တိုက်ပွဲ
-
May- 2024 -20 Mayသတင်း
မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
“အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း တော့လည်းခန့်မှန်းလို့တောင်မရပါဘူး ၃ ရက်ရှိပြီ ဒီမနက်လည်းကြားတယ်၊ ဒီမနက်လည်းတော်တော်ကို ကျယ်တယ်၊ ညလည်းတစ်ညလုံးပဲ မနေ့ကဆို နေ့ကို တစ်နေကုန်ပဲဆော်နေတာ” ဒါ့ကတော့ ဒီရက်ပိုင်းအတွင်း မြစ်ကြီးမြို့တစ်မြို့နယ်လုံးနီးပါးကနေ လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတဲ့အခြေနေကို မြစ်ကြီးနားမြို့ဒေသခံတစ်ယောက်ပြောပြတာပါ။ ကချင်ပြည်နယ်…
Read More » -
20 Mayသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး
တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊ ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။
Read More » -
20 Mayသတင်း
ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(wuhtau Bum) လိုင်ဖောင်(Lai Hpawng)၊ ဒိန်ဂါ(Ding Ga)၊ ရင်ကွဲတောင်(Lung Zep Kadawng)၊ ကဇူး(Katsu)၊ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ(Hka Shi) စတဲ့ နေရာတွေမှာရှိတဲ့ တပ်စခန်းတွေကို KIA က နှစ်ရက်ထဲ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မြောက်တဲ့ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်းသိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်းအနည်းငယ်ကျန်သေးတယ်။ ဝိုင်းမောက်မြို့ အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။ ရွှေညောင်ပင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာ KIA က ကျေးရွာကို အသာစီးထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့မှာ သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ ကဇူးတပ်စခန်းအကြီးကိုလည်း ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ KIA တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဂါးရာယာန်(Ga Ra Yang) ကျေးရွာမှာ အနည်းငယ်ကျန်ရှိနေတာဖြစ်တဲ့အတွက် ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကဇူးနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွေဟာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒီစစ်ကောင်စီတပ်သားတွေအများပိုင်း ရွာအတွင်း နေရာယူပုန်းခိုပြီးခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်ုသိမ်းယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့ မရောက်မှီ ခါးရှီ(Hka Shi)အထိ KIA တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်သွားပြီး အဲဒီတစ်ကြောမှာ ရွှေညောင်ပင် တပ်စခန်းတစ်ခုသာကျန်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်ပြီးတော့ မေလ ၁၉ ရက်နေ့ လောက်ကနေ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုလမ်းခွဲအထိမေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…
Read More » -
18 Mayသတင်း
ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ…
Read More » -
18 Mayသတင်း
ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘင့်ပူကောင့်(Bin Pu Kawng) ၊ ဝထောင်ဘွမ့်(Wa Htau Bum) အနီးတဝိုက်မှာရှိတဲ့ ဒဘတ်၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါ စစ်တပ်စခန်းအားလုံးနဲ့ ကဇူး၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း၊ အောင်မြေ(၁) ကနေ ခါးရှီ(Hka Shi) အထိ တစ်ကြောလုံးရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို KIA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဝိုင်းမော်အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတာက ဝိုင်းမောက်တစ်ကြောမှာရှိတဲ့ တပ်စခန်းတွေပဲဟုတ်တယ်။ အခုတောင် စခန်းတစ်ချို့က သိမ်းနိုင်လို့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ကြားတယ်။ ဝိုင်းမော် ၃၂၁ တပ်ရင်းတွေကတော့ အခုချိန်အထိ နားလိုက်ပစ်လိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်”လို့ပြောပါတယ်။ KIA က တပ်စခန်း ၁၀ ခုလောက်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အထဲမှာ ဘင့်ပူကောင့် (Bin Pu kawng) နဲ့ ဝထောင်ဘွမ့်အပါ ကဇူးတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဒီကနေ့ ၁၁ နာရီအထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ တပ်စခန်းနေရာတွေမှာ ရှင်းလင်းရေးဆောင်ရွက်နေပြီလို့ သိရပါတယ်။ ကဇူးတပ်စခန်းကိုတော့ KIA တပ်တွေ တပ်စခန်းထဲဝင်ရောက်သိမ်းပိုက်တာတွေရှိပေမယ့် ကဇူးကျေးရွာထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ အခုသိမ်းပိုက်ထားပြီဖြစ်တဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(Wa Htau Bum) လိုင်ဖောင်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဝိုင်မော်မြို့နယ်ခြမ်း ဒဘတ်ချောင်းအနီးတဝိုက်မှာ ကျန်ရှိနေသေးတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းအကြီးတွေဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြီးခဲ့တဲ့ မတ်လထဲမှာ ပထမတစ်ကြိမ် သိမ်းပိုက်ထားနိုင်ပြီး ပြန်လည်တပ်ဆုတ်ထားတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂) တပ်စခန်းနေရာတွေကိုလည်း ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တစ်ကြောပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ KIA ရဲ့ နောက်ဆုံးစခန်းသိမ်းပိုက်ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက အခုလို သုံးသပ်ပြောဆိုပါတယ်။…
