မိုင်ဂျာယန်
-
Nov- 2025 -14 Novemberသတင်း
တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော
တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေ KIO လိုင်ဇာ နဲ့ မိုင်ဂျာယန် စတဲ့မြို့တွေမှာ တရုတ်ငွေအတုတွေ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်တွေအကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။ “တရုတ်ငွေအတု တွေ့ရှိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းတာတွေ လုပ်နေပါတယ်။ ဘယ်ကနေ ဘယ်လို ရောက်လာတယ် ဆိုတာကို တိတိကျကျဆုံးဖြတ်ပြောဆိုတာတွေ မလုပ်သေးပါဘူး။ လုပ်ဆောင်နေတာ လုပ်ငန်း မပြီးစီး သေးတော့ ပြောဖို့ခက်ခဲနေသေးတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကပဲ လိုင်ဇာမှာ အမျိုးသမီးတစ်ဦးဆီကနေ တရုတ်ငွေအတု သိန်းချီ ဖမ်းမိတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်ဟာ အမျိုးသမီးဆီကနေ ဖမ်းဆီးရမိခဲ့တာမဟုတ်ပဲ အမျိုးသမီးကိုယ်တိုင်က တာဝန်သိစိတ်ဖြင့် တရုတ်အမျိုးသားတစ်ဦးဆီကနေ ရရှိထားတဲ့ ငွေကို မသင်္ကာတဲ့အတွက် သက်ဆိုင်ရာ KIO ရဲဌာနဆီ သွားရောက်ပို့ဆောင် စစ်ဆေးခံခဲ့ရာမှ ငွေအတုဖြစ်ကြောင်း…
Read More » -
Sep- 2025 -8 Septemberသတင်း
လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီက လုပ်အားခခေါင်းပုံဖြတ်နေ
လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီတွေက လုပ်အားခအပြည့်မပေးပဲ ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လိုင်ဇာနဲ့ မိုင်ဂျာယန်လုပ်ဖို့ KIO အစိုးရငှားရမ်းထားတဲ့က တရုတ်ကုမ္မဏီရဲ့လုပ်ငန်းရှင်တွေဟာအလုပ်သမားတွေကို လစာမပေးတဲ့အပြင် ကျေနပ်မှုမရှိပါက ကြိုက်တဲ့နေရာ တိုင်တန်းနိုင်ကြောင်းပြောဆိုနေတယ်လို့ လမ်းလုပ်တဲ့အလုပ်သမားတွေ KNG ကိုပြောပါတယ်။…
Read More » -
Mar- 2024 -27 Marchသတင်း
ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်
ဗန်းမော်- လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့မနက် ၆ နာရီ ဝန်းကျင်ကနေ ဝင်ရောက်တိုက်ခိုက်နေပြီး စခန်း ၄ ခုထပ်မနည်း သိမ်းဆည်းထားတဲ့အပြင် တိုက်ပွဲဆက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသခံတွေက ပြောပါတယ်။…
Read More » -
Nov- 2023 -28 Novemberသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ် နယ်စပ်ဒေသတစ်လျှောက်က စစ်ရှောင်စခန်းမှာကျင်းပ
နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာလှုပ်ရှားမှုကို လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ မိုင်ဂျာယန်ပါကထောင် စစ်ရှောင်းခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ကချင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Kachin Star Gender Group ကနေဦးဆောင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ မိုင်ဂျာယန် ပါကထောင်စစ်ရှောင်စခန်းမှာ လူဉီးရေ စုစုပေါင်း ၃၀၀ ဝန်းကျင်ပါဝင်ခဲ့ပြီး အမျိုးသမီး ၂၇၀ နဲ့အမျိုးသားကတော့ ၃၀ ဝန်းကျင်နဲ့ကျင်းခဲ့တယ်လို့ ဆိုပါတယ်။ ကမ်ပိန်းလုပ်ခြင်းအားဖြင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေကို ပိုမိုသိမြင်လာပြီး အမျိုးသမီးနဲ့ကလေး တွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးမှာ အတူပူးပေါင်းလာ နိုင်မှာဖြစ်တယ်လို့ Kachin Star Gender Group ကတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ ဒီ ၁၆ ရက်သာကိုဘာကြောင့်လုပ်တဲ့ဆိုတာ သူတို့ပိုသိလာမယ်၊ပြီးတော့ ကျွန်တော်တို့ နေရာဒေသတွေမှာ အမျိုးသမီးတွေ ဘယ်လိုမျိုး အကြမ်းဖက်တာတွေ ခံနေရသလဲဆိုတာကို သိမြင်လာပြီး ကာကွယ်တဲ့အခါအတူပါဝင်လာနိုင်မယ်၊ ကိုယ်သိခဲ့တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ပြန်ပြောပြ ဝေမျှလာနိုင်မှာဖြစ်တယ်”လို့ပြောပါတယ်။ ဒီနှစ် ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်းမှာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံကို ဦးဆောင်ကျင်းပသူတွေက ရှင်းပြခဲ့တဲ့အပြင် အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရရှိနိုင် ရေးနဲ့အတူ အကြမ်းဖက်မှုတွေပပျောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ “ဒီနှစ်ရဲ့ သတင်းစကားအတိုင်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့တွေ ရင်းနှီးမြုပ်နှံလျက် အကုန်လိုက်လုပ်တဲ့ အခြေအနေထိရောက်အောင် သတင်းစကားရဲ့ အဓိပ္ပာယ်ကိုရှင်းပြတာတွေ လုပ်သွားမှာပါ”လို့ပြောပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါဖြစ်ပြီး တစ်ပြိုင်နက် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အထူးသဖြင့် အမျိုးသမီးတွေမှာ အလုပ်အကိုင်ရှားလာတာတွေ၊ ပညာရေးတွေအပြင် တရားဉပဒေစိုးမိုးတာတွေ မရှိတော့တဲ့အတွက် လုံခြုံရေးတွေမှာထိခိုက်တာတွေရှိနေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်တဲ့အပြင် ကျား–မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး (၁၆)ရက်တာလှုပ်ရှားမှုကမ်ပိန်း စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့တူ အိမ်တွင်းအကြမ်းဖက်ခြင်းများဟာ ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အမျိုးသမီး ၆၅၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသမီး ၃,၆၇၃ ဦးကျော်ဟာ မတရားဖမ်းဆီးထိန်း သိမ်းခံထားရတယ်လို့ UK MYANMAR က ထုတ်ပြန်ထားပါတယ်။ By – Bu…
Read More » -
May- 2023 -28 Mayသတင်း
KIO နှင့် PSLF ကြား မိုင်ဂျာယန် သဘောတူညီချက်
ရှမ်းမြောက်ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား စစ်ရေးတင်းမာခဲ့ပြီးနောက် နှစ်ဖက်တာဝန်ရှိသူများသည် မိုင်ဂျာယန်တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
Read More »




