ထီးချိုင့် မြို့မ ရဲစခန်းအနီး နေထိုင်သူများကို အမြန်ရွေ့ပြောင်းရန် စစ်ကောင်စီတပ် သတိပေး

စစ်ကိုင်းတိုင်း ထီးချိုင့် မြို့မ ရဲစခန်းအနီး‌ နေထိုင်သည့်ပြည်သူများအနေဖြင့် ၆ ရက်အတွင်း ပြောင်းရွေ့ပေးရန် စစ်ကောင်စီလက်အောက်ခံ ထီးချိုင့်မြို့မရဲစခန်းမှ သတိပေးထားကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ထီးချိုင့်မြို့မရဲစခန်းအနီးရှိ သရက်မှော်ရပ်ကွက်၊ ရွာသစ်ကုန်းရပ်ကွက်နှင့် လူနေအိမ်များကို ၆ ရက်အတွင်း အပြီးပြောင်းရွေ့ကြရန် ထီးချိုင့် မြို့မရဲစခန်း မှ ဧပြီ ၃၀ ရက်နေ့တွင် သတိပေးလာသောကြောင့် ပြည်သူအချို့ စတင်ပြောင်းရွေ့နေကြပြီဟု ထီးချိုင့်မြို့နေပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ “ဒီလ ၅ ရက်နေ့