မြစ်ကြီးနား
-
Aug- 2024 -30 Augustသတင်း
မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ
မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့ကစလို့ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အပါအဝင် ကချင်စစ်ကိုင်းအစပ်က မြို့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့တာဖြစ်ပါတယ်။ ကားလမ်းပိုင်းပိတ်သွားတဲ့နောက် ကချင်ပြည်နယ်ကနေ မန္တလေး ခရီးသည်တွေဟာ လေကြောင်းလိုင်းတစ်ခုတည်းကို အသုံးပြုနေရတာကြောင့် သြဂုတ် ၁၈ရက်နေ့နောက်ပိုင်းကစလို့ လေယာဥ်လက်မှတ်တွေစျေးတက်သွားသလို ဝယ်ယူဖို့ခက်ခဲနေတယ်လို့ မန္တလေးရောက်နေတဲ့ မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီလ ၂၈၊၂၉လောက်မှာတက်ဖို့ဆိုပြီး လေယာဥ်လက်မှတ်ရှာတာမရဘူးဗျ နောက်လထဲမှရမယ်တဲ့ လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခုကလည်းမတူဘူး KBZဆို နောက်လ ၈ရက်နေ့လောက်မှရမယ် တခြား MNAတို့ဆို နောက်လ ၁၀ ရက်ကျော်လောက်မှရမှာ အဝေးကြီးကြိုဖြတ်ပြီးစောင့်နေရတယ်”လို့ ပြောပါတယ်။ လေယာဥ်လက်မှတ်ဖြတ်ရဖို့ ရက်တ္တတပတ်ကနေ ၁၀ ရက်ကျော်ကြာတဲ့အထိစောင့်နေရသလို ကားလမ်းပိုင်းပိတ်သွားတဲ့နောက် လက်မှတ်စျေးနှုန်းတွေလည်း အရင်ကထက်တစ်ဆပိုတက်သွားတယ်လို့သိရပါတယ်။ “စျေးက ဒီလထဲကားလမ်းပိတ်သွားမှခုန်တက်သွားတာတဲ့ဗျ လမ်းမပိတ်ခင်ကဆို မြစ်ကြီးနား– မန်းလေးစျေးနှုန်းက အေးကမ္ဘောဇက ၃သိန်းဝန်းကျင်လောက်ပဲ အခုက လေးသိန်းကျော်တက်သွားပြီ MNA(မြန်မာ့လေကြောင်းလိုင်း) ဆိုရင်လည်းအရင်က ၃သိန်းခွဲလောက်ရှိတာ အခုက ငါးသိန်းကျော်အထိတက်တယ် အရမ်းကိုတက်သွားတယ်စျေးက”လို့ လေယာဉ်လက်မှတ်အရောင်းဌာနတစ်ခုက ပြောပါတယ်။ မန္တလေး–မြစ်ကြီးနားကိုတော့ Air KBZ(အေးကမ္ဘောဇ)၊ Myanmar National Airline (MNA)နဲ့ Mann Yadanarpon (မန်းရတနာပုံ)စတဲ့လေကြောင်းလိုင်းသုံးခုသာပြေးဆွဲတာ ဖြစ်ပြီး မန်းရတနာပုံလေကြောင်းလိုင်းလည်း ကျပ် ၅သိန်းခွဲ အထိစျေးတက်နေတယ်လို့သိရပါတယ်။ “မန်းရတနာပုံနဲ့ MNA ဆိုရင်တစ်ပတ်ကို သုံးကနေ လေးကြိမ်အထိပြေးဆွဲတယ် တာပေမယ့်ခရီးသည်တွေက ဒီလေကြောင်းတစ်ခုထဲနဲ့သွားရတော့ လက်မှတ်က ရောင်းမလောက်နေတာ ခရီးသည်များတော့လက်မှတ်ကိုနည်းနည်းစျေးတင်လိုက်တာပေါ့ပြီးတော့ လေယာဥ်ဆီတွေလည်းစျေးတက်နေလို့”လို့ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်အမျိုးသမီးတစ်ဦးကပြောပါတယ်။ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တို့ကိုလည်း လေကြောင်းလိုင်းအမျိုးအစားပေါ်မူတည်ပြီးတစ်ဆာခ တစ်ကီလိုကျပ် ငါးထောင်ကနေ ကျပ် တစ်သောင်းကျော်အထိပေးတင်နေရတာကြောင့် လက်ရှိမြစ်ကြီးနားမြို့ထဲကုန်စျေးမြင့်တက်မှုတွေလည်းရှိနေပါတယ်။ သြဂုတ်လ ၁၆ရက်နေ့ကစတင်လိုက်တဲ့ မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းကတိုက်ပွဲတွေဟာဒီကနေ့အထိနှစ်ဖက်ထိတွေ့မှုတွေရှိနေသေးပြီးစစ်ရေးတင်းမာဆဲ ဖြစ်တာကြောင်း ကားလမ်းပြန်ဖွင့်နိုင်ဖို့အချိန်ကာလ ကြာမြင့်နိုင်တယ်လို့သိရပါတယ်။ By –…
Read More » -
29 Augustသတင်း
တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့ ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။” ဒီနေ့အထိ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့တွင်းကိုတော့ တော်လှန်ရေးအင်အားစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ လက်ရှိတော့ အင်းတော်မြို့နားမှာရှိတဲ့ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်လှိုဏ်ဂူအမည်ရှိတဲ့ တပ်စခန်းကြီး တစ်ခုသာကျန်ရှိတော့ပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းဖွင့်ဖို့ ကြာနိုင်သေးတယ်လို့ ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လမ်းကကြာအုံးမယ်ထင်တယ်။ အခုအင်းတော်က အကုန်လုံးရထားပြီတစ်မြို့လုံးပေါ့ ဗျူဟာကုန်းနဲ့ ဂျပန်လှိုဏ်ဂူနဲ့ဆက်နေတာ အဲ့နေရာပဲကျန်တာ အဲ့မှာကအင်အားတော်တော်များတယ်။ ဒီတစ်လမဟုတ် ရင်တောင် လဝက်လောက်ကြာအုံးမယ်ထင်တယ်။” လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ ကချင်ပြည် နယ် တစ်ဝှမ်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်တိုက်မြှင့်တက်နေပြီး မြစ်ကြီးနားမြို့နယ်မှာ ကြက်ဥတစ်လုံးကို ၁၃၀၀ အထိပေးဝယ်နေရပြီလို့ မြစ်ကြီးနားမြို့ဒေသခံတွေကပြောပါတယ်။ လက်ရှိ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်ခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ စစ်ဆေးရုံနဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတို့မှာ အထိုင်ချထားတာဖြစ်ပြီးအင်းတော်မြို့ပေါ်နဲ့လည်းကပ်လျက်မှာပဲ တည်ရှိတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး အင်းတော်မြို့နယ်အပါအဝင် ပင်လည်ဘူး၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
28 Augustသတင်း
နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်
နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။ “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…
Read More » -
26 Augustသတင်း
ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေးဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက ၃ သိန်းကျော်ဘဲ မန္တလေးအထိဆိုရင်တော့ ၄ သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇…
Read More » -
23 Augustသတင်း
မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာကြဖို့ သတိပေးစာလိုက်ကပ်တာတွေရှိနေ
မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ချို့မှာ ပြည်သူတွေအမြန်ဆုံးနေရပ်စွန့်ခွာကြဖို့ သတိပေးပေးစာ လိုက်ကပ်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်း မြစ်ကြီးနားမြို့တွင်း၊မြို့ပြင် ရပ်ကွက်တွေဖြစ်တဲ့ ခေမာသီရိ၊ ရမ်ဘူ၊ အေးမြသာယာ၊ ကြက်ပေါင်ခြံ၊ ကြာရာပတီးစတဲ့ ရပ်ကွက်တွေမှာ သတိပေးစားလိုက်ကပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရပ်ကွက်ထဲလာသတိပေးတာတဲ့ ရပ်ကွက်ကနေ အမြန်ဆုံးစွန့်ခွာဖို့ဆိုတဲ့သတိပေးစာတွေ လာကပ်သွားတယ်ပြောတယ်။ နေအိမ်ခြံစည်းရိုး၊ ဓါတ်တိုင်တွေမှာ လာကပ်သွားတာလို့ သိရတယ်”လို့ ပြောပါတယ်။ သတိပေးစာထဲမှာ မြစ်ကြီးနားမြို့တွင်း တိုက်ပွဲဖြစ်တော့မှာဖြစ်တဲ့အတွက် ပြည်သူများအမြန်ဆုံး ရပ်ကွက်ကနေ စွန့်ခွာ၊ထွက်ခွာကြဆိုတဲ့အချက်သာ ပါရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ခုလို သတိပေးစာလိုက်ကပ်တာဟာ မည်သူမည်ဝါ၊မည်သည့်အဖွဲ့စည်း ကပ်သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအင်အားစုတွေကို မေးမြန်းကြည့်ရာမှာ ဒီလုပ်ရပ်ဟာ သူတို့မသက်ဆိုင်ကြောင်း ခုလိုပြောပါတယ်။ “ကျနော်တို့အဖွဲ့တွေမဟုတ်ပါဘူး ဒါကို တမင်သက်သက်ပြည်သူတွေကို စိတ်အနှောင့်ယှက်ဖြစ်အောင် လိုက်လုပ်တဲ့လုပ်ရပ်ဘဲ ကျနော်တို့အနေနဲ့ ဒီလိုတွေမလုပ်ပါဘူး”လို့ မြစ်ကြီးနားမြို့ တော်လှန်ရေးအင်အားစုတာဝန်ခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား မြို့တွင်း မြို့ပြင် နေ့ညမပြတ် ဒရုန်းနဲ့စောင့်ကြည့်တာ၊လမ်းခုလတ်၊လမ်းကြားနေရာတွေမှာ အရပ်ဝတ်နဲ့ကင်းပုန်းဝပ်တာတွေလည်း ပုံမှန်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စပြီး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံး ပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့ ကြာရာပတီးနဲ့နမ့်ကျင်လမ်းဆုံမှာ စစ်တပ်က တပ်စွဲနေထိုင်ဖို့ပြင်ဆင်နေပြီး ပြည်သူတွေကို ပြောင်းရွှေ့ကြဖို့ ဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ KNG အနေနဲ့ ထပ်ပြီးစုံစမ်းနေဆဲဖြစ်သလို မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးတပ်ဖွဲ့တွေပြောဆိုချက်အရ နန့်ကျင်နဲ့ကြာရာပတီးလမ်းဆုံနေရာမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ်ကတည်းက အင်အား ၂၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားပြီးနေရာဖြစ်ပြီး ခုလိုပြည်သူတွေ ပြောင်းရွှေ့ခိုင်းတာမှန်ကန်ခဲ့မယ်ဆိုပါက စစ်တပ်အနေနဲ့ ဒီလမ်းဆုံမှာ တပ်အခိုင်မာတပ်စွဲဖို့ပြင်ဆင်တာဖြစ်နိုင်သလို KIA တပ်ရင်း ၁၁ ဘက်သွားတဲ့လမ်းကို တားဆီးပိတ်ပင်ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးတပ်တွေက သုံးသပ်နေကြပါတယ်။ ခရိုင် ၄ ခု၊ လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေတာ တစ်လကျော်ရှိလာပြီဖြစ်ပါတယ်။ By – Zami
Read More » -
19 Augustသတင်း
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။ “ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့ ၄ ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ” လို့ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်–ရွှေကူ ပြေးဆွဲတဲ့ကားတွေဟာလည်းပိတ်မိနေပြီး တိုက်ပွဲက ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိပြင်းထန်နေသေးတဲ့အတွက် လမ်းပိုင်းဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသိရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့နယ်သတင်းတွေကို တင်ပြပေးနေတဲ့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Indaw Revolution ဘက်ကတော့ အင်းတော်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးတိုက်ခိုက်မှု တွေလုပ်နေပြီး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ “ အင်းတော်ကလည်းမြို့သိမ်းတိုက်ပွဲလုပ်နေတယ်။ ဗျူဟာလမ်းကလည်း အင်းတော်မြို့ထဲကိုဖြတ်တာ ဆိုတော့ အဲ့တာကြောင့်ခဏပိတ်ထားတာနေမှာပါ။ အခုရဲစခန်းနဲ့ ဂျပန်ဆေးရုံပဲကျန်တယ်လို့သတင်းရပါ တယ်။” လို့စစ်ကိုင်းနဲ့ကချင်အစပ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအင်းတော်စစ်ရေးအခြေနေကိုပြောပြ ပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး လက်ရှိ ကောလင်း ခရိုင်ထဲက ပင်လည်ဘူး၊ ကသာခရိုင်ထဲက အင်းတော်မြို့နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့နယ်နဲ့ ပင်လည်ဘူးမြိုနယ်တို့မှာ စစ်ကောင်စီလက်အောက်ခံစစ်သားတွေအပါအဝင် ရှမ်းနီ အမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး တပ်စွဲအထိုင်ချထား တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် လမ်းပိုင်းမကြာခဏပိတ်လေ့ရှိပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလတို့မှာလည်း ကန့်ဘလူ၊ ကောလင်း ဒေသတစ်ဝှိုက်တိုက်ပွဲတွေကြောင့် လမ်းပိုက်သွားလာခွင့်ပိတ်ဆို့တာတွေရှိခဲ့ပါသေးတယ်။ By – အမိုး
