တောင်ပြိုရွာ
-
Feb- 2026 -13 Februaryသတင်း
ဖားကန့်မှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးထိခိုက်ပြီး တစ်ဦးသေဆုံး
ဖားကန့် မော်ဝမ်းကြီးကျေးရွာအနီး ရှရော်ခ၊ တောင်ပြိုကျေးရွာမှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး၊ နောက်ထပ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေ ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။ “ကလေးငယ်တွေ သေဆုံးတဲ့ ကိစ္စက တောင်ပြိုမှာ ဖြစ်သွားတာဟုတ်တယ်။ တွေ့ရှိတဲ့သူတွေ ပြောသလောက်ဆိုရင် ကလေးတွေက မြေမြှုပ်မိုင်းကို ကျောက်ခဲနဲ့ သွားထုရင်း ဆော့နေကြတယ်လို့ ပြောတယ်။ အဲဒီနေရာကလည်း လက်ရှိ စစ်ရေးတင်းမာနေတဲ့ ရှေ့တန်းနယ်မြေဖြစ်တယ်။ ကလေးတွေ အဲဘက်ဘယ်လို ရောက်သွားကြလဲ မသိဘူး” လို့ ပြောပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာမှာ အသက် ၇ နှစ်အရွယ် မောင်နေဝင်းထွန်းဆိုသူ ကလေးငယ်က ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နောက်ထပ် ကလေးငယ် ၃ ဦးက အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်း၊ အသက် ၂ နှစ်အရွယ် မောင်မင်းသူရိန် နဲ့ အသက် ၈ နှစ်အရွယ် နန်းခိုင်စိုး စတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ပြိုကျေးရွာဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေရှိခဲ့ပြီး ဖားကန့် ဗျူဟာကုန်းရဲ့ အနောက်ဘက်ခြမ်း ၄ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကလေးငယ် ၄ ဦးထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီးနောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက “လက်နက်ကြီးကျပြီး ပေါက်ကွဲသွားတာတော့မဖြစ်နိုင်ဘူးလို့ပြောရမယ်။ အဓိကတော့ အားလုံးသိထားတာလည်း လမ်းဘေးက မိုင်းဆော့နေရင်းနဲ့…
Read More »
