ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့

ပူတာအိုမြို့အနီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကို ရှင်းလင်းရန်နှင့် နယ်မြေစိုးမိုးရန် စစ်ကောင်စီတပ် အင်အား ရာချီ တန်ဂျာနှင့် လုန်ရှာယန်ကျေးရွာတွင် အင်အားတိုးချဲ့ ထားသည်ဟု သိရသည်။ ယခုအပတ် ဧပြီ လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဘက်ခြမ်းမှ စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် လုန်ရှာယန်အုပ်စုအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာ လူနေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။