ဆေးကုသမှု

  • Nov- 2025 -
    20 November
    သတင်း

    နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ

    ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နယ်ထဲက ပြည်သူတွေ ဆေးကုသဖို့ ပိုမိုခက်ခဲကြပ်သည်းလာတယ်လို့သိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ဆေးဝါးတွေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာ၊ အစိုးရပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အပြင် ဆေးကုစရိတ်အဆမတန်များတာကြောင့် ပြည်သူတွေဆေးဝါးကုသဖို့အတွက် တစ်နေ့တခြားပိုခက်ခဲလာတယ်လို့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “လက်ထဲမှာပိုက်ဆံအနည်းဆုံးငါးသောင်းမှမရှိရင် ဆေးရုံသွားလို့မရဘူး အကြောဆေးလေးတစ်လုံးထိုးရင် ၁၈၀၀၀ ပေးရတယ်။ ဆေးရုံတစ်ညအိပ်ရင်…

    Read More »
  • Jul- 2025 -
    16 July
    သတင်း

    နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်နှစ်ဝန်းကျင်ရှိလာချိန် ဆေးရုံတက်တဲ့လူနာတွေအနေနဲ့ ညဘက်လျှပ်စစ်မီးသီးအသုံးပြုဖို့နဲ့ ခွဲစိပ်ကုသဖို့အတွက် လျှပ်စစ်မီးလိုအပ်တာကြောင့် လူနာတွေကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီစက်နိုးနေရတယ်လို့ နန်းယွန်းမြို့ခံအသက် ၃၀ ကျော်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဇယ်ကတော့ဝယ်ကြတယ်ဗျ ဘာလို့ဆိုနန်းယွန်းမြို့က လျှပ်စစ်မီးမရဘူးလေး အရေးပေါ်လူနာတွေ အောက်ဆီဂျင်ပေးဖို့၊ခွဲစိပ်ကုသတဲ့နေရာတွေမှာက မီးစက်နိုးရတယ်”လို့ သူကပြောပါတယ်။ ပုံမှန်အားဖြင့် နန်းယွန်းမြို့ကို တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံးကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကရေကြီးရေလျှံမှုကြောင့် တိုင်းယောင်းချောင်းရေအားလျှပ်စစ်စက်ရုံစက်ပိုင်းချို့ယွင်းမှု၊ဓာတ်တိုင်နဲ့ မီးကြိုးတွေအများအပြားပျက်စီးခဲ့မှုကြောင့် ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပါတယ်။ “အမှန်ဆိုရင်အစိုးရဆေးရုံဖြစ်တဲ့အတွက် ဒါတွေက အစိုးရဘတ်ဂျက်နဲ့စီစဥ်ပေးရမှာ အခုဟာက အစိုးရက မစီစဥ်ပေးတော့ လူနာတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဆီဝယ်ပြီးလျှပ်စစ်မီးသုံးနေရတယ်”လို့ နန်းယွန်းမြို့ခံအအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ နန်းယွန်းမြို့ပေါ်မှာ လက်ရှိ အိန္ဒိယ–မြန်မာ နယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေသွင်းတဲ့အိန္ဒိယဆီ ဒီဇယ်တစ်ဂါလံကို ကျပ် ၄၀၀၀၀ သောင်းပေးဝယ်ရပြီး ဆေးရုံတက်တဲ့လူနာတွေ ကုသရမယ့် အခြေအနေပေါ်မူတည်ပြီးတစ်ည ဒီဇယ်နှစ်လီတာကနေ တစ်ဂါလံအထိ ဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အောက်ဆီဂျင်နဲ့ ခွဲစိပ်ကုသရမယ့်လူနာတွေဆိုရင်တော့ တစ်ည တစ်ဂါလံကတော့ဝယ်ရတယ် ပြီးတော့ မီးလင်းဖို့ပဲဆိုရင်တော့အဲ့လောက်မဝယ်ရဘူး ဘာဖြစ်ဖြစ်ဗျာ ဆီတစ်ဂါလံလေးသောင်း တစ်လုံးတစ်သောင်းဆိုတော့ ကုသစရိတ်နဲ့က မလွယ်ဘူးဗျအရမ်းကုန်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို စီးပွားရေးအခွင့်အလမ်းအလွန်နည်းပါးတာကြောင့် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေအများအပြားရှိနေပါတယ်။ စက်သုံးဆီဝယ်ဖို့ဆေးရုံတက်နေရတဲ့အခြေအနေကြောင့် တစ်ချို့ငွေကြေး ခက်ခဲတဲ့မိသားစုတွေလည်း ဆေးကုသဖို့ရှိအခက်အခဲတွေကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ လူနာတွေကိုယ်တိုင်စက်သုံးဆီဝယ်ပြီးဆေးရုံတက်နေရတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်တာလို့သိရပါတယ်။ နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိဆရာဝန်မရှိတဲ့အတွက်ပြည်သူတွေဟာ အိန္ဒိယဘက်အထိသွားပြီး ဆေးကုသရမှုတွေလုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမြို့ခံပြည်သူတွေတင်ပြတောင်းဆိုမှုနဲ့ သတင်းမီဒီယာကနေ ဖော်ပြပေးမှုတွေကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ ဆရာဝန်ချပေးတာလို့ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့ကိုလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံ ၂၀၂၄ ခုနှစ် ဇွန်လက ပျက်စီးသွားပြီးနောက်ဒီကနေ့အထိ ပြန်လည်ပြုပြင်ပေးခြင်းမရှိ သေးကြောင်းလည်းသိရပါတယ်။ By –…

