ဗိုလ်ချုပ်အန်းမိုင်း

  • Jul- 2025 -
    7 July
    သတင်း

    အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို

    ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K  လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့  SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က  မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက  pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ်  သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ  စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…

    Read More »
Back to top button