ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံရွာကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၃ရက် ယမန်နေ့ ဆားလင်းကြီး Salingyi GZ Local PDF မှ ရဲဘော်နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ဆားလင်းကြီး PDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နေ့လည် ၁၂နာရီဝန်းကျင်တွင် မုံရွာအနောက်ဖက်ကမ်းမှ တုံရွာဘက်သို့ ဝင်ရောက်လာချိန် ရွာသားများနှင့် ဆားလင်းကြီး PDF အဖွဲ့ဝင်တစ်ချို့တို့ ထွက်ပြေးခဲ့ရာတွင် ဆိုင်ကယ်တစ်စီးတွင် ဓာတ်ဆီပြတ်လပ်သွားသည့်အတွက် ရွာဘက်သို့ ဓါတ်ဆီပြန်လာယူချိန်တွင်