နယ်စပ် ကုန်ကားများကို ဘီးခွန်ခြောက်သိန်း ကောက်ခံနေမှုကြောင့် ကားပိုင်ရှင်များ အခက်တွေ့

ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် မောင်းနင်နေသည့် ကုန်ကားသမားများထံမှ ဘီးခွန် ခြောက်သိန်းကောက်ခံ နေမှုကြောင့် ကုန်ကားပိုင်ရှင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်ပြည်သို့ ငှက်ပျော၊ ကြံ၊ဖရဲ၊ ပြောင်း ဆန် တင်ပို့သည့်ကုန်ကားပိုင် များထံမှ တစ်နှစ်စာ ဘီးခွန်ငွေကြပ်ခြောက်သိန်းကောက်ခံနေနေပြီး ယခုနှစ်သည် ယခင်နှစ်များထက် ကုန်ကားအ ထွက်နှုန်း ထက်ဝက်ခန့်ကျဆင်းသွားသောကြောင့် ဘီးခွန်ပေးဆောင်နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ကုန်ကားပိုင်ရှင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "အခုကားအုံနာတွေက ဘာအခက်အခဲဖြစ်နေလဲဆိုတော့