    Read More »
  • Mar- 2025 -
    13 March
    သတင်း

    နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီးဆေးကုသနေရ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေ အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင် အပြောင်းကျသွားပြီးနောက် ဒီကနေ့အထိ အစားထိုးဆရာဝန်မချပေးသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျန်းမာရေးအခြေအနေဆိုးဝါးတဲ့ လူနာတွေအားလုံး အိန္ဒိယနိုင်ငံ အာရန်နာချယ် (Arunachal Pradesh) ပြည်နယ်အထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆရာဝန်မရှိတာကြာပြီ ခြောက်လလောက်ရှိပြီ အခုထိမချပေးသေးဘူး လောလောဆယ် Nurse တွေနဲ့ပဲကုနေရတယ်။ ဆရာဝန်နဲ့ကုမယ့် လူနာတွေနာတာရှည်ရောဂါသည်တွေကတော့ဒီမှာမနိုင်လို့ အိန္ဒိယအထိသွားကုရတယ်”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခုလိုဆရာဝန်မရှိလို့ အိန္ဒိယနိုင်ငံအထိသွားပြီးဆေးကုသမှုခံယူနေရတဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ အိန္ဒိယနိုင်ငံဘက်က လူဦးရေအဝင်ထွက် ကန့်သတ်မှုတွေကြောင့် ယခင်လိုလွယ်လွယ်ကူကူဝင်လို့မရတော့ပဲ အခက်အခဲတွေကြုံတွေ့ နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “မလွယ်ဘူးသွားရလာရ ဒီကနေ အိန္ဒိယကဆေးရုံမှာအထိဆိုရင်လမ်းမှာတစ်ပတ်လောက်ကြာတယ် ဝေးတာကတစ်ကြောင်းလမ်းပမ်းဆက်သွယ်ရေးခက်တာကတစ်ကြောင်းထမ်းရပိုးရတဲ့လူနာဆိုရင် တစ်ပတ်တောင်မကဘူးသွားရတယ်။ နယ်စပ်ဂိတ်တွေလည်းအရင်လို လွယ်လွယ်နဲ့ဝင်မရေတော့ပိုခက်တယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့နောက်ပိုင်း အိန္ဒိယဘက်ကတချို့နယ်စပ်ဂိတ်တွေပိတ်တာ၊လူဦးရေဝင်ရောက်ခွင့်ကန့်သတ်တာတွေနဲ့ယခင်ထက် ပိုတင်းကြပ်လာတာတွေကြောင့် ဆေးသွားကုတဲ့…

    Read More »
Back to top button