ရွှေကူ

  • Feb- 2026 -
    16 February
    သတင်းphoto- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ

    ရွှေကူအရှေ့ခြမ်း ကျေးရွာတွေမှာ အခွန်လျော့ပေါ့ပေးဖို့ပြည်သူတွေတောင်းဆို

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ခြမ်းဘက်ကျေးရွာတွေမှာ  KIA/KIO အနေနဲ့ အခွန်လျော့ပေါ့ကောက်ခံပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ရွှေကူအရှေ့ဘက်ခြမ်းရှိ  စီသာ၊ စီသောင်း၊ မံဝင်း၊ မံနား၊ စီမူလေး၊ စီမူကြီး၊ နန့်လတ်နှင့် နောင်လတ်ကြီးအပါအဝင် အနီးဝန်းကျင်က ရွာပေါင်း ၁၀ ကျော်က နေအိမ်ရာနဲ့ချီမီးရှို့ဖျက်ဆီးခံလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ဒေသခံပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုယ်ထူကိုယ်ထ ရုန်းကနေရဆဲဖြစ်တာကြောင့် အခွန်လျော့ပေ့ါ့ကောက်ပေးဖို့ စီသောင်းရွာအမျိုးသားတစ်ဦး ပြောပါတယ်။ “မီးလောင်ပြာကျလို့ခုချိန်ထိမိမိနေအိမ်ဆောက်ဖို့ ရုန်းကန်နေရတဲ့ အချိန်ဖြစ်လို့ KIAအနေနဲ့ကအခွန်တွေပါ့ပေးရင်ကောင်းမယ်။ အခုအခွန်ကတော်တော်လေးကိုများနေပါတယ်”အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ လက်ရှိ ဒီကျေးရွာနေပြည်သူတွေဟာ KIA/KIO ဆီ တစ်အိမ်ထောင် ဆန်တစ်တင်း၊ဆားတပိဿနဲ့ စစ်ထောက်ပံ့ကြေးအဖြစ် လူတစ်ဦးကို ကျပ် ငါးထောင်အဖြစ် လစဥ်ထောက်ပံ့ပေးနရတယ်လိို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒေသခံပြည်သူတွေဟာ ဆုံးရှံးပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်ဆောက်လုပ်တာ၊လုပ်က်ိုင်စားသောက်ဖို့ အစပျိုးနေရတဲ့အချိန်ဖြစ်တာကြောင့် အခွန်လျော့ပေါ့ပေးစေလိုကြောင်းဒေသခံတွေကဆိုပါတယ်။ “ဘယ်လောက်အတိုင်းအတာအထိလျှော့ပေါ့ပေးပါဆိုတဲ့မျိုးတော့မရှိဘူး။ လျှော့ပေါ့ပေးလေလေပိုကောင်းလေလေပါ့အခုကအများစုကမိမိအိမ်ရာပြန်ဆောက်နေကြတုံးဆိုတော့လေ လူတစ်ဦးကိုငါးထောင်ထောက်ပံ့တဲ့ဟာက အသက် ၁၈ နှစ်အထက်ဆိုရင်လူတိုင်း ငါးထောင်ငါးထောင်ထည့်ရတယ်။ ဝန်ထမ်းတွေတော့မပါဘူးကျန်တဲ့လူတွေအကုန်ထည့်ရတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦး ကဆက်ပြောပါတယ်။ ဒီကျေးရွာနေပြည်သူတွေဟာ လတ်တလော ပြန်လည်ထူထောင်ရေးလုပ်နေဆဲကျေးရွာတွေဖြစ်တာကြောင့် နေရာထိုင်ခင်း၊စားဝတ်နေရေးကအစအများစုကခက်ခဲကြပ်သည်းနေဆဲပဲဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် စားသောက်ကုန်၊ဆေးဝါးနဲ့အခြားလိုအပ်တဲ့လူသုံးကုန်တွေအတွက်ကိုလည်း ရွှေကူမြို့တွင်းဘက်ကနေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာကြောင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ဘက်နဲ့ တရုတ်ပြည်နယ်စပ်ဘက်က ကုန်အဝင်ကိုသာအဓိက အားထားနေရတာကြောင့်ကုန်စျေးနှုန်းကြီးတဲ့ ပြဿနာတွေကိုလည်းရင်ဆိုင်နေရတဲ့အတွက်အခုလိုအခွန်တွေလျှော့ပေါ့ပေးဖို့လိုအပ်ကြောင်းဒေသခံတွေကဆိုပါတယ်။ ရွှေကူမြို့နယ်အရှေ့ဘက်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတဲ့ထဲမှာ မံဝိန်းကျေးရွာကအိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာက အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာက အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာကအိမ်ခခြေ ၄၁ လုံး၊ စီသောင်းရွာက အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာကအိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာကအိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာက အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာက အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာက အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာကအိမ်ခြေ ၃၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့ချိန်ထိ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ ရွှေကူမြို့နယ်ဟာ မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်တဲ့ကျေးရွာအားလုံး KIO အစိုးရထိန်းချုပ်မှုအောက်ရှိတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Sep- 2025 -
    19 September
    သတင်း

    KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ KIA ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၂ နေရာမှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေမှန်ကန်ကြောင်းလည်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ “သိရသလောက်က ပစ်ခတ်ခံရတာကသေချာပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စာရင်း ရတာမျိုးတော့ မရှိဘူး။ ပစ်ခတ်ခံရတာလည်း KIA တပ်မဟာ (၁၁) ၊ တပ်ရင်း (၁၂) နယ်မြေမှာထဲမှာ လို့ကြားပါတယ်။ နေရာလည်းအတိအကျလည်း သေချာမသိရသေးပါဘူး”လို့…

    Read More »
  • Aug- 2025 -
    25 August
    သတင်း

    ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ‌ ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်‌နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…

    Read More »
  • 11 August
    သတင်း

    ရွှေကူအရှေ့ဘက်ခြမ်း စစ်တပ်က ထိုးစစ်ပြင်နေလို့ စာသင် ကျောင်းတစ်ချို့ပိတ်ထားရ

    ကချင်ပြည််နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ထိုးဖို့ပြင်နေတဲ့အတွက် စာသင်ကျောင်းတစ်ချို့ ခနပိတ်ထားရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မြို့တွင်းအထိုင်တပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ စစ်သင်္ဘောကနေ ပို့ဆောင်ထားတဲ့ စစ်သားအင်အားနဲ့လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာဘက် စစ်ကြောင်းထိုးဖို့ပြင်ဆင်တာ၊ မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ…

    Read More »
  • 1 August
    သတင်း

    စစ်သင်္ဘောအားလုံး ဗန်း‌မော်ဘက်ကို ဆက်လက်ဆန်တက်နေပြီး မြစ်ကျဥ်းတဝိုက် တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက်စစ်ရေးအခြေနေစောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း အမျိုးမျိုးသောရဟတ်ယာဥ်တွေနဲ့မြစ်ကမ်းဘေးတစ်လျှောက်ကိုပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်းခုခံနေတဲ့အတွက် နှစ်ဖက်တပ်အကြားအပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“စစ်သင်္ဘောတွေကဒီမနက်အားလုံးတက်ကြတယ်တဲ့။အဲ့မှာမြစ်ကျဥ်းတစ်ဝှိုက်ပစ်ကြခတ်ကြတော့…

    Read More »
  • Jul- 2025 -
    17 July
    သတင်း

    ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ

    ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊စီသောင်၊ မံဝင်း၊ စင်းဖုတ်၊မံခါး၊စီမူလေး၊စီမူကြီး ရွာတွေအပါအဝင် ရွာပေါင်းလေးဆယ်ကျော်မှာ ဒေသခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့် သင်ကြားရေးဆရာ/မ မလုံလောက်တဲ့အခက်အခဲရင်ဆိုင်နေရတယ်လို့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရွာတိုင်းလိုလိုမှာတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းဖွင့်ထားပေးတယ်။ ဒါပေမယ့်သင်ကြားရေးပိုင်း အားနည်းနေတယ်ဆရာ/ဆရာမ မလုံလောက်ဘူး တစ်ကျောင်းကိုဆရာမ လေးငါးယောက်ထဲနဲ့သွားနေရတဲ့ကျောင်းတွေရှိတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”လို့ သူကပြောပါတယ်။ ဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်မှာ KG တန်းကနေ Grade 12 အထိဖွင့်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေကများပြီး ဆရာ/မ တွေအင်အားနဲ့မမျှတဲ့အတွက် အချိန်ခွဲ ပြီးသင်ကြားရတယ်လို့သိရပါတယ်။ “ဆရာ/မ တွေမလောက်တော့ တစ်ချို့ကျောင်းတွေဆိုရင် အငယ်တန်းတွေကိုမနက်ပိုင်းသင်ပြီး အကြီးတန်းတွေကို ညပိုင်းမှ သင်ရတဲ့ပုံစံမျိုးနဲ့သွားတာရှိတယ်။ အဓိက Grade 12 အထိဖွင့်ထားတော့ Grade 12 တွေအတွက်ဆရာ/မ တွေအရမ်းလိုအပ်နေတာမလောက်ဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကျေးရွာရဲ့ထောက်ပံ့မှုနဲ့ခေါ်ယူထားတဲ့ဆရာ/မ ၊ စေတနာ့ဝန်ထမ်းဆရာ/မ တွေအပါ စုစုပေါင်း သင်ကြားရေးဆရာ/မ ၂၀၀ ဝန်းကျင်ခန့်နဲ့လည်ပတ်နေပြီး ကျောင်းအားလုံးမှာ ဆရာ/မ မလုံလောက်ဘူးလို့သိရပါတယ်။ အထက်ဖော်ပြပါစာသင်ကျောင်းတွေမှာ သင်ကြားရေးဆရာ/မ တွေမလုံလောက်တဲ့အပြင် ပုံနှိပ်စာအုပ်တွေလည်းအခက်အခဲဖြစ်နေပြီး တစ်ချို့ကျောင်းသား/သူတွေ ပုံနှိပ်စာအုပ်မရှိပဲ ကျောင်းတက်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ စီသောင်းကျောင်းနေတစ်ခြားအမျိုးသားတစ်ဦးကပြောပါတယ်။ “ဒုတိယအခက်အခဲကတော့ပုံနှိပ်စာအုပ်ပါ့ တချို့ကလေးတွေပုံနှိပ်စာအုပ်မရှိကြဘူး ဟိုလူ့ဆီကကူးချဒီလူ့ဆီကကူးချနဲ့ကျောင်းတက်နေရတာ။ ပုံနှိပ်က အသစ်ရှိကိုမရှိဘူးဗျ အဟောင်းပဲလက်ဆင့်ကမ်းသုံးနေကျတာ”…

