တိုက်ပွဲသတင်း

ဗန်းမော်မြို့နယ် ၇ မိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

ဗန်းမော်နဲ့ မိုးမောက်ကြားမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ကနေ မိုးမောက်မရောက်မှီ  မိုင်နဲ့  မိုင်ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ဗန်းမောက်နဲ့ မိုးမောက်ကြားက  မိုင်ဆိုတဲ့ အောင်မြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေက အောင်မြေကျေးရွာတွေမှာ နေရာယူထားတယ်။ အဲ့ဒါကြောင့် ပိတ်ဆို့တိုက်ခိုက်နေတာဟုတ်တယ်လို့ပြောပါတယ်။

မိုးမောက်တပ်ကို KIA တပ်တွေ ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင် စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်တပ်ရှိတဲ့ဘက်ကို ကျော်တက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ  ရက်နေ့ တစ်ရက်ထဲမှာပဲ လေကြောင်းနဲ့ ဗုံး  လုံးအထက်လာရောက် ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

အခုတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်  မိုင်၊  မိုင်ဘက်ကို ဒီကနေ့က ဗုံးလာကြဲသွားတာ  ကြိမ်လောက်ရှိပြီ။ တိုက်ပွဲလည်း ဆက်ဖြစ်နေတုန်းပဲလို့ပြောပါတယ်။

KIA တပ်တွေလည်း သိမ်းပိုက်ထားပြီဲဖြစ်တဲ့ မိုးမောက်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို  မိုင်နဲ့  မိုင်ကြားမှာ ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

လက်ရှိမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေက  မိုင်နဲ့  မိုင်ကြားမှာရှိတဲ့ အောင်မြေကျေးရွာမှာ အင်အားစုပြီး တပ်စွဲနေထိုင်ထားတာကြောင့် KIA တပ်တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်တာ ရက်ပေါင်း ၂၀ လောက်ရှိလာပြီဖြစ်ပေမယ့် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button