ဖားကန့်

  • Mar- 2026 -
    18 March
    သတင်း

    ဖမ်းဆီးခံရတဲ့ အယ်ဒီတာ ကိုတာလင်းမောင်ပြန်လွတ်လာ

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ Uru News သတင်းဌာနအယ်ဒီတာ ကိုတာလင်းမောင်ပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။ ကိုတာလင်းမောင်ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်းတောင်ကျေးရွာဘက်သွားရင်း လမ်းခုလပ်တစ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီညနေ ပြန်လွတ်လာတာဖြစ်ပါတယ်။…

    Read More »
  • 18 March
    သတင်း

    ဖားကန့်မှာ မိုင်းပေါက်ကွဲရာကနေ အမျိုး သား နှစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘလခမှော်ကျေးရွာနဲ့ မှော်စီစာကျေးရွာတို့မှာ မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းမှာပဲ အမျိုးသား ၂ ဦး မိုင်းပေါက်ကွဲရာကနေ ခန္ဓာအစိတ်အပိုင်းတွေတစ်စစီပြတ်ထွက်ပြီးသေဆုံးခဲ့ရတဲ့ဖြစ်စဥ်နှစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ ဘလခမှော်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကတော့ ကျောက်ရှာဖွေသူလို့ယူဆရတဲ့ အမျိုးသား တစ်ဦး မိုင်းနင်းမိရာမှသေဆုံးသွားခဲ့တာဖြစ်ပြီး လုံးခင်းကျေးရွာကဖြစ်စဥ်ကတော့…

    Read More »
  • 17 March
    သတင်း

    ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေးမဆေးသမား ၅ ဦးသေဆုံး

    ဖားကန့်မြို့နယ် မှော်ဆီစာရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၅ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၃ နာရီခွဲလောက်မှာ မှော်ဆီစာရပ်ကွက်ရှိ စိန်စိန်ကျင်း ကျောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာ မြေစာပုံပြိုကျမှုဖြစ်ပြီး သေဆုံးမှုဖြစ်ခဲ့တယ်လို့…

    Read More »
  • 17 March
    သတင်း

    ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာ ကိုတာလင်းမောင်ဖမ်းခံရ 

    ဖားကန့်ဒေသအခြေစိုက်ဖြစ်တဲ့ Uru Daily News – ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာဖြစ်သူ ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ကိုတာလင်းမောင်ဟာ ဒီကနေ့ ညနေပိုင်း ၄ နာရီခွဲအချိန် ဆိုင်းတောင်သွားတဲ့လမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဖားကန့်ဒေသက…

