ဗုံးကြဲတိုက်ခိုက်

  • Jul- 2024 -
    19 July
    သတင်း

    သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

    ရှမ်းမြောက် သိန္နီမြို့ စျေးတန်းတစ်ဝိုက် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။ ဇူလိုင် ၁၈ မနေ့ ညနေ၅ နာရီဝန်းကျင် သိန္နီမြို့ရှိ စျေးတန်းတဝိုက်အပါအဝင် မြို့တွင်းနေရာ ၄ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “အခုတလော သိန္နီကိုစစ်တပ်ကဆက်တိုက်ဗုံးကြဲတယ်။ မနေ့ညနေက ဗုံးလာကြဲတာက စျေးတန်းနားမှာဆိုတော့ လူအများရှိနေတဲ့နေရာဖြစ်တယ် အဲမှာ ထိခိုက်တာသေဆုံးတာ ဘယ်နှစ်ယောက်လောက်ရှိလဲအတိအကျမသိသေးဘူး။ အပေါ်ယံခန့်မှန်းချက်က ၂၀ ဝန်းကျင်ဟုတ်တယ်  ဒါကတော့ ခန့်မှန်းတာပဲ။” လို့ သိန္နီမြို့နဲ့ဆက်သွယ်နေသူတစ်ဦး ပြောပါတယ်။ လက်ရှိ သိန္နီမြို့ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်တာကြောင့် အရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့အချက်လက် တိတိကျကျရဖို့ ကချင်သတင်းဌာန KNG ကလည်း ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့အနီး စစ်တပ်နဲ့ ကိုးကန့် MNDAA တပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန် စစ်တပ်ဘက်က ကိုးကန့်ထိန်းချုပ်ထားတဲ့ မြို့တစ်ချို့မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့်  လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ သိန္နီမြို့ထဲကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူတွေရဲ့ ကားနဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့သလို ဇူလိုင် ၁၁ ရက်နေ့ ညမှာလည်းမြို့ ပေါ်ရှိ စာသင်ကျောင်းနဲ့ ပညာရေးမှူးရုံးပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်အားလုံးပျက်စီးတာတွေ ရှိခဲ့ပါတယ်။ အလားတူ ဇူလိုင် ၃ ရက်ည သိန္နီမြို့ကို ထပ်ပြီးဗုံးကြဲတိုက်ခိုက်ရာ သိန္နီမြို့ရဲစခန်းအနီးဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဇူလိုင် ၁၄ ရက်နေ့ ကိုးကန့်ထိန်းချူပ်ထားတဲ့ လောက်ကိုင်မြို့ကို လေကြောင်းနဲ့ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ “စစ်ကောင်စီရဲ့ နည်းဗျူဟာလည်း ဘယ်လိုလာတယ်ကျနော်တို့မသိရဘူး။ တစ်ဖက်မှာ ကိုးကန့်ရဲ့လမ်းကြောက လောက်ကိုင်– ကွမ်းလုံ –သိန္နီ–လားရှိုးက အဓိကလမ်းဖြစ်တယ်။ ဒီတိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို သတိပေး၊အသိပေးချင်တာ တစ်ခုကတော့ ပြည်သူနဲ့နီးနီးကပ်ကပ်၊ပူးပူးတွဲတွဲ မနေဖို့ ဖြစ်တယ်။ အဲဒါကပြည်သူကို ဒုတ်စာတောင်းပေးတာလား၊ ပြည်သူတွေပဲ အကာအကွယ်ယူပြီးနေတာလား နားမလည်ဘူး။ ပြည်သူနဲ့အနီးကပ်မှာမနေဖို့ အဲဒီဟာတော့ အဓိကတောင်းဆိုချင်တယ်။” လို့ သိန္နီမြို့နဲ့ဆက်သွယ်နေသူ ဒေသခံကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးနဲ့ သိန္နီကြားမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး  လားရှိုးနဲ့ ကိုးကန့်ဒေသက ပြည်သူထောင်ချီ ၀ ပြည်ဘက်ကို တိမ်းရှောင်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး ၄ ရက်ကြာအပစ်ခတ်ရပ်စဲဖို့ ကိုးကန့် MNDAA ဘက်က ထုတ်ပြန်စာထုတ်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ကိုးကန့်ထိန်းချုပ်နယ်မြေတွေကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေဆဲလည်းဖြစ်ပါတယ်။ လားရှိုးတိုက်ပွဲကြောင့် လားရှိုးမြို့ခံပြည်သူအားလုံးနီးပါးလည်း မြို့စွန့်ခွာပြီး မန္တလေး၊ တောင်ကြီးတွေနဲ့ ကွတ်ခိုင်မြို့တွေဘက်ကို တိမ်းရှောင်နေကြသလို မြို့ပြင်ရွာတချို့ကပြည်သူတွေ စစ်ရှောင်နေစရာအခက်ကြောင့် ပြန်လာနေကြသူတချို့လည်း ရှိနေတာဖြစ်ပါတယ်။ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။    By – ဂျာဘောက်ရာ

