,

Breaking News :

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ပူတာအိုမြို့အနီး KIA တပ်များကို ရှင်းလင်းရန် စစ်ကောင်စီတပ် အင်အားတိုးချဲ့

ဓါတ်ပုံ – မြစ်ကြီးနား ဗန်းမော်လမ်းမပေါ်တွင် တွေ့ရသော စစ်ကောင်စီယာဉ်တန်း တစ်ခု

ပူတာအိုမြို့အနီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကို ရှင်းလင်းရန်နှင့် နယ်မြေစိုးမိုးရန် စစ်ကောင်စီတပ် အင်အား ရာချီ တန်ဂျာနှင့် လုန်ရှာယန်ကျေးရွာတွင် အင်အားတိုးချဲ့ ထားသည်ဟု သိရသည်။

ယခုအပတ် ဧပြီ လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည် ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဘက်ခြမ်းမှ စစ်ကြောင်း ၂ ကြောင်း အင်အား ၃၀၀ ဝန်းကျင်ခန့်ဖြင့် လုန်ရှာယန်အုပ်စုအတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာ လူနေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

စစ်ကောင်စီဘက်မှ ယခုလို ပြည်သူများနှင့် ရောနှောကာ ကျေးရွာအတွင်း စစ်အင်အားအများအပြားဖြင့် ဝင်ရောက်နေထိုင်သောကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“ဒီမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာတာက ၁ ပတ်လောက်ရှိလာပြီ။ အဓိကတော့ လုန်ရှာယန်နဲ့ တန်ဂျာကျေးရွာ ၂နေရာမှာ ဟုတ်တယ်။ တန်ဂျာကျေးရွာမှာဆိုရင် ရွာအတွင်းမှာကို နေထိုင်ကြတယ်။ အခုဆို ဒေသခံတွေက သွားလာရေးတွေမှာ စိတ်ဆင်းရဲနေရတယ်။ စစ်ကောင်စီဘက်ကတော့ ဘာမှ စိုးရိမ်စရာမလိုဘူးလို့ ပြောကြတယ်။ ဒါပေမယ့် သူတို့ဘက်က စစ်ကြောင်းတွေ အများကြီးပြန်ထိုးလာတော့ တိုက်ပွဲပြန်ဖြစ်လာဖို့က သေချာနေတယ်။ ဘာကြောင့်လဲဆိုတော့ တန်ဂျာကျေးရွာ အနီးမှာက KIA တွေလည်းရှိတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် လုန်ရှာယန်နှင့် တန်ဂျာကျေးရွာအနီး တဝိုက်တွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ကို ရှင်းထုတ်ရန်နှင့် ထိုနေရာတွင် စခန်းတစ်ခုအခြေစိုက်ရန် အစီစဉ်ရှိနေသည်ကို သိရသည်ဟု ဒေသခံပြည်များ ပြောဆိုနေကြသည်။

တန်ဂျာ ကျေးရွာအနီးတဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိနေပြီး စစ်ကောင်စီတပ်လည်း ရောက်လာသောကြောင့် နှစ်ဖက်တပ် အပြန်အလှန်စောင့်ကြည့်ကာ စစ်ရေးတင်းမာမှုရှိနေကြောင်း သိရသည်။

လုန်ရှာယန်ကျေးရွာပါအဝင် ဆွမ်ပီယန်၊ ဖတ်မာနှင့် အင်စီးယန်တို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ၁လခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၅၀၀၀ ခန့် တောတွင်းထွက်ပြေးခဲ့ရာမှာ မတ်လကုန်ပိုင်းတွင် နေရပ်ပြန်လာခဲ့ခြင်းဖြစ်သည်။

တောထဲ ထွက်ပြေးနေရသူများနှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးခဲ့ရသော ဒေသခံများ နေရပ်ပြန်နိုင်ရေးအတွက် မြစ်ကြီးနား ခရစ်ယာန်ကောင်စီ MCC ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR တို့ ဦးဆောင်ခဲ့သည်။

ထိုသို့စစ်ရှောင်များ ပြန်လည် နေထိုင်ပြီး ၁၀ ရက်ကျော်ခန့်အကြာတွင် စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာခြင်း ဖြစ်သည်။

Read Previous

အင်းတော်မြို့တွင် ကားသမား ၂ဦးကို PDF ထောက်ပံ့သည်ဟုပြောဆိုကာ စစ်ကောင်စီဖမ်းသွား

Read Next

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ပေါက်ကွဲမှုတွင် ဝန်ထမ်း ၅ ဦး ဒဏ်ရာရ

Leave a Reply

Your email address will not be published.