Read More » -
13 Augustအင်တာဗျူး
ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။
Read More » -
2 Augustသတင်း
မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်(Tayang Zup) စစ်တပ်စခန်း ၃ နေရာခုကို KIA သိမ်းပိုက်
မြစ်ကြီးနားမြို့နယ် – ဆွမ်ပရာဘွမ့်သွားလမ်းပေါ် တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ တယန်ဇွပ်မှာ စစ်ကောင်စီတပ်က တပ်စခန်း ၃ နေရာခွဲပြီး တပ်ချထားတဲ့အတွက် တပ်စခန်း ၃ နေရာစလုံးကို အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်က ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်တယ်။ သူတို့တပ်ခွဲပြီး နေကြတဲ့ စခန်း ၃ ခုစလုံးကို သိမ်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ ဒီနေ့ မနက်ပိုင်း ၈ နာရီခန့်လောက်မှာ တပ်စခန်းတဝက်လောက်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ တယန်ဇွပ်စစ်တပ်စခန်းဟာ မြစ်ကြီးနားမြို့နယ်ထဲကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့လမ်းတစ်ကြောကို အဓိကလုံခြုံရေးရယူထားတဲ့ တပ်စခန်းတစ်ခုဖြစ့်တဲ့အတွက် စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့်ကို တက်သွားတဲ့ လမ်းကို လုံခြုံရေးယူပေးတဲ့ နေရာဖြစ်တယ်။ တယန်ဇွပ်ကနေ ရေကြောင်းနဲ့ စစ်လှေသွားတဲ့ သူတွေကို တားမြစ်ပြီး စစ်ဆေးရေးအရမ်းတင်းကြပ်တဲ့နေရာဖြစ်တယ်။ ပြီးရင် တယန်ဇွပ်ကနေ စက်လှေ တက်သွားရင် KIA တပ်မဟာ (၁) နေရာကို တက်သွားတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် အရေးပါတဲ့ နေရာဖြစ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်တွေက တယန်ဇွပ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် အထက်ဘက် ၁၀ မိုင်လောက်အကွာမှာရှိတဲ့ အင်ဆော့ပ် (Nsawp Zup) တပ်စခန်းနေရာကိုလည်း ထပ်မံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ၃ လလောက် တိုက်ပွဲငြိမ်သက်သွားတာဖြစ်ပါတယ်။ KIA တပ်တွေက ဆွမ်ပရာဘွမ့်မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ လအတွင်းမှာ ဆွမ်ပရာဘွမ့်မြို့အပါ မလိယန်နဲ့ ဒိန်ဝါရွမ်စတဲ့ တပ်စခန်းတစ်ချို့ကိုလည်း သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်ခြမ်းဘက်မှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်၊ အင်ဆောပ့် စတဲ့ စစ်တပ်စခန်းနေရာတွေမှာ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
1 Augustသတင်း
မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ
မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အဲဒီတပ်စခန်း ၂ နေရာမှာ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်တပ်စခန်းကို ဒီမနက်ကနေ သွားရောက်တိုက်ခိုက်နေတယ်ဖြစ်တယ်။ အခုချိန်အထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေသေးတာဖြစ်ပါတယ်။ စခန်းသိမ်းပိုက်နိုင်တာကမရှိသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ မြစ်ကြီးနားမြို့နယ်ထဲမှာဖြစ်ပြီး အင်ဆောပ့်နဲ့ တယန်ဇွပ်က ၁၀ မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ KIA တပ်တွေက စစ်တပ်စခန်းအကြီးရှိတဲ့ တယန်ဇွပ်တပ်စခန်းကိုသာ အဓိကတိုက်ခိုက်နေတာဖြစ်ပြီး အင်ဆောပ့်မှာက