ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အင်းတော် PDF အဖွဲ့ ဖမ်းဆီး မီးရှို့ဖျက်ဆီး

ကချင် နှင့် စစ်ကိုင်း နယ်စပ်တွင် ကျပ်သိန်း ၂၀ ကျော်ကာလတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အင်းတော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့ပြီး တရားခံများကိုမူ ခံဝန်ကတိဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၉ ရက်နေ့ ည ၄ နာရီခန့် မော်လူးဒေသတွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေသည့် အမျိုးသားတစ်ဦးကို ဖမ်းမိပြီး ၎င်းကို စစ်ဆေးမေးမြန်းရာမှ ရောင်းချသူများအပါအဝင် ဘိန်းဖြူ နှင့် WY စာသားပါ