ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့် MNDAA ဘက်က တပ်သားသစ်စုဆောင်းနေသည့်အတွက် ဒေသခံအချို့ထွက်ပြေး‌ နေရ

ရှမ်းပြည်နယ်မြာက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်း ကိုးကန့် MNDAA တပ်မှ တပ်သားသစ်စုဆောင်း‌နေသည့်အတွက် ဒေသခံအချို့ထွက်ပြေးတိမ်း‌ရှောင်‌နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ "တရုတ်အိမ်တွေမိသားစု ၂၀ကျော် ကိုးကန့်က စစ်သားခေါ်လို့ ဘယ်ဘက်ထွက်ပြေးသွားမှန်းတော့ မသိဘူး ကွတ်ခိုင် လွယ်ဆမ်ဆစ်အနောက်ဘက်က ရွာလေ"လို့ ဒေသခံတစ်ဦးကပြောသည်။ ယင်းနေရာများသည် KIA တပ်မဟာ ၄ ၏ ထိန်းချုပ်နေရာဖြစ်ပြီး ကိုးကန့် MNDAA,TNLA,မြောက်ပိုင်းညီနောင် အဖွဲ့၊ PDF နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည်။