အစာစနစ်ပျက်စီးမှုနှင့်ရင်ဆိုင်ရတော့မည့် ဆင်တွေရဲ့ဘဝ

"ကျနော်တို့ တနိုင်းမှာ ဆိုရင်ဆင်တွေအတွက် အစာရဖို့ကခက်လာပြီ နောက်သုံးလေးနှစ်ဆို ပိုဆိုးလာပြီး စားစရာတောင်ကျန်မှာမဟုတ်တော့ဘူး" ဟု ဆင်ဖြင့်အသက်မွေးဝမ်းကြောင်းနေသူ ဦး Tawng La က ပြောပါတယ်။ ရွှေတူးဖော်မှု၊ သစ်ထုတ်လုပ်မှု နဲ့ မီးသွေးထုတ်လုပ်မှုတို့ကြောင့် သဘာဝပြုန်းတီးပြီး လူသားတွေသာမက တရိစ္ဆာန်တွေအတွက်ပါ နေထိုင်ရှင်သန်ဖို့ ခက်ခဲလာရပါတယ်။ ကချင်ပြည်နယ် ကာမိုင်းမြို့ နဲ့ တနိုင်းမြို့ က ဆင်တွေဟာ ဒီအန္တရာယ်ကို ကြုံတွေ့ ခံစားနေရပါတယ်။ ဒီဒေသတွေမှာ သစ်တော ပျက်စီးလာတဲ့အတွက်ကြောင့်