြီးလိုအပ်နေသေးတာဖြစ်ပါတယ်။”

ဂျော်မဆတ် စစ်ရှောင်စခန်းထဲမှာ ကလေး လူငယ် အားလုံး ၃၀၀ ကျော်ရှိပြီး အိမ်ထောင်စုကတော့ ၂၀၀ ဝန်းကျင်နဲ့ လူဦးရေ အားလုံး ၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲကြောင့် တနိုင်း ၊ အောင်လောဒ် ဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

အခု အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ စစ်ရှောင်စခန်း စာကြည့်တိုက်ဟာ စစ်ရှောင်တစ်ခုထဲအတွက်မဟုတ်ပဲ စခန်းပြင်ပ လူငယ်များလည်းလာရောက် လေ့လာဖတ်ရှုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Show More

Related Articles

Back to top button