တိုက်ပွဲ

  • Feb- 2026 -
    17 February
    သတင်း

    မရှီကထောင်မှာ စစ်တပ်က နေအိမ်ဖောက်ထွင်းပြီး စက်ပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူနေ

    ဖားကန့် ၊ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်း ဆုတောင်းကုန်းအနီးတဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်းဖိုးရှိအိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခိုးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မရှီကထောင် ဆုတောင်းကုန်းအနီးတဝိုက်နေထိုင်တဲ့ အိမ်ထောင်စု ၅၀ ခန့်က စစ်ဘေးတိမ်းရှောင်သွားပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်က ခိုးယူမှုတွေ လုပ်နေတယ်လို့ အိမ်တွင်းပစ္စည်းခိုးယူခံနေရတဲ့ မရှီကထောင်ရပ်ကွက်က အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်အနောက်ခြမ်းလို့ပြောရမှာပေါ့ ဆုတောင်းကုန်းခြေရင်းတစ်ကြောမှာနေထိုင်တဲ့ အိမ်တွင်းပစ္စည်းတွေ ကြိုက်သလို ထုတ်ယူနေကြတယ်။ ကျွန်မသားကြီးရဲ့ အိမ်က ကျောက်စိမ်းတုံးတွေလည်း တန်ချိန်ကျော်ရှိတဲ့ ကျောက်စိမ်းတွေ မနေ့က မိုးချုပ်တဲ့အထိ သယ်ထုတ်သွားကြတယ်တဲ့။ အိမ်တွင်းပစ္စည်းတွေကလည်း အပေါ်ထပ်အောက်ထပ် ဝင်ယူသွားကြတယ်။ ဘယ်လိုမကောင်းဆိုးဝါးတွေလဲမသိဘူး။ ကျွန်မတို့ ပစ္စည်းပြန်ယူဖို့ဆိုရင်လည်း လမ်းတွေအကုန်ပိတ်လိုက်တယ်”လို့ပြောပါတယ်။ လက်ရှိ မရှီကထောင်ကျေးရွာမှာ မိသားစုဝင်တစ်ခုထဲ နေအိမ် ၃ လုံးစလုံး ဖောက်ထွင်းခံရပြီး ကျောက်စိမ်းတူးဖော်တဲ့အခါအသုံးပြုတဲ့ စက်ယန္တရားများ၊ အိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြတာဖြစ်ပါတယ်။ မရှီကထောင်အနောက်ဘက်ခြမ်း ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ဆုတေင်းကုန်းရှိတဲ့ တဝိုက်က လူနေအိမ်အများအပြားက အခုလို ဖောက်ထွင်းခံနေရတာဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေက တိုက်ပွဲနေရာနဲ့အလွန်နီးကပ်လွန်းတဲ့အပြင် စစ်တပ်ရဲ့ လေကြောင်းရန်၊ တိုက်ပွဲအတွင်းက လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဖားကန့်မြို့တွင်း တိုက်ပွဲမရှိတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတဲ့သလို ပြည်သူအများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ နှစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဖားကန့်မှာ ကျန်ရှိနေကြတဲ့ ပြည်သူတစ်ချို့က အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ကြိုးစားပေမယ့် သယ်ယူခွင့်မရဘဲ လမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မရှီကထောင်ကျေးရွာမှာ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်က ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအများပိုင်းက တိုက်ပွဲဧရိယာနဲ့ ဝေးတဲ့နေရာတွေမှာ ကိုယ်လွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာမှာ စစ်တပ်က ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ သိမ်းယူနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့က မီးသွေးတွေဆိုရင်လည်း သုံးဘီးကားတွေနဲ့ သယ်ယူနေကြတာ ကုန်းပေါ်ကနေ လှမ်းမြင်ရတယ်တဲ့။ ကျမတို့က အထဲကိုဝင်လို့မရတော့ အထဲမှာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွာလုပ်ပေးနေလဲသေချာမသိရဘူး။ တစ်ချို့အိမ်က မြေတူးတဲ့ဂန့်စက်တွေလည်း လေး၊ ငါးလုံးအကုန်သယ်ယူကြတယ်”လို့ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲ အနည်းငယ် ပြန်ငြိမ်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေက ပြည်သူမရှိတဲ့ နေအိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံခိုးယူသယ်ယူ နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃၀ ရက်နေ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်းကနေ ထိုးဖောက်နေတာဖြစ်ပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာတာကြောင့် ရှေ့မတိုးနိုင်ဘဲ စစ်ကြောင်းရပ်တန့်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနိုင်ဖို့ လေကြောင်းတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းထိုးတာတွေ၊ နှစ်ဖက်တပ်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖားကန့်မှာ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။ By –…

    Read More »
  • 6 February
    သတင်း

    ကချင်ဒေသထဲ တစ်ပတ်အတွင်း ဗန်းမော်အပြင် နောက်ထပ် မြို့နယ် ၃ နေရာမှာတိုက်ပွဲဆက်ဖြစ်

    ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တပြိုင်နက်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ မြို့နေရာ ၄ ခုမှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်နေပြီး ဗန်းမော်နဲ့ ဝိုင်းမော်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲမှာ KIA…

    Read More »
  • Jan- 2026 -
    29 January
    သတင်း

    ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြန်လည်စတင်

    စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲစတင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်သူတွေကပြောပါတယ်။ ထီးချိုင့်တံတားတစ်ဝှိုက်နဲ့ ထီးချိုင့်မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နောက်ဆုံးသိရတဲ့စစ်ရေးအခြေနေကို ထီးချိုင့်ခံအမျိုးသားတစ်ဦးကပြောပြပါတယ်။ “ထီးချိုင့်ပြန်စနေပြီနော်။ မနေ့ကမနက် ၅…

