လက်နက်ကြီးကျည်ထိ

  • Jul- 2023 -
    12 July
    သတင်းဓာတ်ပုံ-ကလေးမြို့ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ် လက်နက်ကြီးကျတာကြောင့် ပျက်ဆီးခဲ့ရပုံ

    ကလေးမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့တမင်ပဲပစ်တာပဲလားတော့မသိဘူး တောင်ဖီလာရပ်ကွက်က အိမ်တစ်လုံးပေါ်ကိုလက်နက်ကြီးကျ တယ် လူပျိုကြီးနဲ့အပျိုကြီးမောင်နှမ နှစ်ယောက်အတူနေကြတာအမဖြစ်သူကတော့လည်ပင်းထိပြီး ချက်ချင်းသေသွားတယ် မောင်ကတော့ ရင်ဘက်ကိုမှန်ပြီးဆေးကုသခဲ့ရတယ် သက်သာနေပါပြီ” လို့ ပြောပါတယ်။ ကြို့သုံးပင်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကတော့လူထိခိုက်ဒဏ်ရာရသေဆုံးတာတွေမရှိပေမဲ့ နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကလေးမြို့နဲ့ထိစပ်နေတဲ့…

    Read More »
Back to top button