Read More » -
15 Mayသတင်း
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး
ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
13 Mayသတင်း
စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ ကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဥ် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အထဲက အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို မေလ ၁၂ ရက်နေ့မွန်းလွှဲ ၁ နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းတာက ဒီဘက်ကျွန်တော်တို့ LPDF တွေကဖမ်းမိလိုက်တာ သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ထွက်လာတာဟုတ်တယ် ရွာထဲမှာဖမ်းလိုက်မိတာ အရာခံဗိုလ်တစ်ယောက်၊တပ်သားတစ်ယောက်ပါတယ် ခုတော့စစ်ဆေးနေတုန်း”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့တွေက စိစစ်နေဆဲဖြစ်တယ်လို့သိရပြီး စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဝင်ရောက်သိမ်းပိုက်စဥ် ရဲစခန်း၊ ကာကင်းဂိတ်နေရာတွေက စစ်ကောင်စီတပ်သားများ၊စင်းခန်းချောင်းကူးတံတားတွေမှာ အထိုင်ချထားတဲ့စစ်ကောင်စီစစ်သားတွေဟာ ရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းတပ်စခန်းထဲကို ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့် တာဝါတိုင်းကုန်းတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ ညနေပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် တာဝါတိုင်ကုန်းမှာရှိနေတဲ့ စစ်ကောင်စီစစ်သား၊ရဲနဲ့ပျူစောထီးတွေ စုပေါင်းအင်အား ၈၀ ဝန်းကျင်ဟာ ညတွင်းချင်း ရွှေကူနယ် တောတောင်တွေထဲကို ထွက်ပြေးသွားပြီး KIA ပူးပေါင်းတပ်ကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ပထမကတော့ထွက်ပြေးသွားတဲ့အဲ့အဖွဲ့က ရွှေကူတပ်ထဲကိုရောက်နေပြီဆိုပြီး ဆိုက်ဝါးသတင်းဖြန့်တာတကယ်တော့မရောက်သွားဘူး ဥဒေါင်းတောင်ခြေတစ်ဝိုက်မှာပဲပျောက်နေတယ်။ ဘယ်နေရာမှာပျောက်နေလဲတော့မသိဘူးအဲ့တစ်ဝိုက်မှာက လှိုင်ဂူတွေလည်းပေါတယ်။ လှိုင်ဂူတွေထဲအောင်းနေတာဖြစ်မယ် မနေ့ကဒီကနေ့စစ်ကြောင်းတစ်ကြောင်းတော့တက်သွားတယ် သူတို့ရှာဖို့ဆိုပြီး”လို့ ရွှေကူ KPDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ မေလ ၁၂ ရက်နေ့ စစ်ကောင်စီစစ်သားနှစ်ဦးကို ဖမ်းဆီးရမိတဲ့ ဇင်းဘုံကျေးရွာဟာ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းရဲ့တောင်ခြေမှာရှိတာဖြစ်ပြီး ကျန်ရှိနေတဲ့စစ်သားတွေလည်း အဲ့ဒီတောင်ခြေ တစ်ဝိုက်မှာပဲပျောက်ဆုံးနေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေထဲက အများပိုင်းဟာ မေလ ၁၀ ရက်နေ့လောက်ကတည်းက နေရပ်ပြန်ဝင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက ဗန်းမော်မြို့အပါ မံစီ၊မိုးမောက်မြို့တွင်းထဲက စစ်ကောင်စီအထိုင်တပ်တွေနဲ့ရဲစခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူ ထောင်ချီလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw
Read More » -
11 Mayသတင်း
ဖောင်းပြင်က စစ်တပ်နဲ့ပျူစောထီးပူးပေါင်းတပ်စခန်းနှစ်ခုကို PDF သိမ်းပိုက်
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် စစ်တပ်နဲ့ပျူစောထီးပူးပေါင်း တပ်ထိုင်ထားတဲ့ တပ်စခန်းနှစ်ခုကို PDF တွေ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။ ဖောင်းပြင်မြို့နယ် ဆိတ်ဆားကျေးရွာနဲ့ ဟာပါကျေးရွာထဲမှာ ပူးပေါင်းတပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေရဲ့စခန်းကို ဖောင်းပြင်PDFနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်ရရှိထားတယ်လို့ ဖောင်းပြင် PDF တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ရလိုက်ပြီ မနက် ၁၀ နာရီမှာရလိုက်တယ် စကစ စစ်သားတွေနဲ့ပျူတွေက ဖောင်ပြင်ဘက်ကိုပြေးသွားကြတယ်။ အဲ့တာကိုဒီဘက်တော်လှန်ရေးတပ်ဖွဲ့တွေ ကနောက်ကနေလိုက်ပြီးလိုက်ပစ်သေးတယ်…
Read More » -
10 Mayသတင်း
တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့…
Read More » -
8 Mayသတင်း
ကသာမှာ တိုက်ပွဲဖြစ်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၇ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ကသာမြို့ရဲ့ မြို့အစွန်ရပ်ကွက်၊ မြို့ပြင်ကရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မြို့ပြင်က…
Read More »









