ဆယ်ဇင်းဘက်သို့ စစ်ကူအဖြစ် ရှမ်းနီ SNA တပ်သားများအပါ စစ်အင်အား ၂၀၀ ခန့်ချီတက်လာဟုဆို

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူအဖြစ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဘက်မှ ရှမ်းနီ SNA တပ်သားများအပါအဝင် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ယနေ့ မွန်းလွှဲ ၄နာရီဝန်းကျင်ခန့်တွင် ချီတက်လာသည်ဟု သတင်းရရှိကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၂၆ ဘက်သို့ တိုက်ခိုက်ရန် စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီတပ်သည် လက်ရှိတွင် ဟုမ္မလင်းဒေသ တောင်ဦးကျေးရွာတွင် ရောက်ရှိနေပြီဖြစ်သည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု