တိုက်ပွဲ

  • Sep- 2024 -
    18 September
    သတင်း

    ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

    ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နေ့တိုင်းလိုလို ရွာကနေစွန့်ခွာပြီး ဖားကန့်မြို့ဘုန်းကြီးကျောင်းနေရာ၊ဘာသာရေးကျောင်းတွေအပြင်…

    Read More »
  • 11 September
    သတင်း

    ပန်ဝါ တိုက်ပွဲ ၅ ရက်ခန့် ကြာမြင့်လာ

    ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းနေထိုင်တဲ့ တပ်စခန်းတစ်ခုကို KIA တပ်သိမ်းပိုက်လိုက်ပြီးနောက် ပန်ဝါဒေသမှာ စစ်ရေးတင်းမာနေတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ လဂွေပြည်သူ့စခန်း လက်လွတ်လိုက်ရတဲ့နောက်…

    Read More »
  • 10 September
    သတင်း

    ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ

    ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၆ ရက်ည ဆိုင်းတောင်ကျေးရွာထဲ စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိ နှစ်ဖက်စစ်တပ် အပြန်အလှန်ပိတ်ဆို့တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲက စစ်တပ်နဲ့ KIA တပ်တွေက ပိတ်ဆို့ရေးတွေလုပ်ပြီး တိုက်ပွဲကဖြစ်နေဆဲပါပဲ။ အဲကြောင့် ဆိုင်းတောင်ဘက်ကို ဘယ်သူမှ ဝင်လို့မရဘူး။ အဲလိုဘဲ ဆိုင်းတောင်ဘက်ကိုသွားတဲ့ ဝင်ပေါက်လမ်းကြောင်းတွေအကုန်လုံးပိတ်ထားတယ်။ တစ်ချိုဆိုရင် အပြင်ရောက်နေလို့ ကိုယ့်ရွာထဲကို ကိုယ်ပြန်ဝင်လို့မရသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)မှာရှိတဲ့ Lucky Men Hotel တဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ ယူမာလမ်း အဝင်အထွက်လမ်းတွေပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်နေကြာတာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပိုပြီးပြင်းထန်လာတာဟာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်  Lucky Men Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့  စက်တင်ဘာလ ၇ ရက်နေ့ မနက်မှာ ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတစ်ချို့နဲ့ KIA တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ၁၀ ဦးကျော်ကို  ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။ “Lucky Men Hotel မှာတစ်ချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့ သူတွေလည်းရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်းပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဘက်က Lucky Men Hotel က ဖမ်းဆီးသွားတဲ့ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာတွေ၊ ရိုက်နက်တာတွေလုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်းရှိနေပြီး အရပ်သားပြည်သူတစ်ချို့ လမ်းပေါ်သေဆုံးနေတာတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ PDF အဖွဲ့တွေ Lucky…

    Read More »
  • 7 September
    သတင်း

    ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ 

    ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky Man Hotel နဲ့ KTV မှာရှိနေတဲ့ KIA၊ KPDF တပ်ဖွဲ့တစ်ချို့ကို ဝင်စီးနင်းရာကနေ အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ “ဒီမနက် ၁ နာရီကျော်ကတည်းက ဖြစ်နေတာ KIVနဲ့ Hotel မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ချို့ကို စစ်တပ်က ဝင်ဖမ်းတာလို့ပြောတယ်။ စစ်ကြောင်းက ၃ ကြောင်း Luky man ထဲဝင်တာတစ်ဖွဲ့၊ Luky man ဆိုင်နားက တံတားမှာလုံခြုံရေးယူပေးတာ တစ်ဖွဲ့၊ Luky man နောက်ဖက် ကျောက်သွေးတောင်ဘက်ကို လုံခြုံယူပေးတာတစ်ဖွဲ့ ဝင်လာတာ။ အဲဒါကို KIA ပူးပေါင်းတပ်က ရွာအပြင်ကနေ ထပ်ဝိုင်းထားတော့ တစ်နေကုန်ပစ်လိုက် နားလိုက်နဲ့ ညနေပိုင်းကနေ တောက်လျှောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀ ဝန်းကျင်ရှိပြီး Luky man Hotel ထဲဝင်ရောက်စီးနှင်းချိန် တံတားမှာစောင့်နေတဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား တစ်နေ့လုံး စစ်ရေးတင်းမာနေခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ နာရီ နောက်ဆုံးသိရှိရတဲ့အချက်လက်အရ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ မနက်ပိုင်းကနေ ထွက်ပြေးသွားနိုင်တဲ့သူတွေရှိပေမယ့် အများပိုင်းရွာထဲကျန်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ “တစ်နေကုန် နှစ်ဖက်စောင့်ကြည့်အနေထားမှာရှိနေတာလို့ သိရတယ် ပစ်လိုက်နားလိုက်နဲ့ အထဲဝင်သွားတဲ့ စစ်ကြောင်းကလည်း ပြန်မထွက်နိုင်တော့ဘူး ပြည်သူတွေက တံခါးပိတ်ပြီးနေနေကြတယ်လို့ နောက်ဆုံးသိထားရတယ်။ပြေးတဲ့သူကလည်း တစ်ချို့ပြေးကြပြီ နေ့လည်ကတည်းက” လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွာအထဲ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေထွက်လို့မရအောင် KIA ပူးပေါင်းတပ်က ပိတ်ဆို့ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတာဘဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ  မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။‘ By – Zami

