တိုက်ပွဲ
-
Jun- 2024 -4 Juneသတင်း
ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းကြောင့် ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်
တနိုင်းသွားလီလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလာတော့မယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူအများအပိုင်းက လုံခြုံရေးအတွက် စိုးရိမ်ပြီးကြိုတင်ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စတဲ့ ကျေးရွာနေပြည်သူတွေကြားမှာ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ယာယီတိမ်းရှောင်နေရာတွေပြင်ဆင်ထားကြဖို့ မေလကုန်ပိုင်းလောက်ကနေ သတင်းထွက်ပေါ်နေတာကြောင့် ပြည်သူတစ်ချို့ရွှေ့ပြောင်းနေသူတွေရှိနေတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “နမ့်ဗျူ(နမ့်ခမ်) ဘက်က စစ်ကောင်စီတပ်စခန်းတွေကို KIA တပ်တွေ သွားရောက်သိမ်းပိုက်ခဲ့တာတွေရှိနေတာကြောင့် အဲဒီနေရာဘက်ပြီးရင် ဒီဘက် လီဒိုလမ်းဘက်ကို ပြန်ဖြစ်လာမယ်လို့ ပြောဆိုနေကြတာ။ အဲဒါကြောင့် ဒီဘက်မှာလည်း ဖြစ်လာမှာစိုးလို့ ကြောက်တဲ့သူတွေ ထွက်ပြေးရွှေ့ပြောင်းနေကြတယ်။ ဒါပေမယ့် အခုချိန်အထိတော့ အေးဆေးရှိပါတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ နဲ့ ဧပြီလအတွင်းမှာ KIA တပ်မဟာ(၂) နဲ့ တပ်ရင်း နယ်မြေ ၁၄ နေရာမှာရှိတဲ့ နမ်ဗျူ(နမ့်ခမ်)၊ လပူမှော်အနီးရှိ နွယ်ဂျယ်ဘွမ့်၊ နမ်ကောန့် စတဲ့တပ်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲမျက်နှာပြင်က ရှဒူးဇွပ် ခမရ ၂၉၇ တပ်ရင်းနဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေရှိနေတဲ့ နေရာဘက်ကို ဦးတည်လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာစိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရှဒူးဇွပ်ကျေးရွာအတွင်းမှာ လာရောက်နေထိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့နဲ့ စျေးသည်အများပိုင်းက ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဆိုင်တွေပိတ်ထားပြီး မြို့ပေါ်ဘက်ကို သွားရောက်ရွှေ့ပြောင်းနေထိုင်ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ ကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေလည်း ကတုတ်ကျင်းတူးဖော်တာတွေ၊ ယာယီပုန်းရှောင်ကြမယ့် စစ်ရှောင်နေရာတွေကို သတ်မှတ်ထားပြီး တစ်ချို့က မြို့ပေါ်နဲ့ နီးတဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ရွှေ့ပြောင်းနေထိုင်ကြပြီလို့သိရပါတယ်။ အခုလို ရွှေ့ပြောင်းနေထိုင်သွားကြတာနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးပြောတာကတော့ လက်ရှိ ကချင်ပြည်နယ်အတွင်း ဒေသအသီးသီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားနေတဲ့အလျောက် ရှဒူးဇွပ်ကျေးရွာနဲစံပြရွာမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့်ရွှေ့ပြောင်းနေထိုင်ကြတာဖြစ်တယ်လို့ ရှဒူးဇွပ်ဝါရာဇွပ်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ရှဒူးဇွပ်မှာက စစ်တပ်ရှိတာဖြစ်တဲ့အတွက် ကြောက်ပြီးတော့ ရှောင်နေကြတယ်လို့ပဲမြင်ပါတယ်။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရှောင်ကြတဲ့သဘောလည်းဟုတ်တယ်။ မနှစ်တုန်းကလည်း ရွာထဲမှာ ပုံမှန်ဖြစ်တော့ ပြန်ဖြစ်လာမှာကို ကြောက်နေကြတာ။ အခုလည်း တခြားနေရာတွေမှာက ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီးတွေးပူနေကြတာ”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဘက်ကလည်း ယာယီတိမ်းရှောင်နေထိုင်ထားကြဖို့ဒေသခံပြည်သူတွေကြားမှာ ပြောဆိုချက်တွေရှိနေပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲတွေဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြည်သူတွေ ရွှေ့ပြောင်းနေထိုင်တာတွေ ရှိလာတာကြောင့် ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ မင်းဇေသန့်က KIA ဘက်ကနေ တိုက်ပွဲဖော်ဆောင်လာရင် ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ ပြောဆိုနေတာတွေရှိနေတယ်လို့လည်း ရှဒူးဇွပ်ဒေသခံတွေပြောပြပါတယ်။ ဒါ့အပြင် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကတွေက ရှဒူးဇွပ်ကျေးရွာအတွင်း KIA ဘက်က ဝင်ရောက်လာလို့မရအောင် ကျေးရွာပတ်ပတ်လည်လည် ဒရုန်းပျံဝဲစောင့်ကြည့်ခြင်း၊ ညအချိန် တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်း စစ်ဆေးမေးမြန်းတာတွေနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လ ၈ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ရှဒူးဇွပ်ဒေသမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း ၄ နေရာလောက်ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
May- 2024 -29 Mayသတင်း
ဝိုင်းမော်မှာ ဒေသခံတွေ စွန့်ခွာထားတဲ့နေအိမ်တွေ ဖောက်ထွင်းခံနေရ
ဝိုင်းမော်မြို့နယ်မှာ ဒေသခံတွေတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရချိန် ပစ္စည်းရွှေ့ပြောင်းတဲ့ပုံစံအယောင်ပြပြီးတော့ ပစ္စည်းတွေခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ တိုက်ပွဲတွေပြင်းထန်လာလို့ ဝိုင်းမော်မြို့ပေါ်ကဒေသခံတွေအပါအဝင် ရွာပေါင်း ၂၀ လောက်က အရပ်သားတွေ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အခုလိုဒေသခံတွေအများစု တိုက်ပွဲကြောင့်ထွက်ပြေးနေကြရချိန် အခွင့်ကောင်းယူပြီး ပစ္စည်းတွေခိုးယူနေကြသူတွေရှိနေတယ်လို့ ဝိုင်းမော်မြို့ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “အများစုကတော့ ရွှေ့ပြောင်းကြတာပေါ့ အဲ့လိုဆိုတော့တစ်ချို့ကလည်း ပစ္စည်းတွေအားလုံးမသယ်သွားနိုင်တဲ့အခါမှာ သူခိုးတွေကလည်း ကိုယ်ပိုင်ကားကြီးတွေနဲ့မောင်းလာပြီးတော့ ပစ္စည်းသယ်ထုတ်သွားတာတွေ ပိုင်ရှင်လိုလို အဲ့လိုပစ္စည်းတွေကောက်တင်သွားကြတယ်”လို့ ပြောပါတယ်။ အခုလိုဖြစ်စဥ်တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရတဲ့ ခတ်ချိုကျေးရွာအပါအဝင်၊နောင်ဟီး၊စန်းကားကျေးရွာအပါအဝင် ရွာအများပိုင်းမှာ အဖြစ်များပြီး ဝိုင်းမော်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုင်ကယ်တစ်စီးလုယက်ခံရ တဲ့ဖြစ်စဥ်လည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို နေအိမ်ပေါ်တင်ဖောက်ထွင်းခိုးယူခံရတာတွေကြောင့် ဘေးလွှတ်ရာကိုထွက်ပြေးသွားကြတဲ့ အိမ်ပိုင်ရှင်တစ်ချို့ဟာ အသက်အန္တရာယ်ရှိတဲ့ ဝိုင်းမော်မြို့နယ်ထဲပြန်ဝင်လာပြီး အိမ်စောင့်နေရတာမျိုးတွေပါရှိလာတယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။ “အများကြီးပေါ့ဒုက္ခရောက်တာပေါ့ တိရစ္ဆာန်တွေကအစပေါ့ တစ်ချို့ကတော့ ပစ္စည်းတွေက သယ်ယူသွားဖို့တောင်မနိုင်ဘူးလေ အဲ့တော့ စစ်မြေပြင်ကြားထဲမှာ ပစ္စည်းဥစ္စာစောင့်နေရတာမျိုးလည်းရှိတယ်။ ထွက်ပြေးသွားတဲ့သူတစ်ချို့လည်း တိုက်ပွဲဖြစ်လာမှာကို မကြည့်ပဲ ပြန်လာပြီး ပစ္စည်းတွေစောင့်နေရတယ်” လို့ ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူပေါင်း အဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကပဲအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကအတော် လေးပြင်းထန်ခဲ့တာပါ။ အဲ့ဒီလိုပြင်းထန်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ခတ်ချို ကျေးရွာ၊ ကွက်သစ်ရပ်ကွက်က အရပ်သား ၈ ယောက်လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က တိုက်ပွဲအကြားပိတ်မိခဲ့တဲ့ငှက်ပျောလုပ်သားတွေနဲ့ ရွှေမှော်လုပ်သားတွေလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှု ကြောင့် ၁ ယောက်သေဆုံး အယောက် ၃၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ By – အမိုး
