ပလန ရဲစခန်းပတ်ခတ်ခံရမှုတွင် ရဲတစ်ဦး ထိမှန်သေဆုံး

မြစ်ကြီးနား ပလနနယ်မြေ ၃ ရှိ နယ်မြေရဲစခန်း ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင် ပစ်ခတ်ခံရမှုတွင် ရဲတပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးမှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ "ရဲစခန်းအတွင်းမှာက တစ်ယောက်သေတယ်လို့ပြောတယ်။ ဆေးရုံကားနဲ့လည်း လာသယ်သွားကြတယ်။ အထဲမှာ ဘယ်ထိဖြစ်တာလဲဆိုတာတော့ မသိရဘူး။ သေတယ်ဆိုတာကတော့ မှန်တယ်။ အနီးပတ်ဝန်းကျင်မှာလည်း ပြောဆိုနေကြတယ်"ဟု ရဲစခန်းအနီးရှိသည့် ဒေသခံတစ်ဦးက KNG ပြောဆိုသည်။ ပလန ရဲစခန်းဝင်းအတွင်းအထိ အမည်မသိအဖွဲ့အစည်းမှ လူငယ် ၂ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်နက်ကြီး