ယာဉ်တိုက်မှု

  • Dec- 2025 -
    4 December
    သတင်း

    မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဥ်ကတော့ မန်ဝိန်းကြီး– ဗန်းမော်၊မိုင်ဂျာယန်ဘက်သွားတဲ့ လမ်းမကြီးမှာ ဒီဇင်ဘာလ ၃ ရက် နေ့လည် ၁၂နာရီဝန်းကျင်အချိန် ကားနဲ့ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ…

    Read More »
  • Oct- 2025 -
    20 October
    သတင်း

    မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှု မကြာခဏဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်ပြေးမှုမကြာခဏ ဖြစ်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ယာဉ်တိုက်ပြေးမှုတွေဟာ များသောအားဖြင့် ညနေပိုင်းအချိန်တွေနဲ့ ညမိုးချုပ် ၁၀ နာရီ နောက်ပိုင်းအဖြစ်များတယ်လို့ သိရှိရပြီးကားတိုက်ခံရလို့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေထဲမှာတော့ အနီရောင်အဆင့်ထိ ပြင်းထန်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက…

    Read More »
  • Jul- 2025 -
    21 July
    သတင်း

    နာရေးကပြန်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ရှောင်အမျိုးသမီးတစ်ဦး နာရေးအိမ်ကနေ ပြန်လာချိန် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက် ဒီညနေပိုင်း ၄ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်…

    Read More »
  • May- 2025 -
    26 May
    သတင်း

    ကားတိုက်ဒဏ်ရာကြောင့် သားဖြစ်သူသေဆုံးပြီး ဆယ်ရက်အကြာ ဖခင်ဖြစ်သူ သေဆုံး

    မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက် ကားတိုက်ခံရမှုမှာ အဖေဖြစ်သူလည်း သေဆုံးသွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်…

    Read More »
  • 19 May
    သတင်း

    အမျိုးသားတစ်ဦး သစ်ပင်ကို ဆိုင်ကယ်ဝင်တိုက်မိပြီး ပွဲချင်း ပြီးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာရင်း သစ်ပင်ကိုဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မေလ ၁၈ ရက် ည ၈ နာရီခွဲအချိန် မြို့သစ်ရပ်ကွက် Morning Cafe ဆိုင်ရှေ့ရှိ…

    Read More »
  • Jan- 2025 -
    6 January
    သတင်း

    မြစ်ကြီးနား ယာဉ်တိုက်မှုမှာ ဆိုင်ကယ်မောင်းသူ အမျိုးသမီးတစ်ဦး သေဆုံး

    မြစ်ကြီးနားမြို့ ကားနဲ့ ဆိုင်ကယ် ယာဉ်တိုက်မှုမှာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းက KNG ကို ပြောပါတယ်။ ချီဆောင်ခြင်း လူမှုကယ်ဆယ်ရေးအသင်း ပြောကြားချက်အရ ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှာ မြို့သစ်ကြီး အေဂျီ ဘုရားကျောင်းရှေ့မှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းတဲ့…

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    မြစ်ကြီးနားမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ လူငယ်အများဆုံး ပါဝင်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာ လူငယ်အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ထဲမှာ အသက် ၂၀ ကျော် ကနေ ၃၅ နှစ်အောက်လူငယ်အရွယ်တွေ အများဆုံးဖြစ်ပြီး အရက်‌သေစာ သောက်စားမူးယစ်ကာ ယာဉ်မောင်းနှင်တာ‌ကြောင့်ဖြစ်တယ်လို့ မြစ်ကြီးနား…

    Read More »
  • May- 2024 -
    3 May
    သတင်း

    မြစ်ကြီးနား နဲ့ ဝိုင်းမော်မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွား

    မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ စုစည်းထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၅၀မှာ သေဆုံးမှုတစ်ကြိမ်ပါဝင်ပြီး ဝိုင်းမော်မြို့အခြေစိုက် မွန်မြတ်စေတာလူမှုကယ်ဆယ်ရေးအသင်းရဲ့စုစည်းထား ချက်အရ ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့တဲ့ထဲမှာ သေဆုံးမှု တစ်ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့  သင်္ကြန်ကာလဖြစ်တဲ့အတွက် ပိုပြီးအဖြစ်များလာတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဒီလကတော့ သင်္ကြန်ကာလ ၄ ရက်မှာ အများဆုံး ဖြစ်သွားတယ် လူငယ်တွေနဲ့ အဖိုးအဖွားအရွယ်တွေ ပိုပြီးမှဖြစ်သွားတာပေါ့ ဖြစ်တာက ညနေစောင်းစောင်း အချိန်တွေမှာဟုတ်တယ်”လို့ ဆိုပါတယ်။ ဒါကြောင့် ယာဉ်တိုက်မှုတွေ လျှော့နည်းလာအောင် မိဘပြည်သူတွေအနေနဲ့ ယာဉ်မောင်းနှင်တဲ့အခါ အရက်သေစာသေက်စားပြီးမောင်းတာ၊ အရှိန်မလျော့ဘဲမောင်းနှင်တာတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “အဓိကတော့ အရက်သေစာကြောင့်ပေါ့ ဖြစ်တာဆိုတော့ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ပေါ့ တချိုု့ကြပြန်တော့လည်း မူးရင်လည်း မမူးရင်လည်း အရှိန်ပြင်းပြင်းမောင်းတာပေါ့ ဒါကြောင့်မို့လို့ အရှိန်တွေလျှော့ပြီး မောင်းစေချင်ပါတယ်”လို့ သူကအကြံပြုပါတယ်။ မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ ဦးထိရှိခဲ့တာဖြစ်ပြီး မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူနှစ်ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။  By – Hope 

    Read More »
  • Apr- 2024 -
    16 April
    သတင်း

    သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု…

    Read More »
  • 9 April
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဖြစ်ကြတဲ့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၀ကြိမ်မှာ သေဆုံးသူ တစ်ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း…

    Read More »
Back to top button