ရွှေကူ

  • Dec- 2023 -
    12 December
    သတင်း

    ရွှေကူနယ်အရှေ့ခြမ်းက မီးဘေးသင့်ပြည်သူများ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးစတင်

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေမီးလောင်ပျက်ဆီးခဲ့ရတဲ့ကျေးရွာနေပြည်သူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးတွေစတင်လုပ်ဆောင်ပြီလို့ ဒေသခံတွေကပြောပါတယ်။ ရွှေကူနယ်က စီသာ၊စီသောင်၊မံဝင်း၊ စီမူလေး၊စီမူကြီး၊နန့်လန်ကျေးရွာတွေနဲ့ ကျေးရွာပေါင်း ၁၂ ရွာက ပြည်သူတွေဟာ မီးဘေးသင့်ခဲ့ပြီး ၉ လ ကျော်ကြာ တောတောင်တွေထဲတိမ်းရှောင်ခဲ့ရာကနေ လက်ရှိနေရပ်ပြန်ပြီးပြန်လည်ထူ…

    Read More »
  • 1 December
    သတင်း

    ရွှေကူနယ်က စစ်တပ်ရဲ့ အထိုင်တပ်စခန်းတစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှနယ် ရွှေငြိမ်းချမ်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်း တစ်ခုကို ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှကာကွယ်ရေးတပ် ဘက်က KNG ကိုအတည်ပြုပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ဒီကနေ့မနက်ပိုင်း…

    Read More »
  • Nov- 2023 -
    21 November
    သတင်း

    ရွှေကူမြို့ ရဲစခန်းနဲ့နီးတဲ့ ရပ်ကွက်တစ်ချို့က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်နေ ပြည်သူတစ်ချို့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ညကစပြီး ရွှေကူမြို့မရဲစခန်းနဲ့ ရေဝန်းဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ထဲရက်ကွပ်တစ်ချို့နဲ့ကျေးရွာဘက်တွေကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိလာတဲ့အတွက် ရဲစခန်းနဲ့နီးတဲ့ ရွှေကူမြို့အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်အပါအဝင် ရပ်ကွပ်တစ်ချို့ကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးနေတာတော့ ၁၆ ရက်နေ့ညပိုင်းကတည်းကပဲ ဒီကနေ့ထိလည်းတိမ်းရှောင်နေကြတုန်း ရွှေကူမြစ်ဟိုဘက်ကမ်းကရွာတွေမှာကော ဒီဘက်ကမ်းကရွာတွေမှာကော ပြေးနေကြပြီ။ မြို့ပေါ်မှာ အခုလူတွေမရှိသလောက်ကုန်ဖြစ်ကုန်ပြီ။ အဓိကတော့…

    Read More »
  • 17 November
    သတင်း

    ရွှေကူနယ်တောင်သူများ လယ်စပါးအထွက်နှုန်း ၁၀ ဆ ခန့်ကျဆင်း

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကျေးရွာမှာ မိုးစပါးစိုက်ထားတဲ့ တောင်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်မိုးစပါးအထွက်နှုန်း အရင်နှစ်တွေထက် ၁၀ ဆခန့် ကျဆင်းသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို မိုးစပါးအထွက်နှုန်းကျဆင်းသွားတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ သြဂုတ်လပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာတွေဆက်တိုက်ရှိနေခဲ့တာကြောင့် စိုက်ပျိုးထားတဲ့စပါးခင်းမှာ ပေါင်းမသတ်နိုင်တဲ့အပြင်၊ စပါင်းခင်းအတွက် လိုအပ်တဲ့မြေဩဇာဖြန်းပေးတာတွေ လုပ်ဆောင်နိုင်တာမရှိတဲ့အတွက် စပါးအထွက်နူန်းကျဆင်းသွားတာဖြစ်တယ်လို့  စီသောင်းကျေးရွာလယ်သမား တစ်ဦးက အခုလိုပြောပြလာပါတယ်။ “စပါးတွေကရှူံးတာပေါ့ ဒီနှစ်ကကျတော့ စစ်ပြေးနေရတဲ့အခါကျတော့ ပေါင်းသတ်ရတဲ့အချိန်မှာ ပေါင်းမသတ်ရ ရေသွင်းရမယ့်အချိန်မှာရေကမသွင်းရ မိုးကလည်းခေါင်ပြန်…

    Read More »
  • 8 November
    သတင်း

    ကသာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင် စုန်ဆင်းလာတဲ့ သံခွန်မော်တော်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ကစစ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေကူမြို့နယ်…

    Read More »
  • 1 November
    သတင်း

    ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊KPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIAနှင့်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက်အင်အားသုံးပြီးစစ်ရေးလှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ်…

    Read More »
  • Oct- 2023 -
    23 October
    သတင်းShwe Gu

    ရွှေကူမြို့အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် ၂နေရာမှာ  စစ်ကောင်စီတပ်က ဝါးတာဂိတ်တွေပြုလုပ်ပြီး လမ်းသွားလမ်းလာဒေသခံတွေ နဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထက်ဘက် ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ အထက်လေးလမ်းဆုံမြို့ဝင်ရောက်တစ်နေရာနဲ့ ရွှေကူမြို့အောက်ဘက် မန္တလေးဘက်ခြမ်းက အောက်လေးလမ်းဆုံး မြို့အထွက်ပေါက် ၂နေရာမှာ လွန်ခဲ့တဲ့အပတ် သောကြာနေ့ကတည်းက  အစစ်အဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ရွှေကူမြို့ခံ…

    Read More »
  • 19 October
    သတင်း

    ရွှေကူ စစ်ကောင်စီတပ် ဆက်သွယ်ရေးကုန်းအထိုင်စခန်း အလစ်ငိုက်တိုက်ခိုက်ခံရလို့ အထိနာခဲ့

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေ၊ ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာ ခမရ ၆၀၂ အထိုင်တပ်စခန်းကို KIA ၊ PDF တပ်ဖွဲ့တွေ အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိနာခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့အပြင် တပ်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အဲဒီဆက်သွယ်ရေးအထိုင်ဂိတ်စခန်းဟာ ရွှေကူမြို့ ငဘတ်ကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းအရှေ့ဘက်မှာ တည်ရှိပြီး ရွှေကူအခြေစိုက်…

    Read More »
  • 18 October
    သတင်း

    ရွှေကူ ငဘတ်ကြီး စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ ၆၀၂ တပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။ ရွှေကူမြို့နဲ့ တစ်မိုင်ကျော်လောက် အကွာမှာရှိတဲ့ (ဒေသအခေါ်) ငဘတ်ကြီး စစ်တပ်ကုန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ…

    Read More »
  • 13 October
    သတင်း

    စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင့် ရွှေကူ ရွာပေါင်း ၆ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာ တွေထဲမနေရဲပဲ ရွာပေါင်း ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ  ၂၂ ရက်ကစပြီး စစ်ကောင်စီစစ်သင်္ဘောတွေ ဗန်းမော်ကနေ မန္တလေး ကိုစုန်သွားတဲ့နောက်ပိုင်းကနေစပြီး ရွှေကူမြို့တွင်းတပ်ကစစ်သားတွေနဲ့ ရွှေကူမြို့အထက်ဘက် စင်းခန်းနဲ့ မီးသွေးချောင်းဘက်မှာ တပ်စွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွှေကူမြို့ တစ်ဖက်ကမ်းမှာရှိတဲ့…

    Read More »
Back to top button