လန်ဟီဆင်

  • Dec- 2025 -
    16 December
    သတင်း

    လန်ဟီဆင်ဘက်စစ်ကြောင်းထိုးနေတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်စိတ်လိုက်အဆုံးစီရင်သွားတယ်လို့ သတင်းထွက်ပေါ်

    ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစ်စိပ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်ထဲက  KIAနဲ့ KPDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လန်ဟီဆင်စခန်းကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းဖြစ်ပြီး လမ်းခုလတ်မှာတင်အဆုံးစီရင်မှုဖြစ်သွားခဲ့တယ်လို့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖြစ်စဥ်အမှန်ကိုတော့ ဘယ်သူမှအတိအကျတော့မသိသေးဘူး။ ဒါပေမယ့်တာဝန်ရှိသူတွေကတော့စုံစမ်းစစ်ဆေးမှုအရ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာလို့ပဲ ကောက်ချက်ချလိုက်တာပေါ့ ဒီကနေထွက်သွားတဲ့ တပ်စိပ်တစ်ခုလုံးက တစ်နေရာထဲမှာစုပုံပြီးသေဆုံးသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ တပ်စိပ်လိုက်အဆုံးစီရင်သွားတယ်လို့ယူဆရတဲ့ စစ်ကြောင်းဟာ စစ်အင်အား ၃၀ ခန့်ရှိပြီး လန်ဟီဆင်တောင်ကုန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက တောင်ကြားတစ်နေရာမှာ ရှေ့တန်းထွက်နေတာ တစ်လကျောက်ကြာမြင့်လာတဲ့နောက် ဒီဇင်ဘာလဆန်းပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အေလောင်းပုံကို မြင်တွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က ရှေ့တန်းထွက်သွားတာနည်းနည်းတော့ကြာပြီတဲ့တစ်လကျော်ပြီ ဘာအဆက်အသွယ်မှမရ၊ ပြန်လည်းမခေါက်လာတော့ အနောက်ကနေစစ်ကြောင်းတစ်ကြောင်းကသူတို့သွားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားတဲ့အချိန်မှာ တောင်ကြားမှာ အလောင်တွေတွေ့တာပဲ”လို့ အထက်ဖော်ပြပါ ခေါင်လန်ဖူးမြို့ခံအမျိုးသားကဆက်ပြောပါတယ်။…

    Read More »
Back to top button