တိုက်ပွဲသတင်း

မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်ရဖို့ ဩဂုတ်လကစပြီး ဗန်းမော်မြို့ဘက်ကနေ တစ်ပတ်  ကြိမ် တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဗန်းမောက်နဲ့ မိုးမောက်ကြားမှာရှိတဲ့  မိုင်နဲ့  မိုင်ကြားမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေ ပြောပါတယ်။

တိုက်ပွဲက ပုံမှန်ဖြစ်နေတာ မနေ့ကဖြစ်တဲ့ တိုက်ပွဲက  မိုင်အနီး စစ်တပ်ရဲ့ ထောက်ပို့လမ်း နောက်ကြောဘက်မှာ လမ်းပိတ်ဆို့ပြီး သွားရောက် တိုက်ခိုက်ခဲ့တယ်။ ပြောက်ကျားစနစ်နဲ့ သွားတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။ သေနတ် ၄၊  လက်နက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ပြောရရင်  မိုင်၊  မိုင်နေရာမှာက နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာပေါ့လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကို ခုလိုပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မနေ့က ဗန်းမော်နဲ့ မိုးမောက်ကြား စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့  မိုင်ရှိထောက်ပို့လမ်းနေရာကို KIA ပူးပေါင်းတပ်ဘက်က ပိတ်ဆို့ပြီး သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး  ရက်ခန့်အကြာမှာ စစ်ကောင်စီတပ်တွေက မိုးမောက်ကို ပြန်လည်ရရှိဖို့ တင့်ကားကြီးအသုံးပြုပြီး ဗန်းမော်မြို့ဘက်ကနေ ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်နေတာ ခုဆိုရင် သုံးလဝန်းကျင် ကြာမြင့်လာပြီဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်နဲ့ မိုးမောက်ကြား  မိုင်နဲ့  မိုင် အောင်မြေကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်က စစ်အင်အား ၄၀၀ ဝန်းကျင် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ထိုးတက်နိုင်ဖို့ရန်အတွက် တင့်ကားအပါ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာ KIA တပ်တွေလည်း  မိုးမောက် ခမရ ၄၃၇ တပ်ရင်း သိမ်းပြီးနောက် စစ်အင်အားအလုံးအရင်းသုံးပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို လမ်းကြောင်း ပိတ်ဆို့ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ   မိုင်အထိ ထိုးတက်လာနိုင်ပြီးတော့ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ  တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မိုးမောက်စစ်မျက်နှာပြင်ဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

တင့်ကားကြီးတွေနဲ့ ထိုးစစ်ဆင်နေတာက ကြာပြီး လေကြောင်းနဲ့ကော မြေပြင်နဲ့ပါ ထိုးဆင်နေတာ။ ပြီးရင် ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ သူတို့ရဲ့ အခြေအနေက သူတို့လက်လွတ်လိုက်ရတဲ့ ခမရ ၄၃၇ တပ်ရင်းတွေကို ပြန်လည် ရရှိအောင် လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်လို့ပြောပါတယ်။

ဗန်းမော်နဲ့ မိုးမောက်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်သွားခြင်းမရှိတရွေ့  အချိန်ကာလ တစ်ခုကြာရှည်အထိ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှာ  မိုင်တစ်ဝိုက် ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း KIA ဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဗန်းမော်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ မိုးမောက်မြို့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ်ဘက်က  မေလဆန်းပိုင်းကစပြီး ဩဂုတ်လ ၁၄ ရက်နေ့မှာ ၃ လဝန်းကျင်ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button