    Read More »
  • Jun- 2024 -
    24 June
    သတင်း

    စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ

    ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • 14 June
    သတင်း

    အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးကျောင်း ၁၀ ခုထက်နည်းဗုံးကြဲတိုက်ခိုက်ခံရ

    ကချင်ပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်  ဘာသာရေးကျောင်း ၁၀ ခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒီနှစ နှစ်ဝက်အတွင်း  ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၊  ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ၊ဝူယန်ရွာ၊ မံစီနဲ့ မိုးမှောက်မြို့နယ်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းတွေကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW မှ တာဝန်ရှိသူကိုဂျက်ကော့ပ် (Jacob)မှ KNGကို ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ Kachin Human Rights Watch-KHRW မှ တာဝန်ရှိသူ ကို ဂျက်ကော့ပ် (Jacob)မှခုလို ပြောပါတယ်။ “UN က ထုတ်ပြန်ထားတဲ့ Universal Declaration of Human Rights (UDHL)ရဲ့  article(18) မှာပါတဲ့ Freedom of Belief and Religion ဆိုတဲ့ အချက်ကို ချိုးဖောက်နေတာပေါ့ အခုလိုလုပ်ရပ်တွေကို အရေးယူနိုင်ဖို့ အားလုံးက ထုတ်ဖော်ပြောဆိုရင် စစ်ကောင်စီအနေနဲ့ အရေးယူရနိုင်တာပေါ့”လို့ဆိုပါတယ်။…

    Read More »
  • 10 June
    သတင်း

    ဖားကန့်ဒေသ တပ်မဟာ ၉ နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ အပါအဝင် KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားတဲ့ပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ တိုက်ပွဲငြိမ်းသက်သွားတဲ့ တစ်လ ကျော်လောက်ကြာမြင့်လာပြီဖြစ်တဲ့ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေက ဇွန်လ ၉ ရက်နေ့ ည ၁၀နာရီလောက်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ တပ်မဟာ ၉ နဲ့ တပ်ရင်း ၆ နေရာတွေမှာ တပြိုင်နက် လာရောက်ဗုံးကြဲတိုက်သွားတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “၇ နာရီ၊ ၈ နာရီလောက်ရှိပြီ တပ်ရင်း ၆ မှာတစ်နေရာ၊ တပ်မဟာ ၉ မှာတစ်နေရာ ကျမှန်တယ်လို့သိရတယ်။ ထိခိုက်ပျက်စီးတာတော့ လုံးဝမရှိဘူးလို့ပြောပါတယ်။ ခန့်မှန်းပြီးလာပစ်တယ်ဆိုတော့ ထိခိုက်တာမရှိတာပါ။ ဂျက်ဖိုက်တာက ၂ စီးဟုတ်တယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်နေ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မဟာ ၉ နယ်မြေနဲ့ တပ်ရင်း ၆ နေရာတစ်ချို့မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ ပြောပြတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ ညတွင်းချင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လအတွင်း တိုက်ပွဲမှာ KIA/ PDF တပ်ထံအညံ့ခံဝင်ရောက်လာတဲ့ ရဲအုပ်တစ်ဦး ဇွန်လ ၉ ရက်နေ့ ဖားကန့်ဗျူဟာကုန်းထဲထွက်ပြေးလွတ်မြောက်သွားတာကြောင့်KIA တပ်တွေရှိတဲ့နေရာဘက်ကိုဦးတည်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံ သုံးသပ်ပြောဆိုပါတယ်။ ဒါ့အပြင် မတ်လအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ(၁) ၊ အောင်မြေ(၂) နေရာတွေမှာ စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေသေးတာကြောင့် ထိခိုက်ပျက်စီးတာတွေကြုံနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုဆက်ပြောပါတယ်။ “မနေ့ညလည်း ပစ်၊ တစ်နေ့ကလည်း အဲလိုပစ်နေလို့ ရွာလမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ်တွေတောင် တော်တော်ပျက်စီးနေပြီ။ လက်နက်ကြီးက စျေးနေရာတွေမှာတောင်ကျတယ်။ မနေ့လည်းပစ်တယ်။ မနေ့ည ပစ်တာက ဘယ်ဘက်ထိတာလဲတော့ သေချာမသိရသေးဘူး”လို့ပြောပါတယ်။ ဇွန်လ ၉ ရက်နေ့ညမှာ အောင်မြေ(၁)၊ အောင်မြေ(၂)နဲ့ ခါးရှီတစ်ဝိုက်မှာ ဗုံးကြဲတိုက်ခိုက်ရတဲ့အပြင် KIA တပ်တွေ နယ်မြေစိုးမိုးထားတဲ့ ခါးရှီကျေးရွာတွေအထိ စစ်ကောင်စီတပ်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို ဝိုင်းမော်မြို့နဲ့ အနီးနေရာမှာ ကျန်ရှိနေသေးတဲ့ ခလရ ၅၈ တပ်ရင်းကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း ဟူးကောင့်ချုင့်ဝှမ်းဒေသ ပယင်းမှော်ဒေသမှာရှိတဲ့ လပူခမှော်အနီး ဒေသအခေါ် ရေကန်တောင်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 3 June
    သတင်း

