နောင်တာလော

  • Jul- 2024 -
    19 July
    သတင်း

    ရေဘေးဒဏ်ကြောင့် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေး ရွာ ၃ရွာက လူနေအိမ် ၈၀ ဝန်းကျင်ထိခိုက်ပျက်စီး

    ရေဘေးသင့်ခဲ့တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၃ ရွာက နေအိမ် ၈၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထစနစ်နဲ့လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက်ပျက်စီသွားတဲ့ရွာတွေဟာ မိုင်းနားကျေးရွာ၊ ခတ်ချိုနဲ့ နောင်တာလော ရွာတွေကဖြစ်တယ်လို့  ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားအချက်အရ သိရပါတယ်။ အဲဒီထဲမှ ထိခိုက်ပျက်စီးမှုအများဆုံးဟာ မိုင်းကျေးရွာအုပ်စုထဲက ဟိုးလော်နဲ့ရဝမ်ကထောင်ရပ်ကွက်အပြင် နောင်တလောကျေးရွာမှာရှိတဲ့ ရေလည်ကျွန်းက နောင်တာလော ရပ်ကွက် ၂တို့ ဖြစ်တယ်လို့ သိရပါတယ်။ “ထိခိုက်ဆုံးရှုံးမှုတွေကတော့ နေအိမ်တွေ ဝန်းတွေ ပေ ၆၀နဲ့ ၇၀ ဝန်းကျင်လောက်တော့ရှိမယ်ထင်တယ် မြေပြိုပြီးပါသွားတယ်”လို့ မိုင်းနားရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ မိုင်းနားကျေးရွာအုပ်စု ထိခိုက်ပျက်စီးသွားတဲ့နေအိမ် ၁၆ အိမ်၊ ခတ်ချိုကျေးရွာ နေအိမ် ၃၈ အိမ်၊ နောင်တာလော‌ကျေးရွာရပ်ကွက်(၂)က ရေလည်ကျွန်းမှာရှိတဲ့ အိမ်ခြေ(၂၆) အိမ်ထဲက ၅ အိမ်သာကျန်ရှိတော့တယ်လို့ နောင်တာလောအခြေစိုက် မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းရဲံ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “အဓိကအားဖြင့်အိမ်လုံးဝမရှိတော့တဲ့သူတွေအတွက်တော့ တအားခက်ခဲနေတယ်ပေါ့ စားဖို့သောက်ဖို့ကအစပေါ့ သူတို့က အိမ်တွေဝင်းတွေအကုန်ပါသွားတဲ့အခါကြတော့ သူတို့အတွက် ကူညီပေးနိုင်တဲ့အဖွဲ့အစည်းတွေ နေမယ့်နေရာနဲ့ စားဖို့သောက်ဖို့ကူညီပေးရင်တော့ ကောင်းတာပေါ့”လို့ သူကဆက်ပြောပါတယ်။  နေအိမ်နဲ့ အိမ်ခြံဝန်းတွေ ထိခိုက်ဆုံးရှုံးသွားတာကတော့ များသောအားဖြင့် မြစ်ကမ်းနားဘေးနားနေထိုင်တဲ့သူတွေဖြစ်ပြီး လတ်တလောမှာတော့ နီးစပ်ရာဆွေမျိုးတွေရဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်တဲ့သူတွေရှိသလို တစ်ချို့ကတော့ နေအိမ်တွေပြိုသွားပေမယ့် အဲဒီခြုံဝန်းထဲမှာဘဲ တဲထိုးပြီးနေနေကြတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ အခုလိုပျက်စီးဆုံးရှုံးမှုအခြေအနေတွေကြောင့် ဝိုင်းမော်မြစ်ကမ်းပါးတစ်လျှောက်မှာနေထိုင်တဲ့သူတွေအနေနဲ့လည်း ကမ်းပါးတစ်လျှောက် ရေကာတာတွေကို သေချာဆောက်လုပ်ပေးဖို့ မျှော်လင့်နေကြတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ဝိုင်းမော်မြို့နယ်တစ်ဝိုက်မှာ ကေအိုင်အေပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးပြင်းထန်နေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သေချာတာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အပြင် ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပက်သက်ပြီး ဝိုင်းမော်ဒေသခံတွေနဲ့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေ ကသာ ကိုယ်ထူကိုယ်ထဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ ဇူလိုင်လ လဆန်းပိုင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော် စံချိန်တင်မြင့်တက်ခဲ့တာကြောင့်…

