လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကလေးမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“သူတို့တမင်ပဲပစ်တာပဲလားတော့မသိဘူး တောင်ဖီလာရပ်ကွက်က အိမ်တစ်လုံးပေါ်ကိုလက်နက်ကြီးကျ တယ် လူပျိုကြီးနဲ့အပျိုကြီးမောင်နှမ နှစ်ယောက်အတူနေကြတာအမဖြစ်သူကတော့လည်ပင်းထိပြီး ချက်ချင်းသေသွားတယ် မောင်ကတော့ ရင်ဘက်ကိုမှန်ပြီးဆေးကုသခဲ့ရတယ် သက်သာနေပါပြီ” လို့ ပြောပါတယ်။

ကြို့သုံးပင်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကတော့လူထိခိုက်ဒဏ်ရာရသေဆုံးတာတွေမရှိပေမဲ့ နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

ကလေးမြို့နဲ့ထိစပ်နေတဲ့ ချင်းပြည်နယ် တီးတိန်မြို့ သိုင်းငင်ရွာတိုက်ပွဲကို ကလေးမြို့ပေါ်ကခလရ ၂၂၈နဲ့ အမြောက်တပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ကူပေးနေရာမှကလေးမြို့ပေါ်ကရပ်ကွက်တွေ အပေါ်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။

“ကလေးမြို့မှာတော့ ရန်သူဘက်ကလည်းစစ်ကြောင်းထိုးတာမရှိဘူး ငြိမ်နေတယ်အခုဖြစ်စဥ်ကတော့ ချင်းပြည်နယ်ဘက်မှာထိတွေ့မူဖြစ်နေတဲ့နေရာကိုဒီကနေလက်နက် ကြီးပစ်ကူနေတာ အဲ့ဘက်ခြမ်းကို လက်နက်ကြီးပစ်ကူရင်း မြို့ပေါ်ကိုကျတာလို့သိရတယ်” လို့ပြောပါတယ်။

 ဓာတ်ပုံ-ကလေးမြို့ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ် လက်နက်ကြီးကျတာကြောင့် ပျက်ဆီးခဲ့ရပုံ
ဓာတ်ပုံ-ကလေးမြို့ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ် လက်နက်ကြီးကျတာကြောင့် ပျက်ဆီးခဲ့ရပုံ

ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မူတွေကြောင့် ကလေး မြို့နယ်တောင်ပိုင်းမှာ ကလေးငယ် ၂ဦးအပါအဝင် အရပ်သားပြည်သူ ၆ဦးအထိသေဆုံးခဲ့ရပြီး ဒေသခံ ၃၀နီးပါးဒဏ်ရာရရှိခဲ့ရပါသေးတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ဇွန်၂၆ရက်နေ့က မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)က ထုတ်ပြန်ခဲ့ပါတယ်။

Show More

Related Articles

Back to top button