ပညာရပ်စုံ
-
Jul- 2024 -15 Julyအင်တာဗျူး
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU) ရဲ့ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက်ကျောင်းဝင်ခွင့်လျှောက်လွာတွေကို ဇူလှိုင်လ ၉ ရက်နေ့ကနေစပြီးတော့ စတင်လက်ခံနေပြီဘဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU) ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် KIO အစိုးရတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ တည်ထောင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး ဒီနှစ်ကတော့ တတိယအကြိမ်မြောက်ကျောင်းဝင်ခွင့်လျှောက်လွာတွေကို လက်ခံနေတာဘဲ ဖြစ်ပါ တယ်။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။ မေး–ကျေးဇူးပြုပြီးတော့ ဆရာတာဝန်ယူထားတဲ့အပိုင်းနဲ့ ဆရာ့နာမလည်လေး တစ်ချက်လောက်မိတ်ဆက်ပေးပါအုံးဆရာ။ ဖြေ–ကျွန်တော်ကတော့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU)ကျောင်းရဲ့ ဒုအဓိပတိဖြစ်တဲ့ ဒေါက်တာအောင်နိုင်သူဖြစ်ပါတယ်။ မေး– ပထမဆုံးအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားရမဲ့ပုံစံနဲ့၊သင်ကြားမဲ့ဘာသာရပ်တွေကို ပြောပြပေးပါအုံးဆရာ။ ဖြေ– လျှောက်လွှာတွေကိုတော့ လတ်တလောအခြေအနေအရ အွန်လိုင်း(online)ကနေပြီးတော့ ဆရာတို့မပေးနိုင်သေးဘူး on ground ကနေတင်ရမယ် တင်တဲ့အခါမှာ လူကိုယ်တိုင်ဖြစ်စေ ကိုယ်တိုင်မဟုတ်ရင်တောင် ခင်ရာမင်ရာ ကိုယ်စားဖြစ်စေ တင်ရမယ်။ လျှောက်လွှာကိုတော့ ဘယ်မှာယူရမလဲဆိုရင် ဆရာတို့ KSCUရဲ့ ဌာနချုပ်(main…
Read More » -
Feb- 2023 -25 Februaryသတင်း
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင် ပြုလုပ်
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် NUG အစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒု–ဝန်ကြီး ဆရာမ ဂျာထွယ်ပန် တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တက္ကသိုလ်၏ အဓိပတိ ဒု–တိယဗိုလ်ချူပ်ကြီး…
Read More »