KIO နယ်မြေရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ကူညီမှုများ လိုအပ်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် အမျိုးသမီးဦးရေများပြားလာသောကြောင့် လစဉ်သုံး (pad) ထုတ်ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ လက်ရှိ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာလည်း အမျိုးသမီးလစဉ်သုံးထောက်ပံ့မှု နည်းပါးနေသောကြောင့် အပြင်ဈေးဆိုင်များတွင် ဈေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရသည်ဟု ဖွန်လွမ်ယန် စစ်ရှောင်စခန်း မှ အမျိုးသမီးများ ပြောသည်။ “အခုက ကျမတို့ကို ထောက်ပံ့တာတွေ မရှိသလောက်ဖြစ်သွားပြီ။ မနှစ်ကနေ နိုင်ငံရေးမကောင်းတော့ အဲ(pad) က မပေးတာကြာပြီ။ ကုန်ဈေးနှုန်းကလည်းတတ် အရင်ကဆို Pad