မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ ၂ ဦးကို ဖမ်းဆီးထား

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ က ကျေးရွာရပ်ကွက်အတွင်း ကချင်နေအိမ်များကို လိုက်လံရှာဖွေစစ်ဆေးမှုများပြုလုပ်နေပြီးနောက် ဒေသခံ ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင် ရှဒူးဇွပ် မိုးကောင်းချောင်းတံတားထိပ်ပိုင်း အနီးတဝိုက် မြေမြှုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ယမန်နေ့ညအထိ စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစစ်ဆေးနေသည်ဟု ရှဒူးဇွပ်ဒေသခံတစ်ဦး KNG ကိုပြောသည်။ “မိုင်းပေါက်ကွဲသွားတဲ့