,
ကချင် စစ်ရှောင်များနေရပ်ပြန်ရန်ရွေးချယ်ထားသော ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ (more…)
ကချင်ပြည်နယ်အတွင်း နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIAအနေဖြင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးပြီးမှသာ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ရမည်ဟု ကချင်ပြည်နယ် နယ်လုံဝန်ကြီး ပြောဆိုခဲ့သည်။ နေရပ်ပြန်စစ်ရှောင်များအတွက် မိုင်းရှင်းရေးလုပ်ဆောင်ပေးရန် အစီစဉ်ရှိမရှိ (၁၈) ကြိမ်မြောက် ကချင်ပြည်နယ်လွှတ်တော်၏ ပဉ္စမနေ့ပုံမှန် အစည်းအဝေး (ဖေဖော်ဝါရီ ၂၈ ရက်နေ့) တွင် ရွှေကူမြို့နယ် မဲဆန္ဒနယ်(၁) မှပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်ယု မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းမှ ယခုလို ပြန်လည်ဖြေကြားခဲ့သည်။ “