ရွှေမှော်ဒေသ
-
Jan- 2026 -29 Januaryသတင်း
တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။ ဒါကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ရှုံးတယ်၊ မုန်ညှင်းတွေဆိုလည်း ၅,၀၀၀ ဖိုးဆိုရင် အများကြီးရတယ်။ မနှစ်တုန်းကတော့ မုန်ညှင်းတစ်စီးကို ၁,၀၀၀ ကနေ ၁,၅၀၀ ဟုတ်တယ်။ အခုတော့ ၅၀၀ နှုန်းဖြစ်လာတာပေါ့။မှော်တွေပိတ်တော့ အခင်းလုပ်တဲ့သူတွေလည်း အရှုံးပေါ်တယ်လို့ ပြောတယ်။ မုန်လာပန်းတွေလည်း ၅,၀၀၀ ဆို ၄ ပွင့်အထိရတယ်။ အများကြီးရတယ်လို့ ပြောလို့ရတယ်။ မနှစ်တုန်းကဆို ကုန်စိမ်းသည်တွေ စျေးရတယ်လေ”လို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မှော်မပိတ်ခင်က မုန်လာပန်းတစ်ပွင့်ကို ၅,၀၀၀ ဝန်းကျင်ရခဲ့ပေမယ့် လက်ရှိမှော်တွေအားလုံးပိတ်ုလိုက်တဲ့အတွက် ဟင်းသီး၊ဟင်းရွက်ရောင်းဖို့အလွန်ခက်ခဲသွားပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်ကျော်ကတည်းက အဲဒီမှော်ဒေသတွေမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားလာတဲ့နောက် ပြည်သူ့စစ်နဲ့စစ်တပ်တွေဟာ မှော်တွေထဲက ပြည်သူအားလုံး ထွက်လာကြဖို့ အမိန့်ပေးထားတဲ့အပြင် မှော်တွေအားလုံးကိုပိတ်လိုက်တယ်လို့သိရပါတယ်။ ဒါ့အပြင် မှော်လုပ်ကွက်တွေတစ်ဝိုက်ကိုလည်း မိုင်းတွေထောင်ထားတယ်လို့ပြောဆိုထားတာကြောင့် မှော်ဒေသတွင်းနေထိုင်တဲ့ပြည်သူတွေဟာ တနိုင်းမြို့ပေါ်လာရောက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ဒါကြောင့် လက်ရှိ တနိုင်းမြို့ထဲမှာ အခန်းခတွေလည်း စျေးအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒ့ါအပြင် လက်ရှိ မှော်တွေပိတ်သွားတာကြောင့် မှော်တွေဘက်ကိုတင်ပို့ဖို့ မြစ်ကြီးနားဘက်ကနေ တနိုင်းကို သယ်လာတဲ့ကုန်စိမ်းတွေလည်း ပျက်စီးပုပ်သိုးကုန်ပြီး စျေးသည်တွေ အရှုံးပေါ်တာတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။ ခုလို စစ်ရေးအခြေနေကြောင့် တနိုင်းမြို့တွင်း အလုပ်လက်မဲ့လူတွေ ပေါများလာပြီး သူခိုးတွေ၊ မူးယစ်သောင်းကျန်းမှုတွေ ပိုမိုဆိုးရွားလာတာမျိုးတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “မှော်တွေပိတ်လိုက်တော့ တနိုင်းမြို့ထဲကို လာရောက်စုပြုံစစ်ရှောင်ကြတော့ အခန်းခတွေ စျေးတက်လာတယ်။ မှော်တွေဘက်ကိုပို့ဖို့ ယူထားတဲ့ ကုန်စိမ်းတွေလည်း ပျက်စီးကုန်တယ်။ ဒီနှစ်က တနိုင်းမှာလည်း မိုးမကောင်းလို့ အခင်းလုပ်တဲ့သူတွေလည်း နဂိုကတည်းက အရှုံးပေါ်နေတာ ဟုတ်တယ်။ မှော်ပိတ်လိုက်ပြီဆိုတော့ အလုပ်အကိုင်မရှိတဲ့သူတွေ တော်တော်များလာပြီး ခိုးမှုတွေများလာတယ်။ မူးယစ်ဆေးသမားတွေ များလာတာတွေရှိတယ်။ စျေးသည်တွေကတော့ မှော်တွေမဖွင့်တော့ အရင်လို စျေးမရောင်းကောင်းတော့ဘူးပေါ့။”လို့ တနိုင်းဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောဆိုပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် – KIA ထိန်းချုပ်ထားတဲ့ လမုန်ချောင်းရွှေမှော်၊ ဝိုင်လောမှော်တွေကို စစ်တပ်နဲ့ ပူးပေါင်းတပ်တွေဖြစ်တဲ့ မင်းဇေသန့်ပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် SNA တွေက ပြန်လည်ရယူလိုတာကြောင့် ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ တနိုင်းဒေသဟာ မှော်တွေကို အဓိကမှီခိုပြီး ကုန်စည်စီးဆင်းဖလှယ်ကာ စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေများတာကြောင့် အခုလို မှော်တွေပိတ်လိုက်တဲ့အတွက် ကြပ်တည်းမှုတွေနဲ့ ကြုံလာရတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
16 Januaryသတင်း
ပယင်းမှော်ရှိ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ စစ်တပ်က ဆေးသမားတွေကို ငွေပေးပြီးစေခိုင်းနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခ(Lapu Hka) အနီး ဝိုင်လော(Wailaw) မှော်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မှော်ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ယူနိုင်ဖို့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဆေးသမားတွေကို ငွေပေးပြီး စေခိုင်းနေတယ်လို့ သိရပါတယ်။ “ကျနော့ကျင်းသားတစ်ယောက်ကိုတောင်ခေါ်နေတာတဲ့ တစ်ရက်ကို…
Read More » -
Oct- 2024 -14 Octoberသတင်း
လန်ဆယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီးဆေးဝါးအခက်ခဲကြုံနေ
ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ လန်ဆယ်ကနေ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ လန်ဆယ်ကျေးရွာဟာ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေတနိုင်တစ်ပိုင်ကျောက်ရွှေတူးတာရှိသလို မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ တရုတ်လုပ်ငန်းရှင်တွေရဲ့လုပ်ကွက်တွေမှာ ကျောက်ရွှေတူးဖော်ကြတဲ့နေရာဖြစ်ပါတယ်။ လတ်တလော…
Read More »


