ကချင်ပြည်နယ်တွင် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပ

မြန်မာ တိုင်းရင်းသား သတင်းမီဒီယာများ၏ အကြီးဆုံး မီဒီယာညီလာခံကို နိုင်ငံမြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု နှင့် ဒုက္ခသည်ပြဿနာများ ကြံနေရသည့် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် သုံးရက်ကြာ ကျင်းပခဲ့သည်။ “တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာ” ဆောင်ပုဒ်အောက် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို မြစ်ကြီးနားမြို့ ကချင်ရိုးရာမနောကွင်း Majoi Gawknu (မဂျွယ်ခန်းမ)တွင် စက်တင်ဘာလ ၁၆ မှ ၁၈ ရက်ထိ ပြုလုပ်ခဲ့သည်။ တိုင်းရင်းမီဒီယာညီလာခံပြုလုပ်ရသည့်အဓိက ရည်ရွယ်ချက်မှာ ‘တိုင်းရင်းမီဒီယာများ ရေရှည် တည်တံ့ရေး၊…