ပလနရဲစခန်းအနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေ ရဲစခန်းတွင် ယနေ့ မနက်ပိုင်း ၅ နာရီခွဲမှ ၆ နာရီအတွင်း ပေါက်ကွဲမှုနှင့် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ရဲစခန်းအနီး နေထိုင်သူများပြောသည်။ "ပစ်ခတ်သံတွေကြားရတယ် တိုက်ပွဲဖြစ်တာထင်တယ်။ ပလနရဲစခန်းကိုလာပစ်သွားတာထင်တယ် လက်နက်ကြီးတွေနဲ့ပစ်လိုက် သေနတ်နဲ့ပစ်လိုက်အဲ့လိုကြားနေရတယ် ဆက်တိုက်ပဲ ၁၀မိနစ်တော့ကျော်မယ်ထင်တယ် လက်နက်ကြီးသံ ကြားလိုက်သေနတ်သံကြားလိုက်နဲ့ပေါ့"ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။ ဗုံးသံ ပထမဆုံး ကြားရပြီးနောက် ရဲစခန်းမှာ ပြန်လည်ပစ်ခတ်သည့်