    Read More »
  • 6 September
    သတင်း

    တိုက်ပွဲကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာ မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ပိတ်ထားရတဲ့ မြစ်ကြီးနား– မန္တ‌လေး လမ်းပိုင်း ကားအသေးများဖြင့်ပြေးဆွဲနေတယ်လို့ မြစ်ကြီးနား–မန္တလေးကားပြေးဆွဲနေသူတွေဆီက သိရ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က စပြီးတိုက်ပွဲကြောင့်ပိတ်နေတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စက်တင်ဘာလ လဆန်းပိုင်းကစ အန်စာတုံးကားအသေးတွေနဲ့ တောလမ်းတွေကိုသုံးပြီး ခရီးသည်တစ်ယောက်ကို ကျပ်တစ်သိန်းခွဲ နှုန်းပြေးဆွဲနေရတယ်လို့ ကားသမားတစ်ယောက်ကပြောပါတယ်။ “တောလမ်းတွေကိုကွင်းပြီးသွားရတာပေါ့ အဲ့လမ်းတွေကနေ အန်စာတုံးကားလေးတွေတော့သွားလို့ရနေ တယ်။ လမ်းကတော့နည်းနည်းဆိုးတာပေါ့ မြေလမ်းဆိုတော့။ ခရီးလည်း ကြန့်ကြာသွားတာပေါ့ ခရီးသည် ယာဥ်အကြီး Express ကားတွေမရဘူး။ ကုန်ကားတွေတော့မရဘူးပေါ့”လို့ပြောပါတယ်။ အဲ့ဒီအန်စာတုံးကားအသေးတွေနဲ့ တင်နိုင်တဲ့ကုန်ပစ္စည်းတစ်ချို့တော့သယ်ဆောင်လို့ရပေမဲ့ ပစ္စည်းအများအပြားတော့သယ်လို့မရဘူးလို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း တိုက်ပွဲတွေကြောင့်သွားလာလို့မရတော့တဲ့ နောက် ကချင်ပြည်နယ်အတွင်း အခြေခံကုန်ပစ္စည်းအဝင်မရှိတော့သလို ခရီးသွားလာတဲ့သူတွေ လျော့နည်း သွားတာတော့မရှိဘူးလို့ ကားသမားတစ်ယောက်ကဆက်ပြောပါတယ်။ “အသွားအလာကတော့ မြစ်ကြီးနားဘက်က ပုံမှန်လောက်တော့သွားကြတယ်။ အရင်လောက်တော့မသွား တော့ဘူးပေါ့လေ”လို့ပြောပါတယ်။ ကားလမ်းအသုံးပြုပြီးသွားလာသူအများစုဟာလည်း လေယာဥ်လက်မှတ်မရလို့ မဖြစ်မနေသွားလာရသူတွေ သာများတယ်လို့ဆိုပါတယ်။ လက်တလော ကချင်ပြည်နယ်ဘက်မှာဆိုရင် မော်လူးဒေသကစလို့ လမ်းတွေပိတ်ထားပြီး မန္တလေးကနေ မြစ်ကြီးနားကိုလာရင်တော့ ထီးချိုင့်မြို့နယ် ကျောင်းကုန်းလမ်းဆုံဒေသကစလို့ လမ်းတွေပိတ်ထားတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပြန်ဖွင့်ဖို့ ကြာမြှင့်အုံးမယ်လို့ ကားသမားတွေဆီ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအသိပေးလာပြီး ဒီနေ့အထိလည်း ကားလမ်းပိုင်းကပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့ဆိုရင် မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း တိုက်ပွဲတွေကြောင့်ပိတ်ထားရ တာ ရက်ပေါင်း ၂၁ အထိရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 4 September
    သတင်း

    ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး

    Read More »
  • 4 September
    သတင်း

    ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ကနေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမောက်နဲ့ မိုးမောက်ကြားက ၇ မိုင်ဆိုတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေက အောင်မြေကျေးရွာတွေမှာ နေရာယူထားတယ်။ အဲ့ဒါကြောင့် ပိတ်ဆို့တိုက်ခိုက်နေတာဟုတ်တယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို KIA တပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်တပ်ရှိတဲ့ဘက်ကို ကျော်တက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းနဲ့ ဗုံး ၈ လုံးအထက်လာရောက် ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ မိုးမောက် ၆ မိုင်၊ ၇ မိုင်ဘက်ကို ဒီကနေ့က ဗုံးလာကြဲသွားတာ ၈ ကြိမ်လောက်ရှိပြီ။ တိုက်ပွဲလည်း ဆက်ဖြစ်နေတုန်းပဲ”လို့ပြောပါတယ်။ KIA တပ်တွေလည်း သိမ်းပိုက်ထားပြီဲဖြစ်တဲ့ မိုးမောက်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ လက်ရှိမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာရှိတဲ့ အောင်မြေကျေးရွာမှာ အင်အားစုပြီး တပ်စွဲနေထိုင်ထားတာကြောင့် KIA တပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်တာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်ပေမယ့် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 2 September
    သတင်း

    မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့  KIO ပြော

    ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။ “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ မိုးမောက် ၄၃၇ ကိုလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့အထိ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ KIA တပ်တွေ မိုးမောက်ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်နဲ့ မိုးမောက်ကြားက ၆ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး ၄ ရက်အကြာမှာ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်တပ်ထောက်ခံသူတွေ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြခဲ့ရာကနေ Facebook, Telegram, Wechat အသုံးပြုတွေဆီမှာ ပျံနှံ့သွားတာဖြစ်ပါတယ်။ အခုလို မိုးမောက်တပ်စခန်းကို စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးလည်း ဆက်ဆိုပါတယ်။ “သတင်းဆိုက်ဝါးဖြစ်အောင်လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေတာက ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ်ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တပ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတစ်ချို့ကလည်း ထင်ယောင်ထင်မှားဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်တွေ ၄ လကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • Aug- 2024 -
    29 August
    သတင်း

    တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို 

    စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့  ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။” ဒီနေ့အထိ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့တွင်းကိုတော့ တော်လှန်ရေးအင်အားစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ လက်ရှိတော့ အင်းတော်မြို့နားမှာရှိတဲ့ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်လှိုဏ်ဂူအမည်ရှိတဲ့ တပ်စခန်းကြီး တစ်ခုသာကျန်ရှိတော့ပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းဖွင့်ဖို့ ကြာနိုင်သေးတယ်လို့ ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လမ်းကကြာအုံးမယ်ထင်တယ်။ အခုအင်းတော်က အကုန်လုံးရထားပြီတစ်မြို့လုံးပေါ့ ဗျူဟာကုန်းနဲ့ ဂျပန်လှိုဏ်ဂူနဲ့ဆက်နေတာ အဲ့နေရာပဲကျန်တာ အဲ့မှာကအင်အားတော်တော်များတယ်။ ဒီတစ်လမဟုတ် ရင်တောင် လဝက်လောက်ကြာအုံးမယ်ထင်တယ်။” လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ ကချင်ပြည် နယ် တစ်ဝှမ်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်တိုက်မြှင့်တက်နေပြီး မြစ်ကြီးနားမြို့နယ်မှာ ကြက်ဥတစ်လုံးကို ၁၃၀၀ အထိပေးဝယ်နေရပြီလို့ မြစ်ကြီးနားမြို့ဒေသခံတွေကပြောပါတယ်။ လက်ရှိ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်ခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ စစ်ဆေးရုံနဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတို့မှာ အထိုင်ချထားတာဖြစ်ပြီးအင်းတော်မြို့ပေါ်နဲ့လည်းကပ်လျက်မှာပဲ တည်ရှိတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး အင်းတော်မြို့နယ်အပါအဝင် ပင်လည်ဘူး၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 28 August
    ဆောင်းပါး

    ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား

    မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့နောက်တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ကို ချက်ချင်း သိမ်းပိုက်တော့မလားဆိုတဲ့အကြောင်းမှာလူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပါတယ်။  ဩဂုတ်လ ၁၉ ရက်နေ့ ဗန်းမော်မြို့နဲ့ အနီးဆုံး၊ မိုးမောက်မြို့ နောက်ဆုံးခံတပ် ခမရ ၄၃၂…

    Read More »
Back to top button