Read More » -
28 Mayသတင်း
ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဆွမ်ပရာဘွမ်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ ၃ ယောက်၊ ၉ ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆) တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်”လို့ဆိုပါတယ်။ ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆) တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။ By – Hope
Read More » -
27 Mayသတင်း
ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။ အဲဒီရွာတွေဟာ ဟုမ္မလင်းအထက်ဘက် ချင်းတွင်းမြစ်တစ်ကြောမှာရှိတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ်…
Read More » -
27 Mayသတင်း
မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့ ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ မေလ ၇ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့…
Read More » -
27 Mayသတင်း
စစ်ကိုင်း နဲ့ ကချင်အစပ်ကမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ မြို့နယ် ၃ မြို့မှာ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကောလင်း၊ ဝန်းသို နဲ့…
Read More » -
24 Mayသတင်း
ဝိုင်းမော်မှာ ငှက်ပျောသီးတင်တဲ့ကားရာနဲ့ချီပိတ်မိနေ
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ယာဥ်တန်းများလွန်းတဲ့အတွက် ငှက်ပျောသီးကားရာနဲ့ချီ ခတ်ချိုကျေးရွာတစ်ဝိုက်မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားအများစုက မြစ်ကြီးနားမြို့ဘက်ကို အဓိက ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ကြတဲ့အရပ်သားကလည်း သောင်းနဲ့ချီရှိပြီး ဝိုင်းမော်ကနေ မြစ်ကြီးနားမြို့ဘက်ကိုသွားရာလမ်းကြောင်းကလည်း တစ်လမ်းတည်းရှိတဲ့ အတွက် အခုလိုကားတွေပိတ်မိကုန်ကြတာလို့ ဒေသခံတစ်ယောက်ကပြောပါ တယ်။ “နေ့တိုင်းသွားနေကြတာပဲ မြစ်ကြီးနားဘက်ကို ပြွတ်သိပ်ပြီးတော့ပေါ့ လမ်းက လည်းဒီတစ်လမ်းပဲရှိတာကို တန်းဆီပြီးတော့ပိတ်နေကြတာ ခတ်ချိုဘက်မှာဆို ငှက်ပျောကားတွေဆိုရာချီတယ် ပိတ်နေတာ သူတို့က ကွေ့လို့လည်းမရ တွဲကား ကြီးတွေဆိုတော့လေ”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်နဲ့မြစ်ကြီးနားမြို့တို့အကြား ဧရာဝတီမြစ်ခြားထားပြီး တစ်ဖက်ကမ်း ကိုကူးဖို့အသုံးပြုလို့ရတဲ့ မြစ်ကူးတံတားက ဗလမင်းထင်တံတားတစ်စင်းပဲရှိတာ ဖြစ်ပါတယ်။ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၄ ရက်အတွင်း ဝိုင်းမော်မြို့နယ်ထဲက အရပ်သား သောင်းနဲ့ချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရပ်သားအားလုံးတိမ်းရှောင်ခဲ့ရတဲ့ ခတ်ချိုရွာတစ်ဝှိုက်မှာတော့ နေအိမ်ဖောက် ထွင်းခံရတာတွေရှိနေတယ်လို့ သိရပါတယ်။ “အခုကအကုန်လုံးလိုလိုထွက်ပြေးကုန်ကြတာ လမ်းမှာတွေ့ခဲ့တာဆိုရင် ခိုးတဲ့လူ တွေက ကားနဲ့ကိုခိုးကြတာချောင်းနေကြတာ အဲ့လိုတွေဖြစ်နေတာပေါ့ “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမော်ကနေ ဝိုင်းမော်ကိုလာတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်အဝင်ဆိုင်းဘုတ် အထိ နေရာယူထားကြပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်ရင်းတစ်ခု သာကျန်ရှိတော့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့စစ်ရေးပြင်းထန်လာတာနဲ့အတူ အရပ်သားတွေထွက်ပြေးရတဲ့ နှုန်း ဆက်တိုက်မြှင့်တက်နေသလိုတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးတွေ ကြောင့်ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ By – အမိုး
