တင့်ကား

  • Nov- 2024 -
    11 November
    သတင်း

    မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ် ၂ ကြိမ် တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။ “တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက ၆ မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊ ၅ လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင် ၆ မိုင်၊ ၇ မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကို ခုလိုပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ၆ မိုင်ရှိထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး ၄ ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား ၆ မိုင်နဲ့ ၇ မိုင် အောင်မြေကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာ KIA တပ်တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ  ၇ မိုင်အထိ ထိုးတက်လာနိုင်ပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ  တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။ “တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်းမရှိတရွေ့  အချိန်ကာလ တစ်ခုကြာရှည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ၆ မိုင်တစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဗန်းမော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ မိုးမောက်မြို့…

    Read More »
  • Jul- 2024 -
    18 July
    သတင်း

    တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

    ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့  မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅…

    Read More »
  • 16 July
    သတင်း

    ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်

    မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား ဂျယ်အိန် (Je Ing ) ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅ ရက်နေ့ တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ နှစ်ရက်မြောက်ရှိပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကို…

    Read More »
  • Jun- 2024 -
    17 June
    သတင်း

    ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ

    နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • 14 June
    သတင်း

    ဆနီခူးစစ်တပ်စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်ပြီး တင့်ကားတစ်စီးလည်း တိုက်ခိုက်ဖျက်ဆီးနိုင်တယ်လို့ KIO ပြော

    ဝိုင်းမော်မြို့နယ် ချီဖွေသွားလမ်းမပေါ် ရှိ ဆနီးခူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA တပ်တွေ ဇွန်လ ၁၃ ရက်နေ့မှာ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO ပြောပါတယ်။ KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ ဆနီခူးရွာက စစ်တပ်စခန်း ၂ ခုဟာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စုပေါင်းပြီးအထိုင်ချထားတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဆနီခူး စစ်တပ်စခန်း ၂ ခုကို သိမ်းယူတာဖြစ်ပါတယ်။ သိမ်းတာက မနေ့က နေ့လည်ပိုင်းလောက်မှာဖြစ်မယ်ထင်တယ်။ အဲဒီတပ်စခန်းတွေမှာက စစ်တပ်၊ ပြည်သူ့စစ်နဲ့ BGF အကုန်ရှိတဲ့ တပ်စခန်းတွေဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၂ ခုမှာ စစ်အင်အား ၄၀ လောက်ရှိပြီး မြစ်ကြီးနား – ချီဖွေသွားလမ်းမပေါ်မှာ လုံခြုံရေးအမည်ခံပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်သလို ငွေကြေးတောင်းခံတဲ့ တပ်စခန်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။ ဆနီခူးတပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့ ချီဖွေနဲ့ ဆဒုံးသွား လမ်ခွဲမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်ကို သိမ်းပိုက်ထားတဲ့ KIA တပ်တစ်ချို့က ချီဖွေ – ပန်ဝါဘက်ကို ပြန်တက်သွားတဲ့ အချိန်အတွင်းမှာပဲ ဝင်ရောက်သိမ်းပိုက်သွားတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က အခုလိုပြောဆိုလာပါတယ်။ “ပြီးခဲ့ရက်ပိုင်းအတွင်း ချီဖွေနဲ့ ဆဒုံးသွားလမ်းခွဲမှာရှိတဲ့ စုပေါင်းဂိတ်မှာရှိတဲ့ KIA တပ်တစ်ချို့က ချီဖွေ ဘက်ကို စစ်ကြောင်းပြန်တက်လာတယ်လို့ သတင်းကြားတာနဲ့ အစကတော့ တိုက်မလိုလိုနဲ့ KIA တပ်တွေ ဆနီခူးရောက်တာနဲ့ တိုက်ပွဲတောင်မဖြစ်ဘဲ အကုန်တပ်ဆုတ်သွားတယ်တဲ့။ အဲ့ကြောင့် KIA တပ်တွေက အကုန်ရှင်းလင်းလိုက်တယ်လို့ကြားတယ်”လို့ပြောပါတယ်။ အခု KIA ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူလိုက်တဲ့ ဆနီခူး စစ်တပ်စခန်း ၂ ခုဟာ ဝိုင်းမော် – ချီဖွေလမ်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့က ဇွန်လ ၁၃ ရက်နေ့ တစ်ရက်ထဲမှာပဲ ဗန်းမော်ကနေ တိုက်ပွဲနယ်မြေဖြစ်တဲ့ မိုးမောက်နဲ့ မံစီဘက်ကို  စစ်တင့်ကား ၃ စီးနဲ့ စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်(Kawng Ja Yang) အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ စစ်တင့်ကား ၃ စီးတက်လာတဲ့အထဲကနေ တစ်စီးကို KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “သတင်းပို့လာတာက တင့်ကားတစ်စီးပစ်ခတ်ဖျက်ဆီးပေးလိုက်နိုင်တယ်လို့ သတင်းရတယ်။ ကျနော်တို့ဘက်ကလည်း အတည်ပြုနေဆဲဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ လုပ်ငန်းဝင်နေတဲ့ သူတွေကတော့ ဖျက်ဆီးပေးလိုက်တာသေချာတယ်လို့ပြောပါတယ်”လို့ပြောပါတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကောင့်ဂျာယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၁ ပတ်ဝန်းကျင်လောက်ကြာမြင့်လာပြီဖြစ်ပြီး  မိုးမောက်၊ မံစီဘက်ကို စစ်ကူလာတဲ့စစ်ကြောင်း KIA ရဲ့ တိုက်ခိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက ဇွန်လ ၂၁ ရက်နေ့မှာ ဝိုင်းမော် – ဆဒုံး ၊ ကန်ပိုင်တည်သွား လမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း ၅ ခုနဲ့ ရှေ့တန်းစခန်းငယ် ၁၀ ခုလောက်ကို သိမ်းပိုက်မှုအပြီးမှာပဲ ချီဖွေသွားလမ်းက ဆနီခူးတပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button