    ဒဘတ်ချောင်းတံတားကို စစ်ကောင်စီဂျက်လေယာဉ်နဲ့ ဗုံးကြဲ AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ နဲ့ ဘော်ဆာဒီကျေးရွာကို ဆက်သွယ်ထားတဲ့ ဒဘတ်ချောင်းတံတားကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲဖျက်စီးခဲ့ပြီး AA တပ်ဖွဲ့ ၂ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကြောင်း သိရပါတယ်။ ဇွန်လ ၂…

    Read More »
  • 3 June
    သတင်း

    ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ဇွန်လ ၁ ရက်နေ့ စနေနေ့ညသန်းခေါင်ယံ…

    Read More »
  • May- 2024 -
    16 May
    သတင်း

    မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။ မေလ ၁၃ ရက်နေ့ မံစီမြို့ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိိုက်ခံနေတာကြောင့် မြို့တွင်းနှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွင်း စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် ရဲစခန်း၊ စစ်တပ်နဲ့ နီးစပ်တဲ့လူနေရပ်ကွက်က နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ မံစီမြို့ခံ တစ်ဦးက KNGကိုပြောပါတယ်။ “လေယာဥ်ကဒီနေ့မနက်လည်းလာဝဲတယ် မနက်အစောကြီးနှစ်လုံးကျဲသွားတယ်။ မနေ့ကတော့တစ်ရက်ထဲကို အလုံး ၂၀ ကျော်ကျဲသွားတယ် ကောင်ရာရပ်ကွက်ထဲကစာသင်ကျောင်းထိပြီးပျက်စီးသွားတယ် မနေ့ကအထိဆိုရင်အိမ်ကအလုံး ၂၀ ကျော်တော့မီးလောင်သွားပြီ။ အဲ့တာကလုံးဝရစရှိကိုမရှိအောင်လောင်သွားတာ တစ်ချို့မီးဖို့ချောင်ပဲလောင်တာလည်းရှိတယ် မနေ့ကလည်းအိမ်နှစ်လုံးမီးဖိုချောင်တစ်လုံးလောင်သွားတယ်”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောချက်အရ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မံစီမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ရာရပ်ကွက်က လူနေအိမ် ၁၀ လုံးကျော်၊ ဂျိမ်းဖော့မြေရပ်ကွက် လူနေအိမ် ၁၀ လုံးကျော်နဲ့ မံစီမြို့နယ် နမ့်ခမ်းကျေးရွာက လူနေအိမ် ၂လုံး၊ မီးဖိုချောင်တစ်လုံး စုစပေါင်း လူနေအိမ် ၂၀ ကျော်အပါအဝင် စာသင်ကျောင်းတစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။ လူနေအိမ်အများဆုံးမီလောင်ပျက်စီးသွားတဲ့ ကောင်ရာရပ်ကွက်နဲ့ ဂျိမ်းဖော့မြေရပ်ကွက်ဟာ မံစီးမြို့မရဲစခန်း နဲ့ နီးတဲ့ရပ်ကွက်တွေဖြစ်တဲ့အပြင် ထွေအုပ်ရုံး၊…

    Read More »
  • 15 May
    သတင်း

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး

    ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့  ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း  ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 14 May
    သတင်း

    မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ

    “ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။

    Read More »
  • Apr- 2024 -
    29 April
    သတင်း

    ကသာမြို့နယ်က ရွာတစ်ရွာကို စစ်စီတပ်လေကြောင်းတိုက်ခိုက် စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က မြိုင်သာယာဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်တချို့ပျက်ဆီးခဲ့ရသလို နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကဖြစ်ခဲ့တာဖြစ်ပြီး…

    Read More »
Back to top button