ပစ်ခတ်မှုအနည်းငယ်သာရှိနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း KIA တပ်တွေ ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲ စတင်ဖော်ဆောင်လိုက်ချိန်မှာ ဆွမ်ပရာဘွမ့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မလိယန်နဲ့ ဒိန်ဝါရွမ် စစ်တပ်စခန်းတွေကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂ လကျော်အကြာ ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ ၅ ရက်နေ့မှာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ တိုက်ပွဲငြိမ်သက်သွားတဲ့ ၂ လလောက်အကြာမှာ KIA က မြစ်ကြီးနားမြို့နယ်ဘက်ခြမ်းမှာ ကျန်ရှိနေသေးတဲ့ တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကားလမ်းတစ်ကြော စစ်ရေးအရ တယန်ဇွပ်ကနေ ဆွမ်ပရာဘွမ့်မြို့အထိ KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ တယန်ဇွပ်ကနေ မြစ်ကြီးနားမြို့နယ် တန်ဖရဲ ကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် KIA တပ်တွေက မြစ်ကြီးနားမြို့နယ်ထဲမှာ ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထပ်မံသိမ်းပိုက်ဖို့ တိုက်ပွဲဖော်ဆောင်လိုက်သလို စစ်မျက်နှာပြင်က မြစ်ကြီးနားမြို့နယ်ဘက်ကို ဦးတည်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် KIA က မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းတစ်ကြောလုံးကို ထိန်းချုပ်လိုက်ဖို့ ကြိုးစားလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ အလားတူစွာဘဲ စစ်ကောင်စီတပ်ဘက်က ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အင်တာနက်ပြတ်တောက်နေချိန် မြစ်ကြီးနားမြို့ပြင် တယန်ဇွပ်ရွာသွားတဲ့လမ်းမပေါ်ရှိတဲ့ ၁၀ မိုင်ကျေးရွာနဲ့ ဂျော်ဘွမ်ဆုတောင်းတောင် အနီးတစ်ဝိုက်မှာ တပ်စွဲနေရာယူထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ရေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်ဟာ ဇူလိုင်လ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေချိန် မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးနဲ့ ၊ဗန်းမော်မြို့အနီးတစ်ဝိုက်တိုက်ပွဲပြင်းထန်နေသလို ဩဂုတ်လ ၁ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့နယ်အထက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jul- 2024 -30 Julyသတင်း
စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang ၊ ဆရာ Sut Aung တို့ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၆ ရက်နေ့မှာ အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲကနေ သိက္ခာတော်ရ Rev. Jumzang Gyung Hkawng ၊ ဆရာ Mading Zung Kyang တို့ ၂ ဦးကို ၂၇ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ပေမယ့် ဆရာ Sut Aung ကိုတော့ ဒီနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးသိရှိတဲ့ မြစ်ကြီးနား ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့သိထားရသလောက်ဆိုရင် ဆရာဂျုံးခေါင်နဲ့ မဒိန်ဇုန်းကရန်း နှစ်ယောက်က လွတ်လာပြီ။ ဆရာဒဘန် ဆွတ်အောင်က မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။ လက်ရှိမှာ ဆရာ ၂ ဦးသာ လွတ်မြောက်လာပြီး လွတ်မြောက်ဖို့ ကျန်ရှိနေသေးတဲ့ ဆရာ ဆွတ်အောင်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတာကို မသိရသေးဘူးလို့ ဆိုပါတယ်။…
Read More »