Read More » -
22 Mayစစ်ရေး
ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို KIA တပ်တွေက မေလ ၁၈ ရက်နေ့ကနေ ၃ ရက်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ် နဲ့ အနီးကပ်ဆုံးနေရာမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက တပ်စခန်းအကြီးဆိုလို့ ၅၈ တပ်ရင်းတစ်ခုသာကျန်ရှိတော့တာဖြစ်တဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမယ်ဆိုတာက မသိရဘူးလေ။ ဒါပေမယ့် ၅၈ တပ်ရင်းကို ပြန်တိုက်ပြီဆိုရင်က ဝိုင်းမော်မြို့တစ်ခုလုံးကို ယူလိုက်တာနဲ့ အတူတူပါပဲ။ KIA တပ်တွေက ဝိုင်းမော် ၅၈ တပ်ရင်းကို ပြန်တိုက်ရင်တော့ တိုက်ပွဲက ဒီထက် ပြင်းထန်လာဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒီအဆင့်လောက်မှာပဲ ရပ်နားထားမလားတော့မသိဘူး”လို့ပြောပါတယ်။ KIA အနေနဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာမှာ ရှိနေတဲ့ ခလရ ၅၈ တပ်ရင်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝိုင်းမော်မြို့တစ်ခုလုံးအထိ တိုက်ပွဲတွေ အဆက်မပြတ်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ မေလ ၂၁ ရက် မနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းဟာ ဗန်းမော်ဘက်ကိုတက်သွားတဲ့ ကားလမ်းမကြီးပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် အုပ်တံတိုင်းနံရံ၊ဘန်ကာတွေနဲ့အခိုင်အမာ တပ်ချနေရာယူထားတဲ့ ခြေမြန်တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လုံခြုံရေးတပ်ရင်းတစ်ခုဖြစ်သလို ဗန်းမော်အရှေ့ဘက်ခြမ်းအတွက်လည်း စစ်ရေးအရအရေးပါတဲ့ ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင် ၃ ရက်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ် ကားလမ်းမကြီးပေါ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ကဇူးတပ်စခန်း၊ ရင်ကွဲတောင် (Lung Zep Dap) နဲ့ မနေ့ည သိမ်းပိုက်နိုင်တဲ့ ရွှေညောင်ပင် တပ်ရင်း စတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အဆင့်မှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ ရွှေညောင်ပင်တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်တပ်တွေတပ်တွေက မြစ်ကြီးနားမြို့ဘက်နေ အတွဲလိုက်ဒုံးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIO လိုင်ဇာမြို့ဘက်ကိုလည်း ၃ ကြိမ်ထက်မနည်း စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ညသန်းခေါင်ယံမှာ လိုင်ဇာမြို့ဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပြင် အနီးတဝိုက်မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမယ့် လိုင်ဇာအနီးတဝိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံးမှာ ဆေးကုသခံယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ အတွဲလိုက် ဒုံးကျည်တွေပစ်ခတ်ခံရတာကြောင့် ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်သေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး သတိထားနေထိုင်ဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘက်က သတိပေးပြောဆိုထားပါတယ်။ ရွှေညောင်ပင်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တပ်သား ၁၀၀ ကျော်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက အရေးပါတဲ့ ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတာကြောင့် တန်ပြန်ခုခံ တိုက်ခိုက်လာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်မှာ ဝိုင်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ရွာပေါင်း ၂၀ အပါအဝင် ဝိုင်းမော်မြို့ခံတွေပါ ထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားမြို့ရဲ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။…
