ဓါးခုတ်မှု

  • Nov- 2023 -
    3 November
    သတင်း

    သားဖြစ်သူရဲ့ရန်ပွဲကို သွားတားရာကနေ သားအဖ ၂ ဦးဓါးခုတ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဂျပန်တံတားထိပ်တစ်နေရာမှာ အချင်းများရန်ဖြစ်နေတဲ့သားဖြစ်သူရဲ့ ရန်ပွဲကိုသွားတားရာကနေ သားအဖ ၂ ဦးစလုံး ဓါးခုတ်ခံရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ မနေ့ည ၈နာရီခွဲ ဝန်းကျင်လောက်က တပ်ကုန်းရပ်ကွက် ဂျပန်လမ်းထိပ်မှာ လူငယ်တစ်စုနဲ့ရာဒါကောင်ရပ်ကွက်နေ ဦးအေးဆွေရဲ့သား ရန်ဖြစ်နေကြောင်း ကြားရတဲ့အတွက် ဦးအေးဆွေဟာ သားဖြစ်သူနောက်လိုက်သွားရာကနေ သားအဖ ၂ ဦစလုံး ဓားနဲ့အခုတ်ခံလိုက်ရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ “သားအဖနှစ်ယောက်လုံးအခုတ်ခံရတာဟုတ်တယ်။အသတ်အန္တရာယ်စိုးရိမ်ရသလောက်ထိတော့မဟုတ်ပေမယ့် ဒဏ်ရာတော့ပြင်းတယ်”လို့ပြောပါတယ်။ ကျူးလွန်တဲ့သူတွေကထွက်ပြေးသွားတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူကတစ်ဆင့် သိရပါတယ်။ ဓါးခုတ်ခံရတဲ့ သားအဖ ၂ဦးဟာ ရာဒါကောင်ရပ်ကွက်ရပ်ကွက်နေ ဦးအေးဆွေဆိုသူဖြစ်ပြီး ဦးခေါင်း ရင်ဘတ်နဲ့ဘယ်လက်တွေမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် သားဖြစ်သူရဲ့အခြေ အနေကိုတော့ဧရာဝတီလူမှုကယ်ဆယ် ရေးအသင်းကခေါ်ဆောင်သွား တဲ့အတွက်ဒဏ်ရာ အသေး စိတ်ကိုတော့ သေချာမသိလိုက်ရဘူးလို့ သူကဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ခုလိုဉပဒေမဲ့ ခိုးဆိုးလုနိုက်ရန်ဖြစ်တာ တွေပိုမိုများပြားလာပေမယ့် သေချာဖမ်းဆီး အရေးယူ အပြစ်ပေးနိုင်တာတွေလျှော့နည်း လာတယ်လို့လည်း မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးကသုံးသပ်ပြောဆိုထားပါတယ်။ By –…

    Read More »
Back to top button