ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ကျောင်းတက်နေသည့် (၉)တန်း ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် သူနှင့် ဆက်စပ်သည်ဟု ဆိုရသော အရပ်သားပြည်သူ ၁၃ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။ ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင် စစ်ကောင်စီလက်အောက်တွင် ဖွင့်လှစ်ထားသော ကသာအမှတ်(၁)အထက်တန်းကျောင်းတွင်  ၉ တန်း ကျောင်းသားထံမှ ဆေးခြောက်ရွက်များတွေ့ရှိခဲ့သဖြင့် အဆိုပါ ကျောင်းသားကို ရဲလက်ထဲအပ်နှံပြီးနောက် ရဲများက ရပ်ကွက်အတွင်း ကျောင်းသားနှင့် ပက်သက်မှုရှိသည်ဟု