Read More » -
21 Mayသတင်း
ဝိုင်းမော်မြို့မကျန် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့ပါမကျန် ကျေးရွာနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်ကြတဲ့ ရွာပေါင်း ၂၀ ကျော်ရှိပြီလို့သိရပါတယ်။ ချီဖွေနဲ့ ဆဒုံးသွား ကားလမ်းမပေါ်မှာရှိတဲ့ မဒိန်၊ ခကွမ်၊ ဝူယာန်၊ မုတ်ကျိတ်၊ လမြန်၊…
Read More » -
21 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်တပ်စခန်းတစ်ချို့နဲ့ ကာကင်းစခန်းအပါအဝင် ရွှေညောင်ပင်ရွာက ခမရ ၃၂၁ တပ်ရင်းတို့ကို ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဆေးရေးတွေတင်းကြပ်လာတာဖြစ်ပြီး စိမ်းမြဧရာပန်းခြံတစ်ဝှိုက်နဲ့ မြို့ထဲကိုလာတဲ့ လမ်းမကြီးတွေရဲ့ လမ်းထောင့်တိုင်းမှာလိုလို ယူနီဖောင်းအပြည့်နဲ့ စောင့်ပြီးစစ်ဆေးဖမ်းဆီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ယောက်ကပြောပါတယ်။ “ရဲတွေကတော့ ကားကြီးတွေပေါ့ လူကြီးကားကားအမြင့်တွေ လန်ခရူဇာတို့ဘာတို့တွေကိုပေါ့ စိမ်းမြဧရာ ကစားကွင်းနားတွေ မြို့ပတ်ပတ်လည်လို့ပြောလို့ရမှာပေါ့ကွာ မြို့ထဲကိုလာတဲ့နေရာ သံလမ်းကူးနားလောက် မှာ ယူနီဖောင်းကအပြည့်နဲ့ မျက်မြင်တောင်မှ ၁၀ ယောက် ၁၅ ယောက် ထောင့်တိုင်းထောင့်တိုင်းမှာ ရှိတယ်”လို့ ပြောပါတယ်။ မေလ ၂၁ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်အပါအဝင် နေရာအတော်များများမှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပြီး လူငယ်တစ်ချို့ဖမ်းဆီးခံသွားရတယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်မသိရသေးပါဘူး။ တစ်ဖက်မှာ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအတွင်း မြစ်ကြီးနားမြို့ဘက်အခြမ်းကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ကူနေသလို လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲဟာ ဝိုင်းမော်မြို့ဘက်နဲ့နီးလာတာနဲ့အမျှ ဝိုင်းမော်မြို့တွင်းက ဒေသခံတစ်ချို့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်တာမျိုးတွေ လည်းမြင်လာရတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်ကပြောပါတယ်။ “ကေအိုင်အေနဲ့စစ်တပ်နဲ့ကလည်းနီးလာတော့ ပြည်သူတွေကစိုးရိမ်ပြီးမြစ်ကြီးနားကိုပြောင်းကြတာပေါ့ အိမ်တွေပိတ်ပြီးပေါ့ အိမ်စောင့်လောက်ပဲကျန်တော့တာ မြို့လုံးဝစွန့်ကြတာလည်းမဟုတ်ဘူး မြို့ကတော် တော်တော့ခြောက်ကပ်သွားပြီ” လို့ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ဘက်ခြမ်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မော်ဖောင်းရွာအနောက်ဖက်ကအမြှောက်တပ် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံး မှာ လက်နက်ကြီးအထိုင်ချပြီးပစ်ခတ်နေတာလို့ မြစ်ကြီးနားမြို့တွင်းက ကာကွယ်ရေးတပ်ဘက်ကပြောပါ တယ်။ “သူတို့ပစ်တဲ့လက်နက်ကြီးကတော့ ၁၂၀ မမ များတယ် သူတို့ပစ်နေတာကိုအသံနားထောင်ရင် သိသာ တယ်။ ပြီးတော့ နေရာတွေကတော့ ကြက်ပေါင်ခြံရပ်ကွက်က ကြံ့ခိုင်ရေးရုံးမှာလက်နက်ကြီး ထောင်ထားတယ် လည်းကြားတယ်၊ ပြီးရင် အမြှောက်တပ်က လက်နက်ကြီးတွေကိုလည်း မပခထဲ ရွှေ့ထားတယ်ပြောတယ်” ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်အဖွဲ့တွေဟာ ဒီကနေ့ မေလ ၂၁ ရက်နေ့အထိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒဘတ်ချောင်းအနီးတစ်ဝှိုက်မှာရှိတဲ့ စခန်း ၉ ခုလောက်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ဝိုင်းမော်မြို့ပေါ် ဘက်ကို စစ်ရေးကဦးတည်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကသုံးသပ်နေကြပါတယ်။ By – အမိုး
Read More »









