စံပြ ပြည်သူ့စစ် စခန်းကို KIA သွားရောက်တိုက်ခိုက် ဖျက်ဆီး

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ စံပြ ပြည်သူ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “စခန်းသိမ်းနိုင်တယ် ဆိုတာက မကြားဘူး။ ဒါပေမယ့် KIA က လာတိုက်တာတော့ ဟုတ်တယ်။ မနက် ၃ နာရီကနေ ၅ နာရီလောက်အထိက အပြန်အလှန်ပစ်ကြတယ်။ ပြည်သူ့စစ်အဖွဲ့တွေက ၇နာရီလောက်အထိ ပစ်နေကြတယ်။ အခုချိန်အထိတော့ သူတို့ ၂ ဖက်စလုံးရဲ့