    Read More »
  • 28 January
    သတင်း

    တနိုင်းနဲ့ ဝိုင်းမော်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

    ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ ကချင်ပြည်နယ်ထဲက တနိုင်း၊ ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းလျက်ရှိနေပြီး တစ်နှစ်ကျော်ခန့် မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    Read More »
  • 20 January
    သတင်း

    တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ပြင်ဆင်နေ

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ဘက်ကပြင်ဆင်နေတယ်လို့ကသာမြို့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေတာလို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်ကော်မရှင်ကကျောင်းပြန်ဖွင့်ဖို့ကြိုးစားတာဟာ…

    Read More »
  • 20 January
    သတင်း

    ဝိုင်းမော် လမြန်ရွာဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ စစ်အင်အားအလုံးအရင်းနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခချောင်း(N-Myan Hka)ဘက်ကို ယခုရက်ပိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ KIA တပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီမနက်တိုက်ပွဲဖြစ်နေတဲ့နေရာက လမြန်ရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခပတ်ပတ်လည်မှာဖြစ်နေကြတယ်။ ဒီရက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးလာလို့ လမြန်ဘက် နေရာအနည်းငယ် ရွေ့ပေးလိုက်ရတာရှိတယ်။ ဒါပေမယ့် ဒီကနေ့ မနက်တော့ ဝူယာန်ဘက်ကို ပြန်ပြီး တွန်းလှန်ပေးလိုက်တာရှိတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ယခုဇန်နဝါရီလထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမြန်ကျေးရွာအထက်ပိုင်းကို စစ်ကြောင်းထိုးတက်နိုင်ဖို့ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ယခုလို စစ်ကြောင်းထိုးလာတဲ့အပေါ်  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဆန်းပိုင်းကနေ စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်နေတဲ့အတွက် ဝိုင်းမော်မှာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။ “ဒီရက်ပိုင်း စစ်တပ်က ဗန်းမော်တိုက်ပွဲမှာ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့ဟာတွေရှိတယ်။ အဲဒါကြောင့် စစ်ရေးအားနည်းသွားအောင် ဝိုင်းမော်ဘက်ကို တန်ပြန်ထိုးစစ်လုပ်လာတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ နှစ်ဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြင်းထန်လာတာနဲ့အညီ တစ်ဖက်မှာ စစ်တပ်က ဝိုင်းမော် လမြန်ကျေးရွာအထက်ဘက်ကို ထိုးဖောက်နိုင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ပြောပါတယ်။ ဝိုင်းမော်လမြန်ကျေးရွာဘက်မှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လက်နက်ကြီးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “ဒီမနက် ၃ နာရီလောက်ကနေ တိုက်ပွဲသံတွေအကျယ်ကြီးပြန်ကြားရတယ်။ အခု ၁၀ နာရီအထိ ဆက်တိုက်ကြားနေရတယ်။ ဘယ်မှာဖြစ်နေလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ လမြန်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့စကပြီး တန်ပြန်ခုခံတိုက်ခိုက်လိုက်တာကြောင့် ဝူယာန်ကျေးရွာဘက်ခြမ်းကို တပ်ဆုတ်သွားခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဝူယာန်ကျေးရွာအထက် လမြန်ကျေးရွာကနေ   ဆဒုံး – ကန်ပိုင်တည် တစ်လျှောက်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ တစ်နှစ်တာလုံး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ လမြန်ကျေးရွာကနေ KIA ဘက်က ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းထိုးဖောက်နိုင်ခြင်းမရှိဘဲ လမြန်ကျေးရွာအနီးတဝိုက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 19 January
    သတင်း

    ကသာမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ခေတ္တပြန်ငြိမ်သက်ရာကနေ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ် ဘက်က လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြန်လုပ်လာတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းကစလို့ နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲဖြစ်သံတွေကိုပြန်ကြားလာရပြီး တိုက်ပွဲစဖြစ်တဲ့နေ့ကစ ဒီကနေ့မနက်ပိုင်းထိ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ရှိနေတယ်လို့ ကသာမြို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။…

    Read More »
  • Dec- 2025 -
    30 December
    သတင်း

    ပရင်းမှော်ဒေသကို ဒရုန်းဗုံးကြဲတိုက်ခိုက်မယ်လို့ ဝါရာဇွပ်ပြည်သူ့အဖွဲ့ခြိမ်းခြောက်

    ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခမှော်အနီးတဝိုက် လေကြောင်းအားကိုးပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မှော်ဒေသအသီးသီးနေထိုင်ကြတဲ့ပြည်သူတွေကို အမြန်ဆုံးထွက်ခွာကြဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး KIA တပ်မဟာ (၂)၊ တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေ…

    Read More »
  • 28 December
    ရွေးကောက်ပွဲဆိုင်ရာ

    တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ

    ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။ ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မိုးမောက်မြို့နယ်ကကျေးရွာအုပ်စု ၆၅ခု၊ …

    Read More »
  • 27 December
    သတင်း

    KIA ၏ ၂၀၂၅ ခုနှစ် စစ်ရေး မှတ်တိုင်များ

    ကချင်ဒေသတွင်း ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေဟာ ၂၀၂၄ ခုနှစ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ခုခံတဲ့ တိုက်ပွဲတွေအဖြစ်သာ အများဆုံးဖြစ်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီနှစ် ၂၀၂၅ ရဲ့ နှစ်ကုန်ပိုင်းဘက်မှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီးတော့ ထိုးစစ်ဆက်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီအတွက် KIA ဘက်က…

    Read More »
Back to top button