    Read More »
  • 11 July
    သတင်း

    နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး  အမျိိုးသား ၄ ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ  အစာအဆိပ်သင့်ပြီး  အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ ၃ ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ “သူတို့ပြောတာကတော့ ဝမ်းလျှောတယ် အန်တယ်တယ်တဲ့ပြီးတော့ အသက်ရှုကြပ်တာတွေဖြစ်တယ် သေသွားတဲ့ လူနာတွေကတော့ လည်ပင်းမှာမည်းလာတယ်လို့ ပြောတယ် ညိုညို မည်းမည်းကြီးပေါ့ အဲဒီလက္ခဏာတွေပြတယ်တဲ့”လို့ မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ ကျန်နေသေးတဲ့ အစာအဆိပ်သင့်လူနာတွေကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ဖို့ မြင့်မြတ်စေတနာနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်သွယ်လာတာကြောင့် ၁၅ ဦးထပ်ပြိီး ပို့ပေးခဲ့ရာ အဲဒီထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး ကျန်တဲ့လူနာတွေကတော့ ကာကွယ်ဆေးထိုးပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ အရက်ဆိုင်ဖွင့်တဲ့နေရာအနီးမှာ အဆောင်အိမ်တန်းလျားပုံစံအိမ်ငှားနေထိုင်တဲ့နေနေရာမျိုးဖြစ်တဲ့အတွက် အနီးတစ်ဝိုက်မှာနေတဲ့ အမျိုးသားတစ်ချို့အရက်သွားသောက်ရာကနေ အဆိပ်သင့်ခဲ့တာဖြစ်ပြီး အရက်နဲ့အတူ ဒညှင်းသီး၊ အမဲသားနဲ့ ငါးခြောက်တွေလည်း တွဲစားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီအရက်ရောင်းတဲ့ဆိုင်ကအရက်ချက်တဲ့အခါသုံးတဲ့ပါဝင်ပစ္စည်းတွေကို  ဓာတ်ခွဲခန်းမှာစစ်ဆေးဖို့ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေယူသွားပြီး အရက်ဆိုင်ပိုင်ရှင်ကိုတော့ တာဝန်ရှိသူတွေခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ လတ်တလောမှာဆိုရင်လည်း အခုလို အစာအဆိပ်သင့်သူတွေဟာ ရေကြီးတဲ့အချိန်မျှောပါလာတဲ့တိရစ္ဆာန်တွေကို ချက်ပြုတ်စားသောက်ရာကနေဖြစ်ရတာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမယ့်  KNG ဘက်က သေချာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အစာအဆိပ်သင့်နိုင်တဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ ကိုမေးမြန်းကြည့်ရာမှာကတော့ ငါးနဲ့တခြား  အသားအစိမ်းတွေမှာတွေ့ရတတ်တဲ့ နိုရိုဗိုင်းရပ်(Norovirus) လို အရာမျိုးတွေကြောင့်လည်း အစာအဆိပ်သင့်နိုင်ချေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အစာအဆိပ်သင့်ပါက ကျောက်ကပ်ကို ထိပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ ပျို့အန်တာတွေကို ဖြစ်စေနိုင်သလို့ ရေဓာတ်ခန်းချောက်တာတွေကိုပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ “တချို့ အစာအဆိပ်သင့်တဲ့အချိန်အရမ်းအန်လိုက်တာမျိုး ဝမ်းအရမ်းလျှောတာမျိုး ဖြစ်သွားတော့ ရေဓာတ်ခမ်းချောက်ပြီး ရေဓာတ်မြန်မြန်ပြန် မဖြည့်ပေးနိုင်တဲ့အတွက် ကျောက်ကပ်တွေ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးတာတွေ ဖြစ်နိုင်တယ် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရေဓာတ်နဲ့ ခုခံအားတော့ မတူဘူးပေါ့”လို့  Kachin Backpack အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့  ခုလို အဆိပ်သင့်တဲ့ အချိန်တွေဆိုရင် ဆေးရုံတွေမှာ ဆိုရင်တောင် ဖြေဆေးကို ချက်ချင်းရှာရခက်တဲ့အတွက် ထန်းညက်နဲ့ ကန်စွန်းရွက်ကိုထောင်းပြီး အဆိပ်ဖြေနိုင်သလို  ရေဓာတ်မခမ်းချောက်အောင် ဓာတ်ဆားထုပ်ကိုလည်း အမြဲဆောင်ထားသင့်ပြီး ဓာတ်ဆားထုပ်မရှိပါက ဆား၊ သကြားနဲ့ ရေသန့်တွေကို သေချာ ပေါင်းစပ်ပြီး အသုံးပြုနိုင်တယ်လို့ သူက အကြံပြုပါတယ်။ လက်ရှိဝိုင်းမော်မြို့နယ်က စစ်ရှောင် စခန်းတွေမှာ ဆိုရင်လည်း သောက်ရေ သုံးရေ မလုံလောက်မှုနဲ့ ညစ်ပတ်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအပြင် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ By – Hope

    Read More »
Back to top button