    Read More »
  • Jun- 2025 -
    4 June
    သတင်း

    ရွှေကူ-ဗန်းမော်မြို့နယ်များတွင် ပြည်သူ့ပညာရေးကျောင်းတချို့ လွတ်လပ်စွာသင်ကြားခွင့် KIO သို့ တောင်းဆို

    ရွှေကူမြို့နယ် နဲ့ ဗန်းမော်မြို့နယ်တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်နေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေ အနေနဲ့ လက်ရှိကာလမှာ လွတ်လပ်စွာ ပညာသင်ကြားပေးနိုင်ခွင့်ကို လိုလားတယ်လို့ သက်ဆိုင်ရာ ပညာရေး ဝန်ထမ်းတွေက KIO အစိုးရကို တောင်းဆိုထားပါတယ်။ လက်ရှိ…

    Read More »
  • May- 2025 -
    21 May
    သတင်း

    ရွှေကူမှာအရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် လေယာဉ်နဲ့ တင့်ကားများ ပျက်စီး

    ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်ပြီးနောက် ရွှေကူမြို့ထဲကို အရေးပေါ် ဆင်းတက်သွားတဲ့ ရဟတ်ယာဉ်တစ်စင်းကို KIA ပူးပေါင်းတပ်တွေ ယနေ့ ထပ်မံသွားရောက်ပစ်ခတ်ရာ လေယာဉ် တစ်စစီ ပျက်စီးသွားပြီလို့ သိရပါတယ်။ မေလ ၂၀ ရက်နေ့ ဗန်းမော်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ရဟတ်ယာဉ် နှစ်စင်း ပစ်ခတ်လိုက်ရာကနေ တစ်စီးက ပျက်လို့ နီးပါးထိမှန်ပြီး…

    Read More »
  • Feb- 2025 -
    24 February
    သတင်း

    ရွှေကူ နဲ့ မံစီမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ ရွှေကူမြို့နယ် နဲ့ မံစီမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲခဲ့တယ်လို့ သိရပါတယ်။ ရွှေကူမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ သင်္ဘောအင်း ကျေးရွာ၊ ငဘတ်ဝရွာ၊ ကျွန်းတော်ရွာရှိ ကျွန်းတော်သောင်ဦးဆိပ်နဲ့ မြူရပ်သစ်ဆိပ် စတဲ့ လေးနေရာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည်…

    Read More »
  • Sep- 2024 -
    17 September
    သတင်း

    ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောအထက်ဘက်ကိုဆန်တက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ၅ စီးဟာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်း ဧရာဝတီမြစ်အထက်ဘက် ဗန်းမော်မြို့နယ်ကိုဦးတည်ဆန်တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဇင်းဘုံရွာအဝင်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ KNG ကိုပြောပါတယ်။ “ဒီမနက် ရွှေကူကနေတက်လာတဲ့စစ်သင်္ဘော ၅ စီး ရွှေကူအထက်ဘက်မှာ ကျနော်တို့ KIA နဲ့ PDF တွေ ပစ်ခတ်တာ ၉ နာရီ နဲ့ ၁၀ နာရီကြားလောက်မှာ။ သင်္ဘော ၂ စီးပျက်သွားပြီးတော့ ရွှေကူကိုအားလုံး ပြန်ဆုတ်သွားတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ဒါ့အပြင် စစ်သင်္ဘောစထွက်ခွာတဲ့ မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်တာတွေလုပ်ခဲ့သလို မြေပြင်စစ်ကြောင်းတစ်ခုက ရွှေကူမြို့တွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကြောင်းဟာ အင်အား ၅၀ ကျော်ရှိပြီး ရွှေကူ မြို့အထွက်ဆိုင်းဘုတ်အနီးရောက်ရှိနေပြီလို့သိရပါတယ်။ “၈ နာရီလောက်ကစထွက်တယ်။ ကုန်းကြောင်းကလည်း ရွှေကူမြို့အထွက်ဆိုင်းဘုတ်နားမှာ ဘာလုပ်မလို့ လဲမသိဘူး။ ထိုးကူဖို့ပြင်တာပေါ့လေ။ လေကြောင်းကလည်းတောက်လျှောက်ပစ်နေတာ။ သင်္ဘောကလည်း တောက်လျှောက်ပဲပစ်တာ”လို့ ရွှေကူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ဦးထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
Back to top button