မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းအများစုတွင် စားနပ်ရိက္ခာပိုမိုခက်ခဲလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပုံမှန်ထောက်ပံ့မှု ရရှိနေ‌သော်လည်း ရိက္ခာအခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းများထံမှ သိရသည်။ စစ်ရှောင်တစ်ဦးလျှင် တစ်လ ၁၂၀၀၀ ပုံမှန်ရရှိနေသော်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း ကုန်ဈေးနူန်း မြင့်တက်လာသည့်အပြင် ယခင်ကဲ့သို့ အခြားအလှူရှင်များ၊ NGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရတော့သည့်အတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာကြောင်း သိရသည်။ "ကျမတို့ စစ်ရှောင်တိုင်းမှာ အခုက နိုင်ငံရေးက ပိုပြီးမတည်မငြိမ်ဖြစ်လာလို့ အပြင်ထွက်ရှာမယ်ဆိုရင်လည်း အလုပ်အကိုင်