ဗလမင်းထင်တံတား

  • May- 2026 -
    27 May
    သတင်း

    ဗလမင်းထင်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသား ရေနစ်သေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး ရေနစ်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီအမျိုးသားဟာ မေ ၂၅ ရက် မနက်ပိုင်းမှာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ မေ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တံတားအောက်ဘက်ကနေ ပြန်ရှာတွေ့ခဲ့တယ်လို့ ရုပ်အလောင်းဆယ်ယူချိန် လိုက်ပါသွားသူ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူနဲ့အတူ နောက်တစ်ယောက်လည်း ရှိသေးတယ်တဲ့။ အဲဒီတစ်ယောက်က သူရေထဲခုန်ချသွားတယ်ဆိုပြီးပြောလို့သိရတာ”လို့ဆိုပါတယ်။ ရေနစ်သေဆုံးသွားသူဟာ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဇနီးနဲ့ သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ တံတားပေါ်က ခုန်ချရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ထွက်ပြေးရင်း ခုန်ချတာဖြစ်တယ်ဆိုတဲ့ ကောလဟာလမျိုးစုံ ထွက်ပေါ်နေသလို မိသားစုဝင်တွေဘက်ကလည်း သေဆုံးရတဲ့အကြောင်းရင်းကို ပြောပြဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၁၃ ရက်နေ့တုန်းကလည်း ဧရာဝတီရှုခင်းသာ သင်္ကြန်ရေကစားမဏ္ဍပ်အနီး သတ်မှတ်နေရာကို ကျော်လွန်ပြီး ရေဆင်းကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့ပေမယ့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနား) အဖွဲ့ရဲ့ အချိန်မီ ကယ်ဆယ်နိုင်မှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၇ ရက်နေ့ကလည်း ဝိုင်းမော်မြို့ ရပ်ကွက် ၄ မှာ ၇ ရက်ကြာ ရေနစ်ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ By – Hope

    Read More »
  • Feb- 2026 -
    19 February
    ဆောင်းပါး

    ၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု

    ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ ဗလမင်းထင်တံတားအောက်မှ မြင်ကွင်းသည် စစ်ဘေးနှင့် စားဝတ်နေရေး အကျပ်အတည်း၊ တရားဥပဒေနှင့် နည်းလမ်းကျ တာဝန်ယူပေးမည့် အစိုးရမရှိပုံကို ဖော်ပြနေသည့် ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ မြစ်ကြောင်း ရှင်းလင်းရေး၊ မြစ်ကမ်း နဘေးရေကာတာ တည်ဆောက်ခြင်း၊…