    Read More »
  • 13 March
    သတင်း

    စစ်တပ်နှင့် SNA တပ်တို့ မရှီကထောင်ရွာအထိဝင်ရောက်နေရာယူပြီး တိုက်ပွဲဖော်ဆောင်လာ

    ဖားကန့် မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာပြီး နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ တစ်လကျော်ခန့်အကြာ မရှီကထောင်အနောက်ဘက်ခြမ်းရှိ KBC ဆုတောင်းကုန်းခြေရင်းနဲ့ ထုံးဘိုတစ်လျှောက်မှာ စစ်ကြောင်းထိုးခြေကုတ်နေရာယူထားတဲ့ စစ်တပ်နဲ့ SNA တပ်တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွေအထိ စစ်ရေးလှုပ်ရှားပြီးတိုက်ပွဲဖော်ဆောင်လာတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်တိုက်ပွဲက ရပ်ကွက်တွေအထိ ထိတွေ့တိုက်ပွဲတွေရှိလာတယ်။ အခုကမရှီကထောင်ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပေါ် လမ်းကြား၊ လူနေအိမ်တွေမှာကော နေပြီး စစ်ရေးလှုပ်ရှားလာတယ်။ သိရသလောက်က တစ်နေရာမှာ ၁၀ ယောက်တစ်စု၊ ၇ ယောက်တစ်စုနေရာယူထားကြပြီ။ မရှီကထောင်ရဲ့ အနောက်ဘက်ခြမ်းမှာက စစ်ရေးရင်ဆိုင်နေရဆဲဖြစ်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ မရှီကထောင်ဆုတောင်းကုန်းတစ်လျှောက်ကို သိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ သို့ပေမယ့် မရှီကထောင်ဆုတောင်းကုန်း အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားပြီးတော့ ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကြောင်းထိုးတက်လို့မရဘဲ လက်ရှိမှာ မရှီကထောင်ကျေးရွာတွင်းအထိ စစ်ရေးလှုပ်ရှားလာတာဖြစ်ပါတယ်။ မရှီကထောင်ကျေးရွာတွင်း နေရာယူပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက နေအိမ်တွေကိုဖောက်ထွင်းပြီး တန်းဖိုးရှိ အိမ်တွင်းပစ္စည်းတွေကို ခိုးယူတာတွေလည်း ဆက်ပြီးလုပ်နေတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြီးပြောပြပါတယ်။ “အခုက မရှီကထောင်ကျေးရွာထဲမှာ နေရာယူထားပြီးတော့ သွားလာတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို သယ်နိုင်သလောက် တခြားနေရာကို သယ်ယူကြတယ်။ ပြည်သူတစ်ချို့က စိုးရိမ်ပြီးတော့ ကိုယ့်အိမ်ထဲမှာပဲရသလိုနေကြတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မရှီကထောင်အနောက်ဘက်ခြမ်း တိုက်ပွဲစတင်ပြင်းထန်လာချိန် KBC ဆုတောင်းကုန်းပတ်လည်နေထိုင်ကြတဲ့ အိမ်ထောင်စု ၅၀ ခန့်က ပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ ပြည်သူတွေအများပိုင်း နေအိမ်စွန့်ခွာပြီး ထွက်သွားပြီးနောက် စစ်တပ်က ရွာထဲဝင်ရောက်ခွင့်ကို ထပ်မံပိတ်ဆို့လိုက်ကာ နေအိမ်အတွင်းမှ ကျောက်စိမ်းတုံး၊ ကျောက်စိမ်းတူးဖော်ရာမှာအသုံးပြုတဲ့ စက်ယန္တရားသေးစားနဲ့ ကျောက်မီးသွေးတွေကိုပါ ခိုးယူမှုရှိခဲ့ပါတယ်။ တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ပြည်သူတွေက အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ဖားကန့်တပ်မကုန်းအထိ သွားရောက်ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ခွင့်မပြုဘဲ ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ဖြစ်စဉ်တွေလည်း ဖေဖော်ဝါရီလအတွင်းမှာဖြစ်ခဲ့ပါတယ်။ ယခုတစ်ဖန် မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူမရှိတဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာတွေဆက်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ ဖားကန့်မရှီကထောင်အနောက်ဘက်ခြမ်းမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတစ်လုံးနှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ ယခုမတ်လအတွင်းမှာ အနည်းငယ်ငြိမ်သက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်တပ်တိုက်ပွဲတွေငြိမ်သက်သလိုရှိပေမယ့် တစ်ရက်ခြား၊ နှစ်ရက်ခြား ထိတွေ့တိုက်ပွဲတွေဆက်ရှိနေသလို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်တာတွေပုံမှန်လုပ်ဆောင်နေတယ်လို့ နောက်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “စစ်တပ်သားတွေက မရှီကထောင်ဆုတောင်းကုန်းတဝိုက်နေရာယူထားသေးတယ်။ နှစ်ဖက်တပ် ပစ်လိုက်နားလိုက်နဲ့ရှိနေကြတယ်။ ပြီးရင် စစ်တပ်ဘက်က ဗျူဟာကုန်းကနေ ပုံမှန်ပစ်နေသေးတယ်။ ခါတိုင်းလိုပစ်တာ ခပ်စိပ်စိပ်မရှိတာပဲရှိတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတော်တော်စိပ်တယ်။ မနေ့ကအထိတော့ နည်းနည်းငြိမ်တယ်”လို့ပြောပါတယ်။ လက်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KBC ဆုတောင်းကုန်းအောက်ခြေရင်းတဝိုက်မှာ နေရာယူထားပြီး KIA နဲ့ PDF တပ်ဖွဲ့တွေက တောင်ကုန်းအပေါ်ဘက်မှာရှိကာ အပြန်အလှန်စောင့်ကြည့်နေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ သတင်းအရင်းအမြစ်တွေပြောဆိုချက်ရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့ကာလအတွင်း တိုက်ပွဲမဖော်ဆောင်ပေးဖို့ ပြည်သူတွေတောင်းဆိုထားတာတွေရှိနေတာကြောင့် တိုက်ပွဲအနည်းငယ်ငြိမ်သက်နေတာဖြစ်တယ်လို့ ဆက်ပြီးသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ၂၀၂၆ ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ KIA နဲ့ PDF တွေထိန်းချုပ်ထားတဲ့ ဆိုင်းတောင်၊ ဂွေခါ၊ တာမခံကျေးရွာတွေဘက်ကို ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းကနေ တိုက်ပွဲဖော်ဆောင်လာတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေသုံးသပ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 11 March
    သတင်း

    ကချင်မှာ စစ်လက်နက်ပစ်ခတ်မှု‌ကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…