    Read More »
  • Jan- 2026 -
    30 January
    သတင်း

    ဗလမင်းထင်တံတားအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတူးဖော်နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ရွှေအများအပြားတူးဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ဗလမင်းထင်တံတားအောက် ဘတ်ဟိုးတွေနဲ့တူးနေပြီး ရလာတဲ့မြေသား၊သဲကျောက်တွေကို တုံဖုံးကားအပြင် မြေစာသယ်တဲ့ကားကြီးတွေနဲ့ သယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဲဒီသယ်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးနားရှိ ခြံအလွတ်တစ်နေရာ၊ စီတာပူဂျပန်တံတားနားက မြေအလွတ်တွေမှာ စုပုံထားပြီး သွပ်တွေနဲ့ မမြင်ရအောင် ခြံဝင်းခတ်ကာ ရွှေကျင်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မြစ်ဆုံမှာ‌တောင်မှ ကို့ယို့ကားယားဖြစ်နေပါတယ်ဆို အခုဒီတံတားနားမှာ ရွှေတွေတူးနေကြတယ်ဆိုတော့ သူခိုးကြီးနဲ့ သူခိုးလေးဘဲ ကွာတာ။ မကောင်းဘူးပေါ့ဗျာ ကျွန်တော့်အနေနဲ့လည်း မကြိုက်ပါဘူး။ ကျွန်တော်တို့ပြောလို့လည်း ဘာအရာရောက်မှာ မဟုတ်ဘူး။ အထက်က လူကြီးတွေကိုယ်တိုင်လုပ်နေမှတော့”လို့ ဆိုပါတယ်။ သဲကျောက်သယ်တဲ့ကားလည်း တစ်နေ့ကိုပျှမ်းမျှ ကားအစီး ၁၀၀ ကျော်ရှိပြီး ကားသမားတွေကို တစ်ကြိမ်လျှင် တစ်သောင်းနှုန်းနဲ့ ငွေပေးချေနေတာဖြစ်တဲ့အတွက် သဲကျောက်ကားမောင်းသူတွေလည်း အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဗလင်မင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို ပြီးခဲ့တဲ့နှစ်ကနေစတင်လာခဲ့ပြီး ဒီနှစ်မှာတော့ ရေကြီးရေလျှံမှုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်နေ ပေါ်ပေါ်တင်တင်တူးနေကြပြီလို့ သိရပါတယ်။ စစ်ကောင်စီဝန်ကြီးဌာနကတော့ အဆိုပါ ရွှေတူးဖော်မှုနဲ့ ဆက်စပ်ပြီး ” သဲသောင်ဖြစ်ထွန်းမှုများအား တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး၊ ရေစီးရေလာကောင်းမွန်ကာ မြို့ရေကြီးနစ်မြုပ်မှုမှ ကာကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း”ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်နေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးတစ်ဝိုက်အပြင် မြစ်ကြီးနားမြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက်မှာ ရွှေကျင်၊ ရွှေတူးဖော်မှုတွေကို အရင်အစိုးရခေတ်အဆက်ဆက်က တားမြစ်ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အဲဒီနေရာတွေမှာ ရွှေတူးဖော်တာတွေက တဖြည်းဖြည်းနဲ့ များလာာခဲ့ပေမယ့်လည်း  သက်ဆိုင်ရာအာဏာပိုင်တွေကလည်း အခွန်ကောက်ယူတာတွေကလွဲပြီး တားဆီးပိတ်ပင်တာမျိုး မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့ ၂၀၂၅မိုးရာသီလောက်ကတော့ မြစ်ရေကြီးမှုကြောင့်  ခနတာ ရွှေတူးဖော်မှုတွေကို ရပ်နားခဲ့ပေမယ့်လည်း ဒီရက်ပိုင်းအတွင်းမှာ အရှန်အဟုန်နဲ့ ပြန်လည်တူးဖော်လာတာဖြစ်ပါတယ်။ အလားတူ ဗလမင်းထင်တံတားအထက်ဘက် မန်ခိန်ရပ်ကွက်ဧရာဝတီမြစ်ဘက်တွေမှာလည်း သဲကျောက်လုပ်ငန်းအမည်ခံပြီး ရွှေလုပ်တဲ့သူတွေပိုပိုများလာတယ်လို့ မျက်မြင် တွေ့ရှိသူ အမျိုးသမီးတစ်ဦးခုလိုပြောပြပါတယ်။ “မိန်ခိန်ဘက်မှာလည်း  သဲကျောက်တွေသယ်ပြီး ခြံဝင်းတွေထဲထည့်ပြီး လုပ်နေကြတာပေါ့။ သူတို့ကတော့ သဲကျောက်သယ်တယ်လို့ ပြောပေမယ့်လည်း ရွှေလုပ်တဲ့ ခြံတွေက အများဆုံးဖြစ်နေတယ်”လို့  ဆိုပါတယ်။ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရတော့ လက်ရှိ စီတာပူကမ်းနားဘက်ခြမ်းက ရွှေပိုထွက်တဲ့တွက် ညပိုင်းလည်းစက်ကြီးတွေနဲ့ ရွှေတူး‌ဖော်နိုင်ဖို့ အစည်းအဝေးလုပ်ဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင် လေ့လာသုံးသပ်သူတွေရဲ့ ပြောကြားချက်အရ ရွှေ၊ ကျောက်စိမ်း၊ မြေရှား၊ ပတ္တမြားလို့ ကျောက်မြတ်ရတနာတွေဟာ အပင်တွေလိုမျိုး ပြန်လည် ဖန်တီးစိုက်ပျိုးယူလို့ ရတာမဟုတ်ဘဲ နှစ်ပေါင်းထောင်နဲ့ချီ ကြာမှ ဖြစ်လာတဲ့ အရာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သေချာထိန်းသိမ်း စောင့်ရှောက်ရမယ့် အရာတွေဖြစ်သလို တကယ်လို့တူးဖော်မယ်ဆိုပါက ဘေးထွက်ဆိုးကျိုးတွေကို နည်းသထက်နည်းအောင် သေချာစီစစ်ပြီး  စနစ်တကျ ပြုလုပ်သင့်တဲ့အရာလို့  မှတ်ချက်ပြုထားကြတာ ဖြစ်ပါတယ်။ ဒါအပြင် ရွှေနဲ့ ကျောက်မြတ်ရတနာတွေကို တူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတု ပစ္စည်းတွေဟာ ရေ၊ မြေ၊ လေနဲ့ အဲဒီအရာတွေအပေါ် အမှီပြုနေတဲ့ လူအပါအဝင် သတ္တဝါအားလုံးကို ထိခိုက်စေတာဘဲ ဖြစ်ပါတယ်‌။ ဒါတင်မက ကချင်ပြည်မှာ ၁၀နှစ်မှ တစ်ခါသာ ရေကြီးလေ့ရှိပေမယ့်လည်း ခုလို သဘာဝသယံဇာတနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ၂၀၂၄ခုနှစ်ကစပြီး နှစ်တိုင်းလိုလို ရေကြီးနေပြီး ဂေဟစနစ်လည်း ပြောင်းလဲကာ အဆိပ်ရှိတဲ့ မြွေလို အကောင်မျိုးတွေကိုလည်း  မကြာခန တွေ့ရှိလာရပါတယ်။ By – Hope

    Read More »
  • Apr- 2025 -
    28 April
    သတင်း

    ဗလမင်းထင်တံတားမှာ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်မြစ်ကူးတံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား– ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်မြစ်ကူးတံတားမှာ ဒီရက်ပိုင်း ဖမ်းဆီးရိုက်နှက်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…

    Read More »
  • Dec- 2010 -
    27 December
    သတင်း

    ကချင်ပြည်နယ် ဧရာဝတီတံတားတွင် လူဖြတ်သန်းခွင့် အချိန်ကန့်သတ်

    ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင် ဧရာဝတီ တံတားတွင် လူဖြတ်သန်း သွားလာမှုအား မြန်မာစစ်အစိုးရမှ အချိန် ကန့်သတ်လိုက်ခြင်း … ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းရှိ ဗလမင်းထင်…

    Read More »
Back to top button