    Read More »
  • 9 March
    သတင်း

    ဗုံးကြဲခံရပြီးနောက် တာမခန်၊ ဟောင်ပါးပြည်သူတွေ ဗုံးခိုကျင်းတူးပြီးနေနေရ

    ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တာမခန်ကျေးရွာထဲက ရှင်ကထောင်ကုန်းဗုံးကြဲခံရပြီးနောက် တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဗုံးခိုကျင်းတူးပြီးနေနေရကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ တာမခန်ကျေးရွာအကျော်မှာရှိတဲ့ ရှင်ကထောင်ကုန်းကို တိုက်ပွဲမဖြစ်ပဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အဲ့ဒီဗုံးကျဲခံရမှုဖြစ်စဥ်အပြီးမှာတော့ တာမခန်၊ဟောင်ပါးနဲ့အနီးဝန်းကျင်ကကျေးရွာနေပြည်သူတွေဟာဗုံးခိုကျင်းတွေတူးပြီးနေနေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက…

    Read More »
  • 4 March
    သတင်း

    ကချင်ပြည်နယ်ရဲ့မြို့နယ်တစ်ချို့မှာ ဆီဆိုင်အများပိုင်းပိတ်၊ စက်သုံးဆီအကန့်သတ်နဲ့ဝယ်ယူနေရ

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာတော့ ဒီကနေ့မတ်လ…

    Read More »
  • Feb- 2026 -
    26 February
    သတင်း

    ဖားကန့်မှာကျောင်းသားတစ်ဦးဖမ်းဆီးခံရတာ ၅ ရက်မြောက်ရှိလာ

    ဖားကန့်မှာ စစ်တပ်က ၉ တန်းကျောင်းသား ကလေးငယ်တစ်ဦး ဖမ်းဆီးထားတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်တဲ့အတွက် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မဇွပ်ယန်ကျေးရွာ စစ်ဘေးရှောင်နေတဲ့ ၉ တန်းကျောင်းသားဖြစ်သူက မိဘတွေခိုင်းစေမှုကြောင့် ဖားကန့်မြို့ပေါ်ဘက်ကို သွားလာခဲ့ရာ ဖားကန့် ရဲစခန်းနဲ့ တပ်မကုန်း ၊ စာသင်ကျောင်းအနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူ့ရဲ့မိဘတွေ ငွေသွားလွှဲခိုင်းရင်း ဖားကန့်လမ်းဘက်ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားလိုက်ကြတယ်တဲ့။ အဲ့မှာ ရဲစခန်းနဲ့ တပ်မကုန်းနားမှာ ရောက်တော့ မျက်နှာမှာ မတ်တပ်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတယ်။ စစ်သားတွေက အမျိုးမျိုးပြောတော့ ကလေးတွေဆိုတော့ မပြောတတ် မဖြေတတ်ဖြစ်မှာပေါ့။ နော်ဆိုင်းလားလို့မေးတော့ဟုတ်တယ်လို့ဖြေတော့ ဖမ်းသွားတယ်တဲ့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ၉ တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ် မောင်မဒိန် နော်ဆိုင်းဆိုသူဖြစ်တယ်လို့သိရပါတယ်။ “ဖမ်းထားတာ အခုဆို ၅ ရက်လောက်ရှိလာပြီ သူ့မိသားစုတွေက ရောက်လာမလားဆိုပြီးစောင့်နေကြတာ မနေ့ညအထိ မရောက်လာသေးဘူးဆိုပြီး ကျနော့်ဆီကို အကြောင်းကြားလာတယ်။ မိသားစုတွေအရမ်းစိတ်ပူနေကြတယ်”လို့ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ ၉ တန်းကျောင်းသား မောင်မဒိန်နော်ဆိုင်းကို စစ်တပ်က နာမည်တူ မှားယွင်းပြီး ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ၉ တန်းကျောင်းသား မဒိန်နော်ဆိုင်း မိသားစုတွေဟာ မော်ဝမ်းကလေးကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပေမယ့် တိုက်ပွဲကြောင့် လက်ရှိမှာ မဇွပ်ယန်ကျေးရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက် ၅ နေရာလောက်မှာ စစ်ဆေးရေးတင်းကြပ်ထားပြီးတော့ သွားလာတဲ့ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 20 February
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်

    တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ အိမ်တွင်းပစ္စည်းတွေ သယ်ယူနိုင်ဖို့ စစ်ကောင်စီတပ်ဆီ ခွင့်ပြုပေးဖို့ သွားရောက်ပြောဆိုခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ နေအိမ်စွန့်ခွာထားတဲ့ မရှီကထောင် စစ်ဘေးရှောင်ပြည်သူတွေ စုပေါင်းပြီး ပစ္စည်းတွေသယ်ယူနိုင်ဖို့ ဖားကန့် ဗျူဟာစစ်ကုန်းက G2…

    Read More »
Back to top button